တာချီလိတ်မြို့မသုသာန်သစ်အတွက် ဘတ် (၁၆)သိန်းတန် မီးသဂြုင်္ိလ်စက် (၂)လုံး ရောက်ရှိလာပြီဖြစ်၍ မေလကုန်တွင် လုပ်ငန်းများပြီးစီးမည်
တာချီလိတ်မြို့မသုသာန်သစ်အတွက် ဘတ် (၁၆)သိန်းတန် မီးသဂြုင်္ိလ်စက် (၂)လုံး ရောက်ရှိလာပြီဖြစ်၍ မေလကုန်တွင် လုပ်ငန်းများပြီးစီးမည်
ဧပွီ 11, 2019
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွေဖြင့် တည်ဆောက်နေသည့် တာချီလိတ်မြို့မသုသာန်သစ်တွင်ထားရှိမည့် ဘတ် (၁၆)သိန်းတန် မီးသဂြုင်္ိလ်စက် (၂) လုံး ထိုင်းနိုင်ငံမှ ရောက်ရှိလာပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မေလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မှာယူထားသည့် မီးသဂြုင်္ိလ်စက်(၂)လုံးမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် တာချီလိတ်သို့ ရောက်ရှိလာပြီဖြစ်ပြီး ဆက်စပ်ပစ္စည်းများ ထပ်မံရောက်ရှိရန်လိုနေသေးကြောင်း သိရသည်။
လက်ရှိ တာချီလိတ် ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်ရှိ မြို့မသုသာန်မှာ လူနေရပ်ကွက်နှင့်နီးကပ်စွာတည်ရှိနေပြီး မီးသဂြုင်္ိလ်စက်မရှိသဖြင့် ညှော်နံ့များကြောင့် လူနေရပ်ကွက်များတွင် အနှောင့်အယှက်ဖြစ်နေရာ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ပုံလို့ကျေးရွာတွင် ပုံလို့ကျောင်းတိုက်ဆရာတော်က မြေ (၁၆)ဧကကို သုသာန်တည်ဆောက်နိုင်ရေးအတွက် ပေးလှူခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြေ (၁၆) ဧကပေါ်တွင် မီးသဂြုင်္ိလ်စက် (၂) လုံးနှင့် အရိုးပြာမြုပ်နှံနိုင်မည့်အခန်းငယ်များပါရှိမည့် အရိုးပြာမြုပ်နှံရာအဆောင်များ၊ လူ (၃၀၀) ဆန့် တရားနာဓမ္မာရုံဇရပ်၊ သန့်စင်ခန်း အလုံး (၂၀)၊ သုသာန်ဧရိယာအတွင်း ပန်းခြံများတည်ဆောက်ခြင်းနှင့် (၂၄) ပေအကျယ် တောင်တက်လမ်း (၂) မိုင်ကျော် ဖောက်လုပ်ခြင်းများကို အလှူရှင်များထည့်ဝင်ငွေဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။
တာချီလိတ်မြို့မသုသာန်သစ်အတွက် လှူဒါန်းငွေ စုစုပေါင်း ဘတ်သိန်း(၁၄၀)ကျော် ရှိနေပြီး
သုသာန်တည်ဆောက်ရေးနှင့် မီးသွယ်တန်းမှုအတွက် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ဘတ်ငွေ (၁၇) သိန်းထည့် ၀င်လှူဒါန်းထားပြီး မတ်လ (၁၅) ရက်နေ့မှစ၍ လျှပ်စစ်မီးစတင်ပို့လွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပုံလို့ဆရာတော်က လှူဒါန်းပေးထားသည့် မြေ(၁၆)ဧကတွင် လူမျိုးမရွေးအသုံးပြုနိုင်မည့် သုဿာန်သစ် တည်ဆောက်ရေးအတွက် လုပ်ငန်းရှင် ဦးအားဖာက မတည်ငွေလှူဒါန်းပြီးနောက် မြို့လူထုက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့၌ ပူးပေါင်းလှူဒါန်းကြရာ စုစုပေါင်း အလှူငွေ ကျပ်(၇၁)သိန်းခွဲနှင့် ထိုင်းဘတ်ငွေ (၄,၆၆၆,၆၀၀)ရရှိခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွဖြေင့် တည်ဆောက်နေသည့် တာချီလိတ်မြို့မသုသာန်သစ်တွင်ထားရှိမည့် ဘတ် (၁၆)သိန်းတန် မီးသင်္ဂြိုလ်စက် (၂) လုံး