တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ ဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲ ကျင်းပ

တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ ဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲ ကျင်းပ
မေ 18, 2019
By Tachileik News Agency


ညောင်ရေသွန်းလောင်းပွဲ မကျင်းပမီတွင် တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်းတိုက်၏ ဦးစီးနာယက ဆရာတော် အဂ္ဂမဟာဇောတိကဓဇ ဘဒ္ဒ န္တပညာသာမိ နှင့် ပင့်ဖိတ်ထားသော ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကာ ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ပြီး ကြွရောက်လာသူများက ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်




~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲအား ကဆုန်လပြည့်နေ့ ၂၀၁၉ခုနှစ် မေလ(၁၈)ရက်နေ့ နံနက် (၆)နာရီခွဲက ကျင်းပပြုလုပ်သည်။

ညောင်ရေသွန်းလောင်းပွဲ မကျင်းပမီတွင် တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်းတိုက်၏ ဦးစီးနာယက ဆရာတော် အဂ္ဂမဟာဇောတိကဓဇ ဘဒ္ဒ န္တပညာသာမိ နှင့် ပင့်ဖိတ်ထားသော ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကာ ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ပြီး ကြွရောက်လာသူများက ရေစက်သွန်းချ အမျှပေးေဝခဲ့ကြသည်။

ကြွရောက်လာသော ဆရာတော်ကြီးများ အပါအဝင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ညောင်ရေသွန်းလောင်လှူခဲ့ကြသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net