ထုိင္းႏုိင္ငံတြင္ ေတာင္းရမ္းစားေသာက္သူမ်ားအား ဒဏ္ေငြႏွင့္ ေထာင္ဒဏ္ခ်မွတ္မည့္ ဥပေဒသစ္ ရက္ (၉၀)အတြင္း သက္ဝင္မည္

ထုိင္းႏုိင္ငံတြင္ ေတာင္းရမ္းစားေသာက္သူမ်ားအား ဒဏ္ေငြႏွင့္ ေထာင္ဒဏ္ခ်မွတ္မည့္ ဥပေဒသစ္ ရက္ (၉၀)အတြင္း သက္ဝင္မည္
မေ 4, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ ျပဌာန္းလုိက္သည့္ဥပေဒသစ္အရ ေတာင္းရမ္းစားေသာက္သူမ်ားအေနျဖင့္ ဒဏ္ေငြႏွင့္ ေထာင္ဒဏ္တို႔ကို ရင္ဆုိင္ရမည္ျဖစ္ၿပီး ေတာင္းရမ္းသူမ်ားအား ေပးကမ္းျခင္းမွာ တရားမဝင္အလုပ္ျဖစ္ေၾကာင္း လူထုအား အသိေပးမႈလုပ္ေဆာင္ေနၿပီျဖစ္သည္။

အဆိုပါ ဥပေဒသစ္မွာ ရက္ေပါင္း (၉၀)အတြင္း သက္ဝင္လာမည္ျဖစ္၍ ေတာင္းရမ္းစားေသာက္သူမ်ားအား ေပးကမ္းျခင္းႏွင့္ ပတ္သက္၍ လူထုအသိပညာေပးျခင္းတြင္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားမွလည္း လုပ္ေဆာင္ေပးၾကရန္ အကူအညီရယူထားေၾကာင္း သိရသည္။

ေတာင္ရမ္းစားေသာက္သူမ်ားအား ကူညီလိုသူမ်ားအေနျဖင့္ လူမႈကူညီေရးဌာနကေဆာင္ရြက္ေနသည့္ ေတာင္းရမ္းစားေသာက္သူအတြက္ သက္ေမြးဝမ္းေၾကာင္းအလုပ္အကိုင္ဖန္တီးေပးေရးစင္တာသို႔ လွဴဒါန္းၾကရန္ကိုလည္း တုိက္တြန္းထားသည္။

ေပးကမ္းစြန္႔ႀကဲျခင္းကုသိုလ္ျပဳလုပ္လုိသူမ်ားရိွတတ္သည့္ ဘုန္းႀကီးေက်ာင္းမ်ား အနီးတစ္ဝိုက္ႏွင့္ လူစည္ကားရာေနရာမ်ားတြင္ ရိွတတ္သည့္ ေတာင္းရမ္းစားေသာက္သူမ်ားစာရင္းကို ေဒသတာဝန္ရိွသူမ်ားက ရယူထားၿပီး ၎တို႔အေနျဖင့္ေတာင္းရမ္းစားေသာက္ျခင္းမျပဳလုပ္ရန္ႏွင့္ သက္ေမြးဝမ္းေၾကာင္း လုပ္ေဆာင္ႏုိင္ရန္ စီစဥ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ေတာင္းရမ္းသူမ်ားအား ေပးကမ္းျခင္းမျပဳရန္ အသိေပးေၾကာ္ျငာမ်ားကိုလည္း အဂၤလိပ္၊ တရုတ္၊ ဂ်ပန္၊ ကိုရီးယား၊ ကေမၻာဒီးယားႏွင့္ ျမန္မာဘာသာမ်ားျဖင့္ပါ ေရးသားအသိေပးျခင္းကို ေလဆိပ္မ်ားအပါအဝင္ ခရီးသြားအမ်ားစုေရာက္ရိွရာေနရာမ်ားတြင္ ကပ္ထားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ေတာင္းရမ္းစားေသာက္သည္ကို ေတြ႔ရိွပါက ပထမအႀကိမ္တြင္ ဒဏ္ေငြ ဘတ္ (၅၀၀)၊ ဒုတိယအႀကိမ္တြင္ ဒဏ္ေငြ ဘတ္ (၂၀၀၀)၊ တတိယအႀကိမ္တြင္ ဒဏ္ေငြ ဘတ္ (၅၀၀၀)ႏွင့္ ယင္းထက္ေက်ာ္လြန္ပါက ဒဏ္ေငြ ဘတ္ (၁၀၀၀၀)အထိ အေရးယူႏိုင္မည့္အျပင္ ေထာင္ဒဏ္ (၁)လလည္း က်ခံရဖြယ္ရိွေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် တောင်းရမ်းစားသောက်သူများအား ဒဏ်ငွေနှင့် ထောင်ဒဏ်ချမှတ်မည့် ဥပဒေသစ် ရက် (၉၀)အတွင်း သက်ဝင်မည်
***************
ထိုင်းနိုင်ငံတွင် ပြဌာန်းလိုက်သည့်ဥပဒေသစ်အရ တောင်းရမ်းစားသောက်သူများအနေဖြင့် ဒဏ်ငွေနှင့် ထောင်ဒဏ်တို့ကို ရင်ဆိုင်ရမည်ဖြစ်ပြီး တောင်းရမ်းသူများအား ပေးကမ်းခြင်းမှာ တရားမဝင်အလုပ်ဖြစ်ကြောင်း လူထုအား အသိပေးမှုလုပ်ဆောင်နေပြီဖြစ်သည်။

