ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပြည်သူ့အခက်အခဲများအတွက် ကုလသမဂ္ဂနှင့်နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများမှတဆင့် တောင်းဆိုပေးရေး ပန်ကြားချက် KNPP ထုတ်ပြန်

Karenni National Progressive Party members (Photo: Facebook/ KNPP)
Karenni National Progressive Party members (Photo: Facebook/ KNPP)
ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပြည်သူ့အခက်အခဲများအတွက် ကုလသမဂ္ဂနှင့်နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများမှတဆင့် တောင်းဆိုပေးရေး ပန်ကြားချက် KNPP ထုတ်ပြန်
ဇွန် 4, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က စစ်ဘေးရှောင်များအား ကူညီပေးနေသည့် စေတနာ့ဝန်ထမ်းနှင့်ပြည်သူများကို လိုက်လံပစ်သတ်မှုများ နှင့် စားသုံးကုန် ပို့ဆောင်ယာဉ်များကို လာရင်းအတိုင်း ပြန်လှည့်ခိုင်းနေမှုများကို ချက်ချက်ရပ်တန့်ရေး ကုလသမဂ္ဂနှင့်နိုင်ငံတကာအစိုးရများ၊ လူမှုစာနာထောက်ထားသည့် အဖွဲ့အစည်းများမှ တဆင့် တောင်းဆိုပေးရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ပန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

လက်ရှိမှာ ကယား(ကရင်နီ)ပြည်နယ်အတွင်း ဝင်ရောက်မည့် စားသုံးကုန်ပို့ဆောင်သည့် ယာဉ်များကို  အာဏာသိမ်းစစ်ကောင်စီအဖွဲ့ လာရင်းအတိုင်း ပြန်သွားခိုင်းမှုများရှိနေသည့်အတွက် ပြည်နယ်တွင်း မြို့များတွင် ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တက်လာနေပြီး စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေသလို စစ်ဘေးရှောင်ပြည်သူများအတွက်လည်း အခက်အခဲများစွာ နှင့် ကြုံနေရသည့်အပြင် ရုတ်တရက်ဖြစ်ပေါ်လာသည့် ဝမ်းရောဂါ နှင့် အခြားကူးစက်ရောဂါများကိုလည်း တားဆီးကာကွယ်ရန် ကျန်းမာရေးအကူအညီများ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်နေရသည့် ပြည်သူအကြား ၂၀၂၁ခုနှစ် မေလ(၂၀)ရက်နေ့က စ၍ တိုက်ပွဲများ ဇွန်လ(၃)ရက်နေ့အထိ ဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင် (၁)သိန်းဝန်းကျင်အထိ ရှိလာနေကြောင်း သိရသည်။

#TachileikNewsAgency