တာခ်ီလိတ္ ေရႊတိဂံုေစတီ ယာဥ္ရပ္နားရန္ေနရာမွ ဆုိင္ကယ္ခိုးသည့္လူငယ္ႏွစ္ဦးကို ဖမ္းမိ

တာခ်ီလိတ္ ေရႊတိဂံုေစတီ ယာဥ္ရပ္နားရန္ေနရာမွ ဆုိင္ကယ္ခိုးသည့္လူငယ္ႏွစ္ဦးကို ဖမ္းမိ
မေ 3, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဆုိင္ကယ္ေပ်ာက္ဆံုးၿပီး (၃)ရက္အၾကာ၌  ဆုိင္ကယ္ခိုးယူသည့္ လူငယ္ႏွစ္ဦးကို ခိုးယူခံရသည့္ ဆုိင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေရႊတိဂံုေစတီကုန္းေပၚမွ ဆုိင္ကယ္မ်ား မၾကာခဏေပ်ာက္ေနသျဖင့္ ရဲတပ္ဖြဲ႕က ေစာင့္ဆုိင္းဖမ္းဆီးရာ ၂၀၁၉ ခုႏွစ္၊ ေမလ (၂)ရက္ေန႔ ည(၉)နာရီအခ်ိန္က ဆိုင္ကယ္ရပ္နားရန္ေနရာမွ ဆုိင္ကယ္တစ္စီးကို ခိုးယူရန္ႀကိဳးစားေနသည့္ လူငယ္ႏွစ္ဦးကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

ေဇာ္ေဇာ္ (ခ) ေဇာ္ထြန္းဝင္းႏွင့္ စန္းျမေအာင္တုိ႔ႏွစ္ဦးကို ေက်ာက္လွည့္၊ ဆုိင္ကယ္ေသာ့၊ ေဆာ့့ကက္ဝါယာႀကိဳးတုိ႔ႏွင့္အတူ ေတြ႔ရသျဖင့္ ရဲစခန္းသို႔ ေခၚယူစစ္ေဆးရာ ေရႊတိဂံုကုန္းေပၚမွ ဧၿပီလ (၃၀)ရက္ေန႔တြင္ ေပ်ာက္ဆံုးသြားသည့္ဆုိင္ကယ္ကို ျပန္လည္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

၎တို႔ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၄၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ (ဆိုင္ကယ္)ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ် ရွှေတိဂုံစေတီ ယာဉ်ရပ်နားရန်နေရာမှ ဆိုင်ကယ်ခိုးသည့်လူငယ်နှစ်ဦးကို ဖမ်းမိ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်ပျောက်ဆုံးပြီး (၃)ရက်အကြာ၌  ဆိုင်ကယ်ခိုးယူသည့် လူငယ်နှစ်ဦးကို ခိုးယူခံရသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ရွှေတိဂုံစေတီကုန်းပေါ်မှ ဆိုင်ကယ်များ မကြာခဏပျောက်နေသဖြင့် ရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးရာ ၂၀၁၉ ခုနှစ်၊ မေလ (၂)ရက်နေ့ ည(၉)နာရီအချိန်က ဆိုင်ကယ်ရပ်နားရန်နေရာမှ ဆိုင်ကယ်တစ်စီးကို ခိုးယူရန်ကြိုးစားနေသည့် လူငယ်နှစ်ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ဇော်ဇော် (ခ) ဇော်ထွန်းဝင်းနှင့် စန်းမြအောင်တို့နှစ်ဦးကို ကျောက်လှည့်၊ ဆိုင်ကယ်သော့၊ ဆော့့ကက်ဝါယာကြိုးတို့နှင့်အတူ တွေ့ရသဖြင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာ ရွှေတိဂုံကုန်းပေါ်မှ ဧပြီလ (၃၀)ရက်နေ့တွင် ပျောက်ဆုံးသွားသည့်ဆိုင်ကယ်ကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၄၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net