တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပမည့္ ကေလးစာေပပြဲေတာ္၌ ရွမ္းျပည္နယ္တြင္း ပထမဆံုးအႀကိမ္အျဖစ္ တိုင္းရင္းသားဘာသာ ပံုေျပာပြဲ ထည့္သြင္းရန္ စီစဥ္ထား

တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပမည့္ ကေလးစာေပပြဲေတာ္၌ ရွမ္းျပည္နယ္တြင္း ပထမဆံုးအႀကိမ္အျဖစ္ တိုင္းရင္းသားဘာသာ ပံုေျပာပြဲ ထည့္သြင္းရန္ စီစဥ္ထား
မေ 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)တြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၅)ရက္ေန႔ႏွင့္ (၂၆) ရက္ေန႔မ်ား၌ က်င္းပမည့္ ကေလးစာေပပြဲေတာ္တြင္ တိုင္းရင္းသားဘာသာပံုေျပာပြဲကို ပထမဆံုးအႀကိမ္အျဖစ္ ထည့္သြင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တိုင္းရင္းသားဘာသာပံုေျပာၿပိဳင္ပြဲတြင္ ျမန္မာဘာသာသို႔ ျပန္ဆိုေပးမည္ျဖစ္ၿပီး ကစားနည္း (၁၂)မ်ိဳးကိုပါ ထည့္သြင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီမွာရိွတဲ့ တိုင္းရင္းသားအားလံုးေပါ့။ တိုင္းရင္းသားအားလံုးပါ၀င္ဖို႔ အေရးႀကီးပါတယ္။ တိုင္းရင္းသားဆိုတာမွာ မ်ိဳးႏြယ္စုငယ္ေတြလည္း ပါ၀င္ဖို႔အေရးႀကီးပါတယ္။ စာေပနဲ႔ယဥ္ေက်းမႈအသင္းရိွတဲ့ တိုင္းရင္းသားဆိုမွ ၀င္ရမယ္လို႔ ကၽြန္ေတာ္မေျပာခဲ့ပါဘူး။ တိုင္းရင္းသားတိုင္းက သူ႕အခြင့္အေရးရိွတယ္။ သူတို႔၀င္ေရာက္ယွဥ္ၿပိဳင္မယ္ဆိုရင္ ကၽြန္ေတာ္၀မ္းသာေနမွာပဲ။ သူတို႔အားလံုးကို တေျပးညီဆုေပးသြားမွာ ျဖစ္ပါတယ္။
ပါ၀င္မယ္ ဆိုရင္ေတာ့ ဦးစီးေကာ္မတီနဲ႔ ဆက္သြယ္ရမွာေပါ့"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ဗမာတိုင္းရင္းသားေရးရာ၀န္ႀကီး ေဒါက္တာေအာင္သန္းေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ပါ၀င္ဆင္ႏႊဲလိုသူမ်ားအေနျဖင့္ တာခ်ီလိတ္ခရိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန (ဖုန္း - 08451028) သို႔လည္း ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

ကေလးစာေပပြဲေတာ္သို႔ လာေရာက္မည့္ ရပ္ေဝးမွ ကေလးမ်ားအတြက္ အႀကိဳအပို႔အစီအစဥ္မ်ား၊ ေကၽြးေမြးေရး အစီအစဥ္မ်ား၊ လက္ေဆာင္ပစၥည္းမ်ားေပးအပ္မည့္ အစီအစဥ္မ်ားပါဝင္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္အတြက္ က်ပ္သိန္း (၄၀၀) ခန္႔ကုန္က်မည္ဟု ေမွ်ာ္မွန္းထားရာ လက္ရွိတြင္ ေစတနာရွင္မ်ားမွ ပါ၀င္လွဴဒါန္းလာမႈမ်ားရွိေနရာတြင္ က်ပ္သိန္း (၂၈၀) ေက်ာ္ရရိွထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့နှင့် (၂၆) ရက်နေ့များ၌ ကျင်းပမည့် ကလေးစာပေပွဲတော်တွင် တိုင်းရင်းသားဘာသာပုံပြောပွဲကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားဘာသာပုံပြောပြိုင်ပွဲတွင် မြန်မာဘာသာသို့ ပြန်ဆိုပေးမည်ဖြစ်ပြီး ကစားနည်း (၁၂)မျိုးကိုပါ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီမှာရှိတဲ့ တိုင်းရင်းသားအားလုံးပေါ့။ တိုင်းရင်းသားအားလုံးပါဝင်ဖို့ အရေးကြီးပါတယ်။ တိုင်းရင်းသားဆိုတာမှာ မျိုးနွယ်စုငယ်တွေလည်း ပါဝင်ဖို့အရေးကြီးပါတယ်။ စာပေနဲ့ယဉ်ကျေးမှုအသင်းရှိတဲ့ တိုင်းရင်းသားဆိုမှ ဝင်ရမယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ တိုင်းရင်းသားတိုင်းက သူ့အခွင့်အရေးရှိတယ်။ သူတို့ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ကျွန်တော်ဝမ်းသာနေမှာပဲ။ သူတို့အားလုံးကို တပြေးညီဆုပေးသွားမှာ ဖြစ်ပါတယ်။

ပါဝင်မယ် ဆိုရင်တော့ ဦးစီးကော်မတီနဲ့ ဆက်သွယ်ရမှာပေါ့"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ပါဝင်ဆင်နွှဲလိုသူများအနဖြေင့် တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဖုန်း - 08451028) သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

ကလေးစာပေပွဲတော်သို့ လာရောက်မည့် ရပ်ဝေးမှ ကလေးများအတွက် အကြိုအပို့အစီအစဉ်များ၊ ကျွေးမွေးရေး အစီအစဉ်များ၊ လက်ဆောင်ပစ္စည်းများပေးအပ်မည့် အစီအစဉ်များပါဝင်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်အတွက် ကျပ်သိန်း (၄၀၀) ခန့်ကုန်ကျမည်ဟု မျှော်မှန်းထားရာ လက်ရှိတွင် စေတနာရှင်များမှ ပါဝင်လှူဒါန်းလာမှုများရှိနေရာတွင် ကျပ်သိန်း (၂၈၀) ကျော်ရရှိထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net