ကျိုင်းတုံ နှင့် မိုင်းယောင်းဆေးရုံမှ စောင့်ကြည့်လူနာ(၂)ဦး၏ ဓါတ်ခွဲအဖြေတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ကြောင်း ထုတ်ပြန်

ကျိုင်းတုံ နှင့် မိုင်းယောင်းဆေးရုံမှ စောင့်ကြည့်လူနာ(၂)ဦး၏ ဓါတ်ခွဲအဖြေတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ကြောင်း ထုတ်ပြန်
မတ် 20, 2020
By Tachileik News Agency

ကျိုင်းတုံ နှင့် မိုင်းယောင်းဆေးရုံမှ စောင့်ကြည့်လူနာ(၂)ဦး၏ ဓါတ်ခွဲအဖြေတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ကြောင်း ထုတ်ပြန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံနှင့် မိုင်းယောင်းမြို့နယ် ပြည်သူ့ဆေးရုံတို့မှ စောင့်ကြည့်လူနာ (၂) ဦးအား ဓါတ်ခွဲစစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့ ည (၈)နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မိုင်းဖြတ်မြို့နယ်မှ အသက် (၃၀) နှစ်အရွယ် အမျိုးသားမှာ မတ်လ (၁၄) ရက်နေ့က ကျိုင်းတုံပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသပေးနေရာမှ မတ်လ (၁၇)ရက်နေ့ ည (၉) နာရီခွဲဝန်းကျင်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာမှာ မိုင်းဖြတ်မြို့၊ ကချင်ရွာသစ်မှ လမ်းလုပ်သား (၁)ဦးဖြစ်ပြီး (၁၄) ရက်နေ့အတွင်း မိုင်းဖြတ်မြို့မှ အခြားဒေသများသို့ သွားရောက်ခဲ့ဖူးခြင်းမရှိကြောင်း သိရပြီး အသက်ရှုကြပ်သည့်ရောဂါကို မကြာခဏခံစားနေရသူဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာမှာ ဆစ်ဆောင်ပနားဘက်မှ အလုပ်လုပ်ပြီး ပြန်လာပြီး ဖျားနေသည့်အတွက် မတ်လ (၁၇) တွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~