ထိုင်းနိုင်ငံမှ ရောက်ရှိလာပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မေလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မှာယူထားသည့် မီးသင်္ဂြိုလ်စက်(၂)လုံးမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် တာချီလိတ်သို့ ရောက်ရှိလာပြီဖြစ်ပြီး ဆက်စပ်ပစ္စည်းများ ထပ်မံရောက်ရှိရန်လိုနေသေးကြောင်း သိရသည်။
"မနေ့က မီးသင်္ဂြိုလ်စက် (၂) လုံးရောက်တယ်။ သံဒလိမ်တုံးနဲ့ ကရိန်းနဲ့ လူအားနဲ့ဆွဲရတာပေါ့။ တစ်လုံးကို ဘတ် (၁၆) သိန်း။ သူကနော်ဇယ်ခေါင်းနဲ့ ဒီဇယ်ပန့်ပြီးတော့ ရှို့တာပေါ့။ ဆက်စပ်တဲ့ပစ္စည်းတွေလာဦးမယ်။ မေလအပြီးတော့ မှန်းထားတယ်"ဟု ပုံလို့သုသာန်တည်ဆောက်ရေးလုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ(၂) ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
လက်ရှိ တာချီလိတ် ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်ရှိ မြို့မသုသာန်မှာ လူနေရပ်ကွက်နှင့်နီးကပ်စွာတည်ရှိနပြေီး မီးသင်္ဂြိုလ်စက်မရှိသဖြင့် ညှော်နံ့များကြောင့် လူနေရပ်ကွက်များတွင် အနှောင့်အယှက်ဖြစ်နေရာ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ပုံလို့ကျေးရွာတွင် ပုံလို့ကျောင်းတိုက်ဆရာတော်က မြေ (၁၆)ဧကကို သုသာန်တည်ဆောက်နိုင်ရေးအတွက် ပေးလှူခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြေ (၁၆) ဧကပေါ်တွင် မီးသင်္ဂြိုလ်စက် (၂) လုံးနှင့် အရိုးပြာမြုပ်နှံနိုင်မည့်အခန်းငယ်များပါရှိမည့် အရိုးပြာမြုပ်နှံရာအဆောင်များ၊ လူ (၃၀၀) ဆန့် တရားနာဓမ္မာရုံဇရပ်၊ သန့်စင်ခန်း အလုံး (၂၀)၊ သုသာန်ဧရိယာအတွင်း ပန်းခြံများတည်ဆောက်ခြင်းနှင့် (၂၄) ပေအကျယ် တောင်တက်လမ်း (၂) မိုင်ကျော် ဖောက်လုပ်ခြင်းများကို အလှူရှင်များထည့်ဝင်ငွဖြေင့် တည်ဆောက်နခြေင်းဖြစ်သည်။
တာချီလိတ်မြို့မသုသာန်သစ်အတွက် လှူဒါန်းငွေ စုစုပေါင်း ဘတ်သိန်း(၁၄၀)ကျော် ရှိနပြေီး သုသာန်တည်ဆောက်ရေးနှင့် မီးသွယ်တန်းမှုအတွက် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ဘတ်ငွေ (၁၇) သိန်းထည့် ဝင်လှူဒါန်းထားပြီး မတ်လ (၁၅) ရက်နေ့မှစ၍ လျှပ်စစ်မီးစတင်ပို့လွှတ်နခြေင်းဖြစ်ကြောင်း သိရသည်။
ပုံလို့ဆရာတော်က လှူဒါန်းပေးထားသည့် မြေ(၁၆)ဧကတွင် လူမျိုးမရွေးအသုံးပြုနိုင်မည့် သုဿာန်သစ် တည်ဆောက်ရေးအတွက် လုပ်ငန်းရှင် ဦးအားဖာက မတည်ငွေလှူဒါန်းပြီးနောက် မြို့လူထုက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့၌ ပူးပေါင်းလှူဒါန်းကြရာ စုစုပေါင်း အလှူငွေ ကျပ်(၇၁)သိန်းခွဲနှင့် ထိုင်းဘတ်ငွေ (၄,၆၆၆,၆၀၀)ရရှိခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်နခြေင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net