လက္နက္ႏွင့္အာဏာသိမ္းသည့္ အေမြကို ဆက္ခံထားဆဲႏုိင္ငံဟု ဦးသုေဝဆို

လက္နက္ႏွင့္အာဏာသိမ္းသည့္ အေမြကို ဆက္ခံထားဆဲႏုိင္ငံဟု ဦးသုေဝဆို
မေ 8, 2019
By Tachileik News Agency

ျမန္မာ့ၿငိမ္းခ်မ္းေရးအေျခအေနမွာ လက္နက္ႏွင့္အာဏာသိမ္းသည့္အေမြကို ဆက္ခံထားဆဲျဖစ္ၿပီး စြန္႔ခ်င္သူရွားပါးေနဆဲျဖစ္သည္ဟု ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (UPDJC) ဒုတိယဥကၠ႒ ဦးသုေဝက သံုးသပ္လုိက္သည္။

“ကၽြန္ေတာ္တို႔ တိုင္းျပည္မွာ တိုင္းျပည္ရဲ႕အာဏာရဖို႔ေပါ့ နည္းလမ္းေတြရိွတဲ့အထဲက ကၽြန္ေတာ္တို႔တိုင္းျပည္က ယူထားတဲ့အေမြက ဘာလဲဆိုေတာ့ လူမ်ားမ်ားစု၊ လက္နက္မ်ားမ်ားစု၊ လက္နက္နဲ႔အာဏာသိမ္း၊ အဲဒီအေမြကို ဆက္ခံထားတာ အခုထက္ထိပဲ။ အဲဒါကိုစြန္႔ခ်င္တဲ့သူ သိပ္ရွားေနတာေပါ့”ဟု ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (UPDJC) ဒုတိယဥကၠ႒ ဦးသုေဝက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေမလ(၈)ရက္ေန႔တြင္ ေျပာသည္။

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (Union Peace Dialogue Joint Committee -UPDJC) ႏုိင္ငံေရးပါတီမ်ားအစုအဖြဲ႕က ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ေဒသအေျခစိုက္ႏုိင္ငံေရးပါတီမ်ား၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ား၊ ယဥ္ေက်းမႈအဖြဲ႕အစည္းမ်ားသို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား တင္ျပေဆြးေႏြးမႈလုပ္ေဆာင္သည့္ ၂၀၁၉ ခုႏွစ္၊ ေမလ (၈)ရက္ေန႔တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ပတ္သက္၍ ယင္းကဲ့သို႔ သံုးသပ္ခဲ့ျခင္းျဖစ္သည္။

လက္ရိွအခ်ိန္ထိ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ စကားလံုးမ်ားေပၚတြင္ အျငင္းပြားေနၿပီး အခ်ိန္ၾကန္႔ၾကာေနသျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ပါဝင္သည့္ တာဝန္ရိွအဖြဲ႕အစည္းတုိင္းက အခ်င္းခ်င္းနားလည္မႈရိွရန္ႏွင့္ ေျပေျပျပစ္ျပစ္ျဖစ္ေစရန္ လုပ္ေဆာင္ၾကရန္လိုသည္ဟု ဦးသုေဝက ဆိုသည္။

“ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြက လုပ္ရင္းလုပ္ရင္းနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ယံုၾကည္မႈကတိုးမလာဘဲနဲ႔ စကားေျပာရင္းနဲ႔ စကားလံုးေတြေပၚမူတည္ၿပီးေတာ့မွ အဲဒါေတြကိုအျငင္းပြားေနတာနဲ႔ ကၽြန္ေတာ္တို႔ ၾကာသြားတာ။ အမွန္ကေတာ့ ဒီေလာက္ထိ ဆိုးစရာလည္းအေၾကာင္းမရိွဘူး။ ရပ္စရာလည္း အေၾကာင္းမရိွဘူး။ အေျပာအဆိုအဆင္မေျပတာေလးေတြ၊ သူမေလ်ာ့ ကိုယ္မေလ်ာ့ဆိုတာေလးေတြေၾကာင့္ ဒီလိုၾကန္႔ၾကာေနရတာေပါ့။ အမွန္အတိုင္းေျပာရရင္ အစိုးရဘက္ကေရာ၊ တိုင္းရင္းသားလက္နက္ကိုင္ ဘက္ကေရာ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈရိွေပးဖို႔၊ ပိုၿပီးေတာ့ ေျပေျပျပစ္ျပစ္ျဖစ္ေအာင္လုပ္ေပးဖို႔ အဲလိုလုပ္ေပးလို႔ရိွရင္ အမ်ားႀကီးေျပလည္စရာျဖစ္မွာပါ”ဟု ဦးသုေဝက ေထာက္ျပေျပာဆိုသည္။

