လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဆိုင်ကယ်ကို မီးထရှို့

လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဆိုင်ကယ်ကို မီးထရှို့
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဆိုင်ကယ်ကို မီးထရှို့
ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး လမ်းမပေါ်သို့ ထုတ်ကာ ဆိုင်ကယ်ကို မီးရှို့ဖျက်ဆီးမှု မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက် မြသီတာလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက် မြသီတာလမ်းတွင် နေထိုင်သည့် ကိုစိုးလင်းမောင်မောင်ဆိုသူသည် ဒီဇင်ဘာလ (၁၀)ရက် ည(၁၁)နာရီဝန်းကျင်က  ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့်  လော့ဂျာ ၁၁၀ အမျိုးအစား ဆိုင်ကယ်ကို လမ်းမအလယ်သို့ထုတ်ပြီး မီးရှို့သည့်အတွက်  ပတ်ဝန်းကျင်နေသူများနှင့် မီးရှိူ့သူကိုယ်တိုင် ပြန်လည်ငြှိမ်းသတ်ကြသဖြင့် ည(၁၁)နာရီ(၃)မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ 

"ဆိုင်ကယ်ကို မီးရှိူ့သူကိုယ်တိုင်နဲ့ ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့လို့ (၃)မိနစ်လောက်နဲ့ မီးငြိမ်းသွားခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့တွေ၊ မီးသတ်ယာဉ်တွေလည်း (၃)မိနစ်လောက်အတွင်းမှာပဲရောက်ရှိလာနိုင်ခဲ့ကြတာပါ"ဟု သင်္ဂါဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးခန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆိုင်ကယ်ကို မီးရှို့မှုနှင့် ပတ်သက်၍ မကွေးမြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၃၆ ဖြင့်အမူဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 Tachileik News Agency

သတင်း - ဖီးနစ်
ဓာတ်ပုံ - မျိုးခန့်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~