တာခ်ီလိတ္ၿမိဳ႕တြင္ မီးသတ္ယာဥ္မ်ား အေရးေပၚ ေရယူႏုိင္ရန္ မီးသတ္ေရငုတ္မ်ား တပ္ဆင္သြားမည္

တာခ်ီလိတ္ၿမိဳ႕တြင္ မီးသတ္ယာဥ္မ်ား အေရးေပၚ ေရယူႏုိင္ရန္ မီးသတ္ေရငုတ္မ်ား တပ္ဆင္သြားမည္
မေ 24, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ မီးေဘးအႏၱရာယ္ အေရးေပၚအေျခအေနမ်ားႏွင့္ ပတ္သက္၍ မီးၿငိမ္းသတ္ယာဥ္မ်ား အလြယ္တကူ ေရရယူႏုိင္မည့္ မီးသတ္ေရငုတ္မ်ား တပ္ဆင္ရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"ၿမို႕ေရေပးေဝေရးကေနမွ မီးသတ္ယာဥ္ေတြအသံုးျပဳဖို႔အတြက္ ေျမေအာက္ေရပိုက္ေခါင္းေတြ ထုတ္ၿပီးေတာ့ လုပ္ထားတာေပါ့။ မီးသတ္ေရေခါင္းေတြ တပ္ထားတာရိွတယ္။ သူတို႔တပ္ထားတဲ့ ပိုက္နဲ့ မီးသတ္ယာဥ္ေတြက သံုးတဲ့စနစ္နဲ႔ နည္းနည္းေလးလြဲေနတာေလးေတြရွိတယ္။ ဒါေလးေတြကို ကုမၸဏီဘက္က ျပန္ျပင္ေပးဖို႔ရိွတယ္။ အေရအတြက္ အတိအက်မသိဘူး။ တပ္ေနဆဲေပါ့။ တပ္ၿပီးလို႔ရိွရင္ ဒီငုတ္ေလးေတြရိွတဲ့ေနရာ ဘယ္ေနရာမွာပိြဳင့္ရိွတယ္။ အေရးေပၚ ေရယူလို႔ရတဲ့ ေနရာဆိုၿပီး ပံုေလးေတြေပးမယ္လို႔ ညိႇႏိႈင္းေဆာင္ရြက္ထားပါတယ္"ဟု တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးမွဴး ဦးေက်ာ္ကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေႏြရာသီကာလတြင္ ေခ်ာင္းမ်ားအတြင္း ေရနည္းပါးသည့္အတြက္ အေရးေပၚေရရယူရန္ ခက္ခဲၿပီး မီးသတ္ယာဥ္မ်ား ေရရယူႏုိင္မည့္ မီးသတ္ေရငုတ္မ်ား လုပ္ေဆာင္ထားျခင္း မရိွေသးသျဖင့္  လုပ္ေဆာင္ေပးရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိ္က္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မီးဘေးအန္တရာယ် အရေးပေါ်အခြေအနေများနှင့် ပတ်သက်၍ မီးငြိမ်းသတ်ယာဉ်များ အလွယ်တကူ ရေရယူနိုင်မည့် မီးသတ်ရေငုတ်များ တပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

"မြို့ရေပေးဝေရေးကနေမှ မီးသတ်ယာဉ်တွေအသုံးပြုဖို့အတွက် မြေအောက်ရေပိုက်ခေါင်းတွေ ထုတ်ပြီးတော့ လုပ်ထားတာပေါ့။ မီးသတ်ရေခေါင်းတွေ တပ်ထားတာရှိတယ်။ သူတို့တပ်ထားတဲ့ ပိုက်နဲ့ မီးသတ်ယာဉ်တွေက သုံးတဲ့စနစ်နဲ့ နည်းနည်းလေးလွဲနေတာလေးတွေရှိတယ်။ ဒါလေးတွေကို ကုမ္ပဏီဘက်က ပြန်ပြင်ပေးဖို့ရှိတယ်။ အရေအတွက် အတိအကျမသိဘူး။ တပ်နေဆဲပေါ့။ တပ်ပြီးလို့ရှိရင် ဒီငုတ်လေးတွေရှိတဲ့နေရာ ဘယ်နေရာမှာပွိုင့်ရှိတယ်။ အရေးပေါ် ရေယူလို့ရတဲ့ နေရာဆိုပြီး ပုံလေးတွေပေးမယ်လို့ ညှိနှိုင်းဆောင်ရွက်ထားပါတယ်"ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် နွေရာသီကာလတွင် ချောင်းများအတွင်း ရေနည်းပါးသည့်အတွက် အရေးပေါ်ရေရယူရန် ခက်ခဲပြီး မီးသတ်ယာဉ်များ ရေရယူနိုင်မည့် မီးသတ်ရေငုတ်များ လုပ်ဆောင်ထားခြင်း မရှိသေးသဖြင့် လုပ်ဆောင်ပေးရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထို်က်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net