ေက်ာက္မဲၿမိဳ႕အနီးတည္ေဆာက္ေနသည့္ ရဲရြာေရအားလွ်ပ္စစ္စီမံကိန္း၏လုပ္ငန္း (၄၃)ရာခုိင္ႏႈန္း စက္တင္ဘာလတြင္ ၿပီးစီးမည္

ေက်ာက္မဲၿမိဳ႕အနီးတည္ေဆာက္ေနသည့္ ရဲရြာေရအားလွ်ပ္စစ္စီမံကိန္း၏လုပ္ငန္း (၄၃)ရာခုိင္ႏႈန္း စက္တင္ဘာလတြင္ ၿပီးစီးမည္
မေ 5, 2019
By 🌸
လာမည့္ ဘ႑ာႏွစ္(၂)ခုတြင္စီမံကိန္းၿပီးစီးမည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕၏ေတာင္ဘက္ ဒု႒ဝတီျမစ္ (ျမစ္ငယ္ျမစ္) ေပၚတြင္ တည္ေဆာက္ေနသည့္ ရဲရြာေရအားလွ်ပ္စစ္စီမံကိန္းကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလတြင္ စီမံကိန္း(၄၃) ရာခိုင္ႏႈန္းၿပီးစီးရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ေရအားလွ်ပ္စစ္အေကာင္အထည္ေဖာ္ေရးဦးစီးဌာန၊ အမွတ္(၃)တည္ေဆာက္ေရးမွ အေကာင္အထည္ေဖာ္ေနသည့္ အဆိုပါစီမံကိန္း၏ ေရသြယ္ဥမင္လိုဏ္ဒီဇိုင္းေရးဆြဲျခင္းႏွင့္ တည္ေဆာက္ေရးဆိုင္ရာလုပ္ငန္းမ်ားကို ႏိုင္ငံတကာ တင္ဒါေအာင္ျမင္ခဲ့သည့္ IPGRB Co.,Ltd က တာဝန္ယူတည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဒု႒ဝတီျမစ္ (ျမစ္ငယ္ျမစ္) ေပၚတြင္ ေရေလွာင္တမံတည္ေဆာက္ၿပီး (၂၈၀) မဂၢါဝပ္ရွိ ဓာတ္အားေပးစက္႐ုံျဖင့္ ႏွစ္စဥ္ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီသန္းေပါင္း (၁၄၀၉) သန္းထုတ္လုပ္ၿပီး တစ္ႏိုင္ငံလုံးသို႔ ဓါတ္အားျဖန္႔ျဖဴးမည့္အဆိုပါစီမံကိန္းမွာ လက္ရိွအခ်ိန္တြင္ စီမံကိန္း၏ (၃၈ ဒသမ ၇၃) ရာခိုင္ႏႈန္း ၿပီးစီးေနၿပီး ၂၀၂၁-၂၀၂၂ ဘ႑ာႏွစ္တြင္ စီမံကိန္းတစ္ခုလုံး ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။

 ဒု႒ဝတီျမစ္ (ျမစ္ငယ္ျမစ္) ေပၚတြင္ ေဆာင္႐ြက္ၿပီးျဖစ္သည့္ ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္းမွ (၇၉၀) မဂၢါဝပ္ ထုတ္လုပ္လွ်က္ရိွၿပီး (၂၁၀) မဂၢါဝပ္ထုတ္လုပ္မည့္ နမၼတူ (သီေပါ) စီမံကိန္း၊ မဂၢါဝပ္ (၇၃၅)ထုတ္လုပ္မည့္ အလယ္ရဲ႐ြာ စီမံကိန္း၊ မဂၢါဝပ္ (၆၀)ထုတ္လုပ္မည့္ ဒီးဒုတ္စီမံကိန္းတို႔ကို ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Photo: MOEE

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျောက်မဲမြို့အနီးတည်ဆောက်နေသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏လုပ်ငန်း (၄၃)ရာခိုင်နှုန်း စက်တင်ဘာလတွင် ပြီးစီးမည်
**************
လာမည့် ဘဏ္ဍာနှစ်(၂)ခုတွင်စီမံကိန်းပြီးစီးမည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၏တောင်ဘက် ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် တည်ဆောက်နေသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် စီမံကိန်း(၄၃) ရာခိုင်နှုန်းပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရသည်။

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၃)တည်ဆောက်ရေးမှ အကောင်အထည်ဖော်နေသည့် အဆိုပါစီမံကိန်း၏ ရေသွယ်ဥမင်လိုဏ်ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာ တင်ဒါအောင်မြင်ခဲ့သည့် IPGRB Co.,Ltd က တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး (၂၈၀) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံဖြင့် နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၁၄၀၉) သန်းထုတ်လုပ်ပြီး တစ်နိုင်ငံလုံးသို့ ဓါတ်အားဖြန့်ဖြူးမည့်အဆိုပါစီမံကိန်းမှာ လက်ရှိအချိန်တွင် စီမံကိန်း၏ (၃၈ ဒသမ ရ၃) ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ဆောင်ရွက်ပြီးဖြစ်သည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ (၇၉၀) မဂ္ဂါဝပ် ထုတ်လုပ်လျှက်ရှိပြီး (၂၁၀) မဂ္ဂါဝပ်ထုတ်လုပ်မည့် နမ္မတူ (သီပေါ) စီမံကိန်း၊ မဂ္ဂါဝပ် (၇၃၅)ထုတ်လုပ်မည့် အလယ်ရဲရွာ စီမံကိန်း၊ မဂ္ဂါဝပ် (၆၀)ထုတ်လုပ်မည့် ဒီးဒုတ်စီမံကိန်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo: MOEE

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net