တာကော်တံတားတွင် မိုင်းပျဉ်းဘက်မှ ကာလိဘက်သို့ လာသည့် အမျိုးသမီး နှစ်ဦးထံက စိတ်ကြွဆေးများ ဖမ်းမိ

တာကော်တံတားတွင် မိုင်းပျဉ်းဘက်မှ ကာလိဘက်သို့ လာသည့် အမျိုးသမီး နှစ်ဦးထံက စိတ်ကြွဆေးများ ဖမ်းမိ
ဒီဇင်ဘာ 20, 2019
By Tachileik News Agency
တာကော်တံတားတွင် မိုင်းပျဉ်းဘက်မှ ကာလိဘက်သို့ လာသည့် အမျိုးသမီး နှစ်ဦးထံက 
စိတ်ကြွဆေးများ ဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တာကော်တံတားတွင် မိုင်းပျဉ်းဘက်မှ ကာလီဘက်သို့ အမျိုးသမီးနှစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀၀) ရှာဖွေသိမ်းဆည်းရမိကာ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက်(၇)နာရီအချိန်က ကွန်ဟိန်းမြို့နယ်၊ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးစခန်း၌ တားဆီးနှိမ်နှင်းရေးဆောင်ရွက်နေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်တင်ဆောင်လာသည့် ဆောင်းဘောက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများထည့်လာသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများ စစ်ဆေးတွေ့ရသဖြင့် မူးယစ်ဆေးသယ်လာသည့် မော်တော်ယာဉ်၊ ယာဉ်ပေါ်တွင် တွေ့ရသည့် ငွေကျပ် (၁၉)သိန်း၊ လက်ကိုင်ဖုန်း (၂)လုံးတို့ကို သိမ်းဆည်းလိုက်ပြီး ယာဉ်မောင်း အသက် (၃၆)နှစ်အရွယ်ရှိ  စောဝေဝေနှင်းနှင့် ယာဉ်ပေါ်လိုက်ပါလာသူ အသက် (၄၇)နှစ်အရွယ်ရှိ သန်းသန်းမော်တို့ကို
မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~