သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တာလေမြို့တွင် မြို့အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တာလေမြို့တွင် မြို့အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်
မေ 20, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ မြို့အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းအား ၂၀၁၉ခုနှစ် မေလလ(၂၀)ရက်နေ့ နံနက်ပိုင်းကစ၍  တာလေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ စုစုပေါင်း (၆၅)ဦး တက်ရောက်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် တာလေမြို့အုပ်ချုပ်ရေးမှူးဦးခွန်စိုးသူက အဖွင့်အမှာစကားပြောကြားပြီးနောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေက သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ယခုလို သင်တန်းဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ တာလေမြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ နှင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရွာသူ ရွာသားများ အပါအ၀င် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေ နှင့် အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ သင်တန်းအား ၂၀၁၉ခုနှစ် မေလ(၂၀)ရက်နေ့မှ မေလ(၂၁)ရက်နေ့အထိ ပို့ချဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ တာလေမြို့ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေး ကိုယ်စားပြုများ တက်ရောက်လေ့လာသင်ယူကြကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - KST


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလမြေို့တွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ မြို့အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းအား ၂၀၁၉ခုနှစ် မေလလ(၂၀)ရက်နေ့ နံနက်ပိုင်းကစ၍ တာလမြေို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမတွင် ပြုလုပ်ရာ စုစုပေါင်း (၆၅)ဦး တက်ရောက်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် တာလမြေို့အုပ်ချုပ်ရေးမှူးဦးခွန်စိုးသူက အဖွင့်အမှာစကားပြောကြားပြီးနောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေက သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ယခုလို သင်တန်းဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ တာလမြေို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ နှင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရွာသူ ရွာသားများ အပါအဝင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေ နှင့် အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ သင်တန်းအား ၂၀၁၉ခုနှစ် မေလ(၂၀)ရက်နေ့မှ မေလ(၂၁)ရက်နေ့အထိ ပို့ချဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ တာလမြေို့ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေး ကိုယ်စားပြုများ တက်ရောက်လေ့လာသင်ယူကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KST

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net