ႏုိင္ငံတြင္ လက္နက္ျဖင့္ အာဏာတည္ေဆာက္ျခင္းမွ ျပည္သူလူထုဆႏၵမဲျဖင့္ အာဏာတည္ေဆာက္ျခင္း နည္းလမ္းသို႔ ေျပာင္းလဲရန္လိုအပ္သည္ဟု ဦးသုေဝက သံုးသပ္သည္။

“တကယ္တမ္းေျပာရရင္ အျခားနည္းျဖစ္တဲ့ ျပည္သူလူထုအေျချပဳတဲ့ ေရြးေကာက္ပြဲမွာ ျပည္သူလူထုဆႏၵမဲနဲ႔ ရတဲ့အာဏာဟာ ခိုင္လည္းခိုင္မာဆံုး၊ ၿငိမ္းခ်မ္းမႈလည္းအရိွဆံုးေပါ့။ အဲဒီနည္းလမ္းကခက္လည္းခက္တယ္။ ကိုယ့္ရဲ႕အရည္အခ်င္းကို တိုးတက္ေအာင္လည္း လုပ္ရတယ္။ ကိုယ့္အရည္အခ်င္းကို ျပည္သူျမင္ေအာင္လည္း ျပရတယ္။ ျပည္သူေထာက္ခံခ်က္လည္းရေအာင္လုပ္ရတယ္ဆိုေတာ့ ခက္တယ္။ ဒါေပမဲ့ အင္မတန္ေကာင္းတဲ့နည္းလမ္းကို လူေတြကခက္ေတာ့ မေရြးၾကဘူးေပါ့။ ကၽြန္ေတာ္တို႔ႀကိဳးစားတာလည္း ဒီနည္းလမ္းေလး အေျပာင္းအလဲျဖစ္ေအာင္ေပါ့ေနာ္။ အေမြဆိုးကိုပယ္ၿပီး အေမြေကာင္းကိုဆက္ခံလာေအာင္ တိုက္တြန္းဖို႔လိုတယ္ေပါ့”ဟု ဦးသုေဝက ဆိုသည္။