အဆိုပါ ဥပဒေသစ်မှာ ရက်ပေါင်း (၉၀)အတွင်း သက်ဝင်လာမည်ဖြစ်၍ တောင်းရမ်းစားသောက်သူများအား ပေးကမ်းခြင်းနှင့် ပတ်သက်၍ လူထုအသိပညာပေးခြင်းတွင် ဘုန်းတော်ကြီးကျောင်းများမှလည်း လုပ်ဆောင်ပေးကြရန် အကူအညီရယူထားကြောင်း သိရသည်။

တောင်ရမ်းစားသောက်သူများအား ကူညီလိုသူများအနေဖြင့် လူမှုကူညီရေးဌာနကဆောင်ရွက်နေသည့် တောင်းရမ်းစားသောက်သူအတွက် သက်မွေးဝမ်းကြောင်းအလုပ်အကိုင်ဖန်တီးပေးရေးစင်တာသို့ လှူဒါန်းကြရန်ကိုလည်း တိုက်တွန်းထားသည်။

ပေးကမ်းစွန့်ကြဲခြင်းကုသိုလ်ပြုလုပ်လိုသူများရှိတတ်သည့် ဘုန်းကြီးကျောင်းများ အနီးတစ်ဝိုက်နှင့် လူစည်ကားရာနေရာများတွင် ရှိတတ်သည့် တောင်းရမ်းစားသောက်သူများစာရင်းကို ဒေသတာဝန်ရှိသူများက ရယူထားပြီး ၎င်းတို့အနေဖြင့်တောင်းရမ်းစားသောက်ခြင်းမပြုလုပ်ရန်နှင့် သက်မွေးဝမ်းကြောင်း လုပ်ဆောင်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

တောင်းရမ်းသူများအား ပေးကမ်းခြင်းမပြုရန် အသိပေးကြော်ငြာများကိုလည်း အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ကမ္ဘောဒီးယားနှင့် မြန်မာဘာသာများဖြင့်ပါ ရေးသားအသိပေးခြင်းကို လေဆိပ်များအပါအဝင် ခရီးသွားအများစုရောက်ရှိရာနေရာများတွင် ကပ်ထားတော့မည်ဖြစ်ကြောင်း သိရသည်။

တောင်းရမ်းစားသောက်သည်ကို တွေ့ရှိပါက ပထမအကြိမ်တွင် ဒဏ်ငွေ ဘတ် (၅၀၀)၊ ဒုတိယအကြိမ်တွင် ဒဏ်ငွေ ဘတ် (၂၀၀၀)၊ တတိယအကြိမ်တွင် ဒဏ်ငွေ ဘတ် (၅၀၀၀)နှင့် ယင်းထက်ကျော်လွန်ပါက ဒဏ်ငွေ ဘတ် (၁၀၀၀၀)အထိ အရေးယူနိုင်မည့်အပြင် ထောင်ဒဏ် (၁)လလည်း ကျခံရဖွယ်ရှိကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net