မကွေးတိုင်းလွှတ်တော်၌ အတည်ပြုရန် ပြင်ဆင်နေသည့် မြေယာခွန်ဥပဒေတွင် အခွန်နှုန်းထား အဆ(၂၀၀)တိုးမြှင့်ထား
မကွေးတိုင်းလွှတ်တော်၌ အတည်ပြုရန် ပြင်ဆင်နေသည့် မြေယာခွန်ဥပဒေတွင် အခွန်နှုန်းထား အဆ(၂၀၀)တိုးမြှင့်ထား
ဇှနျ 28, 2019
By Tachileik News Agency
မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုနိုင်ရန်ပြင်ဆင်နေသည့် မြေယာခွန်ဥပဒေမူကြမ်းတွင် ယခင်ကမြေယာခွန်နှုန်းထားထက် အဆ (၂၀၀)တိုးမြှင့်လိုက်သော်လည်း ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ပမာဏမဟုတ်ကြောင်း မကွေးတိုင်းဒေသကြီး ဥပဒေပြုရေးဆိုင်ရာကော်မတီထံမှ သိရသည်။
ယခင်က သီးနှံတစ်ဧကအတွက် မြေယာခွန်မှာ အနိမ့်ဆုံး (၂၅) ပြားမှ အမြင့်ဆုံး (၅)ကျပ်အထိသာရှိခဲ့ရာ အခွန်ကောက်ရန်တာဝန်ရှိသူများက တောင်သူများထံမှ မကောက်တော့ဘဲ အဆိုပါငွေပမာဏကို အိတ်စိုက်ပေးဆောင်နေကြရာ တောင်သူများထံ မြေခွန်ပြေစာရောက်ရှိခြင်းမရှိတော့သဖြင့် နစ်နာမှုများနှင့် ကြုံနေရသဖြင့် နှုန်းထားများပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မွန်၊ ကရင်၊ ကချင်နှင့် ကယား ပြည်နယ်များတွင် မြေယာ ခွန်ဥပဒေများ ရေးဆွဲပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး လွှတ် တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေ(မူကြမ်း)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ပြည်သူလူထုကြားနာပွဲ)များကို မကွေး၊ ပခုက္ကူနှင့် အောင်လံမြို့များတွင် ဇွန်လ အတွင်း လုပ်ဆောင်၍ ဥပဒေမူကြမ်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေမူကြမ်းကို ၂၀၁၉ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင်ကျင်းပမည့် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃) ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုနိုင်ရန် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုနိုင်ရန်ပြင်ဆင်နေသည့် မြေယာခွန်ဥပဒေမူကြမ်းတွင် ယခင်ကမြေယာခွန်နှုန်းထားထက် အဆ (၂၀၀)တိုးမြှင့်လိုက်သော်လည်း ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ပမာဏမဟုတ်ကြောင်း မကွေးတိုင်းဒေသကြီး ဥပဒပြေုရေးဆိုင်ရာကော်မတီထံမှ သိရသည်။
“ကျွန်တော်တို့ ပြောင်းမယ့်နှုန်းထားက လက်ရှိနှုန်းထားရဲ့ အဆ (၂၀၀) ပါ။ အရင်က ကောက်ခဲ့တဲ့အနိမ့်ဆုံး နှုန်းထားက (၂၅) ပြား၊ ဒါကြောင့် အခုအနိမ့်ဆုံးနှုန်းထားက အဆ (၂၀၀) ဆိုတော့ (၅၀) ကျပ် ဖြစ်သွားမှာပေါ့။ အရင်အမြင့်ဆုံးနှုန်းထားက (၅) ကျပ်၊ ဒါကြောင့် အခု အမြင့်ဆုံးနှုန်းထားက သူ့ရဲ့အဆ (၂၀၀)ဆိုတော့ ကျပ် (၁၀၀၀) လောက်ပဲ ဖြစ်သွားတာဆိုတော့ ခေတ်ကာလအရ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာမဟုတ်ပါဘူး”ဟု ဥပဒပြေုရေးဆိုင်ရာကော်မတီဥက္ကဌ၊မကွေးတိုင်းလွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခင်က သီးနှံတစ်ဧကအတွက် မြေယာခွန်မှာ အနိမ့်ဆုံး (၂၅) ပြားမှ အမြင့်ဆုံး (၅)ကျပ်အထိသာရှိခဲ့ရာ အခွန်ကောက်ရန်တာဝန်ရှိသူများက တောင်သူများထံမှ မကောက်တော့ဘဲ အဆိုပါငွေပမာဏကို အိတ်စိုက်ပေးဆောင်နကြေရာ တောင်သူများထံ မြေခွန်ပြေစာရောက်ရှိခြင်းမရှိတော့သဖြင့် နစ်နာမှုများနှင့် ကြုံနေရသဖြင့် နှုန်းထားများပြင်ဆင်နခြေင်းဖြစ်ကြောင်း သိရသည်။
“တောင်သူတွေလက်ထဲ မြေခွန်ပြေစာမရောက်တော့တာကြောင့် ယာမြပြေဿနာနဲ့ကြုံတွေ့ကြရတဲ့အခါ မြေခွန်ပြေစာ ပြသနိုင်ခြင်း မရှိတော့တဲ့အဖြစ်မျိုးတွေနဲ့ ကြုံတွေ့နကြေရတယ်။ နောက်တစ်ချက်က ဒီမြေယာ ဥပဒေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက မြေယာခွန်ဥပဒေတွေ ရေးဆွဲဖို့ဆိုပြီး ညွှန်ကြားလာတာကြောင့်ပါ”ဟု တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းက ပြောသည်။
ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် မွန်ပြည်နယ်လွှတ်တော်က မြေယာခွန်ဥပဒေမူကြမ်းအား စတင်ပြဌာန်းခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင်၎င်းတို့ ရေးဆွဲထားသည့် ဥပဒေနှင့်အညီ မြေယာခွန်များ ကောက်ခံလိုကြောင်း ပြည်ထောင်စုအစိုးရထံ စာတင်ခဲ့ရာ တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေရေးအတွက် မြေယာ ခွန်ဥပဒေရေးဆွဲကြရန် ပြည်ထောင်စုအစိုးရက လမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မွန်၊ ကရင်၊ ကချင်နှင့် ကယား ပြည်နယ်များတွင် မြေယာ ခွန်ဥပဒေများ ရေးဆွဲပြီးစီးနပြေီဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး လွှတ် တော်ဥပဒပြေုရေးဆိုင်ရာ ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေ(မူကြမ်း)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ပြည်သူလူထုကြားနာပွဲ)များကို မကွေး၊ ပခုက္ကူနှင့် အောင်လံမြို့များတွင် ဇွန်လ အတွင်း လုပ်ဆောင်၍ ဥပဒေမူကြမ်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေမူကြမ်းကို ၂၀၁၉ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင်ကျင်းပမည့် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃) ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုနိုင်ရန် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net