UPDJC သည္ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း၊ ႏိုင္ငံေရးပါတီ၊ တိုင္းရင္းသား ကိုယ္စားလွယ္၊ ပါဝင္သင့္ပါဝင္ ထိုက္တဲ့ သူမ်ားႏွင့္ အရပ္ဖက္အဖြဲ႕အစည္း CSO မ်ား အားလံုးပါဝင္သည့္ ျပည္ေထာင္စုျငိမ္းခ်မ္းေရး ညီလာခံ-(၂၁)ရာစုပင္လုံက်င္းပေရး လုပ္ေဆာင္ေနရာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁)ရာစုပင္လုံ တတိယအႀကိမ္ အစည္းအေဝးကို ၂၀၁၈ ခုႏွစ္ ဇူလိုင္လ (၁၆) ရက္ေန႔က က်င္းပၿပီးစီးခဲ့ျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ့ငြိမ်းချမ်းရေးအခြေအနေမှာ လက်နက်နှင့်အာဏာသိမ်းသည့်အမွေကို ဆက်ခံထားဆဲဖြစ်ပြီး စွန့်ချင်သူရှားပါးနေဆဲဖြစ်သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက သုံးသပ်လိုက်သည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ တိုင်းပြည်ရဲ့အာဏာရဖို့ပေါ့ နည်းလမ်းတွေရှိတဲ့အထဲက ကျွန်တော်တို့တိုင်းပြည်က ယူထားတဲ့အမွေက ဘာလဲဆိုတော့ လူများများစု၊ လက်နက်များများစု၊ လက်နက်နဲ့အာဏာသိမ်း၊ အဲဒီအမွေကို ဆက်ခံထားတာ အခုထက်ထိပဲ။ အဲဒါကိုစွန့်ချင်တဲ့သူ သိပ်ရှားနေတာပေါ့”ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၈)ရက်နေ့တွင် ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (Union Peace Dialogue Joint Committee -UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဒေသအခြေစိုက်နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများသို့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တင်ပြဆွေးနွေးမှုလုပ်ဆောင်သည့် ၂၀၁၉ ခုနှစ်၊ မေလ (၈)ရက်နေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ယင်းကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စကားလုံးများပေါ်တွင် အငြင်းပွားနပြေီး အချိန်ကြန့်ကြာနေသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်သည့် တာဝန်ရှိအဖွဲ့အစည်းတိုင်းက အချင်းချင်းနားလည်မှုရှိရန်နှင့် ပြေပြပြေစ်ပြစ်ဖြစ်စေရန် လုပ်ဆောင်ကြရန်လိုသည်ဟု ဦးသုဝေက ဆိုသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက လုပ်ရင်းလုပ်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုကတိုးမလာဘဲနဲ့ စကားပြောရင်းနဲ့ စကားလုံးတွေပေါ်မူတည်ပြီးတော့မှ အဲဒါတွေကိုအငြင်းပွားနေတာနဲ့ ကျွန်တော်တို့ ကြာသွားတာ။ အမှန်ကတော့ ဒီလောက်ထိ ဆိုးစရာလည်းအကြောင်းမရှိဘူး။ ရပ်စရာလည်း အကြောင်းမရှိဘူး။ အပြောအဆိုအဆင်မပြေတာလေးတွေ၊ သူမလျော့ ကိုယ်မလျော့ဆိုတာလေးတွေကြောင့် ဒီလိုကြန့်ကြာနေရတာပေါ့။ အမှန်အတိုင်းပြောရရင် အစိုးရဘက်ကရော၊ တိုင်းရင်းသားလက်နက်ကိုင် ဘက်ကရော တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပေးဖို့၊ ပိုပြီးတော့ ပြေပြပြေစ်ပြစ်ဖြစ်အောင်လုပ်ပေးဖို့ အဲလိုလုပ်ပေးလို့ရှိရင် အများကြီးပြေလည်စရာဖြစ်မှာပါ”ဟု ဦးသုဝေက ထောက်ပြပြောဆိုသည်။

နိုင်ငံတွင် လက်နက်ဖြင့် အာဏာတည်ဆောက်ခြင်းမှ ပြည်သူလူထုဆန္ဒမဲဖြင့် အာဏာတည်ဆောက်ခြင်း နည်းလမ်းသို့ ပြောင်းလဲရန်လိုအပ်သည်ဟု ဦးသုဝေက သုံးသပ်သည်။

“တကယ်တမ်းပြောရရင် အခြားနည်းဖြစ်တဲ့ ပြည်သူလူထုအခြပြေုတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထုဆန္ဒမဲနဲ့ ရတဲ့အာဏာဟာ ခိုင်လည်းခိုင်မာဆုံး၊ ငြိမ်းချမ်းမှုလည်းအရှိဆုံးပေါ့။ အဲဒီနည်းလမ်းကခက်လည်းခက်တယ်။ ကိုယ့်ရဲ့အရည်အချင်းကို တိုးတက်အောင်လည်း လုပ်ရတယ်။ ကိုယ့်အရည်အချင်းကို ပြည်သူမြင်အောင်လည်း ပြရတယ်။ ပြည်သူထောက်ခံချက်လည်းရအောင်လုပ်ရတယ်ဆိုတော့ ခက်တယ်။ ဒါပေမဲ့ အင်မတန်ကောင်းတဲ့နည်းလမ်းကို လူတွေကခက်တော့ မရွေးကြဘူးပေါ့။ ကျွန်တော်တို့ကြိုးစားတာလည်း ဒီနည်းလမ်းလေး အပြောင်းအလဲဖြစ်အောင်ပေါ့နော်။ အမွေဆိုးကိုပယ်ပြီး အမွေကောင်းကိုဆက်ခံလာအောင် တိုက်တွန်းဖို့လိုတယ်ပေါ့”ဟု ဦးသုဝေက ဆိုသည်။

UPDJC သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်၊ ပါဝင်သင့်ပါဝင် ထိုက်တဲ့ သူများနှင့် အရပ်ဖက်အဖွဲ့အစည်း CSO များ အားလုံးပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကျင်းပရေး လုပ်ဆောင်နေရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့က ကျင်းပပြီးစီးခဲ့ခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net