တာချီလိတ်မြို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ထားသည့် နမ့်ယွန်းချောင်းအတွင်း အမှိုက်များထပ်ပစ်နေ၍ စည်ပင်ဝန်ကြီးပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ထပ်မံရှင်းလင်း
တာချီလိတ်မြို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ထားသည့် နမ့်ယွန်းချောင်းအတွင်း အမှိုက်များထပ်ပစ်နေ၍ စည်ပင်ဝန်ကြီးပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ထပ်မံရှင်းလင်း
မေ 28, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက်အကြားရှိ နမ့်ယွန်းချောင်းအတွင်း ဌာနဆိုင်ရာနှင့် လူထုစုပေါင်းအမှိုက်ကောက်ထားပြီးနောက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ထပ်မံပြုလုပ်လာ၍ မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၁၉ ခုနှစ် မေလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် သန့်ရှင်းရေးဆောင်ရွက်ရာ အနီးဝန်းကျင်ရပ်ကွက်များက ပူးပေါင်းဆောင်ရွက်ကြသည်။
နမ့်ယွန်းချောင်းအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့်အတူ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဘတ်ဟိုးယာဉ်ဖြင့် ရေလမ်းကြောင်း တူးဖော်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ပြီး ချောင်းကမ်းပါးတွင် နေထိုင်သူများအနေဖြင့် ချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းမပြုလုပ်ရန် ဆက်လက်၍ အသိပညာပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက်အကြားရှိ နမ့်ယွန်းချောင်းအတွင်း ဌာနဆို်င်ရာနှင့် လူထုစုပေါင်းအမှိုက်ကောက်ထားပြီးနောက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ထပ်မံပြုလုပ်လာ၍ မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၁၉ ခုနှစ် မေလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် သန့်ရှင်းရေးဆောင်ရွက်ရာ အနီးဝန်းကျင်ရပ်ကွက်များက ပူးပေါင်းဆောင်ရွက်ကြသည်။
"ဒီနေ့ကတော့ စည်ပင်ဝန်ကြီးဦးစိုင်းစွံဆိုင်း ဦးဆောင်ပြီး လုပ်တာပေါ့။ ကျွန်တော်တို့ကတော့ နမ့်ယွန်းချောင်းက ဝမ်ကောင်းနဲ့ မကာဟိုခမ်းဆက်နေတဲ့အတွက် ရပ်ကွက်အနေနဲ့ ပူးပေါင်းပါဝင်တာပါ။ သန့်ရှင်းရေးတွေ ရပ်ကွက်အလိုက်စလုပ်တော့ ကျွန်တော်တို့ ဝမ်ကောင်းကစတော့ တစ်ခေါက်ကချောင်းထဲမှာ လုပ်ပြီးပြီ။ အခုချောင်းထဲမှာ အမှိုက်တွေ ပြန်ရောက်လာတဲ့သဘောပေါ့။ စည်ပင်အမှုဆောင်ကြီးပြောတာကတော့ နမ့်ယွန်းချောင်းက (၃) နေရာပေါ့။ ဈေးနားကဖြတ်သွားတာ။ အဲဒီနေရာတွေမှာ အလွယ်တကူပစ်မရအောင် သံဇကာအမြင့်တွေ ကာသွားမယ်လို့ သိရပါတယ်"ဟု ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
နမ့်ယွန်းချောင်းအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့်အတူ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဘတ်ဟိုးယာဉ်ဖြင့် ရေလမ်းကြောင်း တူးဖော်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ပြီး ချောင်းကမ်းပါးတွင် နေထိုင်သူများအနဖြေင့် ချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းမပြုလုပ်ရန် ဆက်လက်၍ အသိပညာပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း အပတ်စဉ်စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်ခြင်း တစ်နှစ်စီမံချက်၏ ပညာပေးကာလဖြစ်သည့် ပထမ(၃)လမှာ ဇွန်လ (၉) ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net