မေကြး ႏွင့္ ေရနံေခ်ာင္းလမ္းေပၚတြင္ ခရီးသည္တင္ယာဥ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိရာက (၂)ဦးေသဆံုးကာ (၂၀)၀န္းက်င္ ထိခိုက္ဒဏ္ရာရ

မေကြး ႏွင့္ ေရနံေခ်ာင္းလမ္းေပၚတြင္ ခရီးသည္တင္ယာဥ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိရာက (၂)ဦးေသဆံုးကာ (၂၀)၀န္းက်င္ ထိခိုက္ဒဏ္ရာရ
မေ 17, 2019
By Tachileik News Agency

မေကြး - ေခ်ာက္ ေျပးဆဲြသည့္ ေရႊမိတ္သစ္ ခရီးသည္တင္ ယာဥ္ႏွစ္စီးသည္ မေကြး - ေရနံေခ်ာင္း လမ္းေပၚ သစ္ခ်ိဳေက်းရြာအနီးတြင္ ၂၀၁၉ခုနွစ္ ေမလ(၁၇)ရက္ေန႔ မြန္းလဲြ(၁) နာရီခြဲ၀န္းက်င္က မ်က္ႏွာခ်င္းဆိုင္တိုက္မိၾကသျဖင့္ ခရီးသည္(၂)ဦးေသဆံုးကာ အမ်ားအျပား ဒဏ္ရာမ်ားရရိွသြားေၾကာင္း သိရသည္။

“မေကြးဘက္က သြားတဲ့ ေရႊမိတ္သစ္ ခရီးသည္တင္ယာဥ္နဲ႔ ေခ်ာက္ဘက္က လာတဲ့ ေရႊမိတ္သစ္ ခရီးသည္တင္ယာဥ္ အခ်င္းခ်င္း ျဖစ္ၾကတာပါ။ ေရနံေခ်ာင္းဘက္ကလာတဲ့ ေရႊမိတ္သစ္ယာဥ္က တိုင္ ေရာ့ျပဳတ္ျပီး တစ္ဘက္ယာဥ္ေၾကာထဲဝင္သြားၿပီး တိုက္မိတာျဖစ္ၿပီး (၂)ဦး အခင္းျဖစ္ေနရာမွာ ေသဆံုးတယ္လို႔ ကနဦး သိရပါတယ္” ဟု အခင္းျဖစ္ေနရာတြင္ ေရာက္ရွိေနသည့္ မေကြးျမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး ေငြတင္က ေျပာသည္။

ယာဥ္တိုက္မႈျဖစ္ပြားရာသုိ႔ မေကြးျမိဳ႕နယ္ရဲတပ္ဖြဲ႔၊ မေကြးျမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ ပရဟိတအသင္း အဖြဲ႔မ်ားမွ သြားေရာက္၍ ကယ္ဆယ္ေရးမ်ား ေဆာင္ရြက္လွ်က္ရိွေနၿပီး ထိခိုက္ဒဏ္ရာရရွိသူ အေယာက္(၂၀)၀န္းက်င္အား ေရနံေခ်ာင္းေဆးရံု ႏွင့္ မေကြးေဆးရံုသို႔ ပို႔ေဆာင္ေပးေနေႀကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ဇင္ေယာ္ျဖဴ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေး - ချောက် ပြေးဆွဲသည့် ရွှေမိတ်သစ် ခရီးသည်တင် ယာဉ်နှစ်စီးသည် မကွေး - ရေနံချောင်း လမ်းပေါ် သစ်ချိုကျေးရွာအနီးတွင် ၂၀၁၉ခုနှစ် မေလ(၁၇)ရက်နေ့ မွန်းလွဲ(၁) နာရီခွဲဝန်းကျင်က မျက်နှာချင်းဆိုင်တိုက်မိကြသဖြင့် ခရီးသည်(၂)ဦးသေဆုံးကာ အများအပြား ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

“မကွေးဘက်က သွားတဲ့ ရွှေမိတ်သစ် ခရီးသည်တင်ယာဉ်နဲ့ ချောက်ဘက်က လာတဲ့ ရွှေမိတ်သစ် ခရီးသည်တင်ယာဉ် အချင်းချင်း ဖြစ်ကြတာပါ။ ရေနံချောင်းဘက်ကလာတဲ့ ရွှေမိတ်သစ်ယာဉ်က တိုင် ရော့ပြုတ်ပြီး တစ်ဘက်ယာဉ်ကြောထဲဝင်သွားပြီး တိုက်မိတာဖြစ်ပြီး (၂)ဦး အခင်းဖြစ်နေရာမှာ သေဆုံးတယ်လို့ ကနဦး သိရပါတယ်” ဟု အခင်းဖြစ်နေရာတွင် ရောက်ရှိနေသည့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်က ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့၊ မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်း အဖွဲ့များမှ သွားရောက်၍ ကယ်ဆယ်ရေးများ ဆောင်ရွက်လျှက်ရှိနပြေီး ထိခိုက်ဒဏ်ရာရရှိသူ အယောက်(၂၀)ဝန်းကျင်အား ရေနံချောင်းဆေးရုံ နှင့် မကွေးဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ဇင်ယော်ဖြူ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net