ေနာင္ခ်ိဳ - ေက်ာက္မဲၿမိဳ႕ေရွာင္လမ္းအတြက္ လမ္းနယ္ႏွင့္လယ္ယာေျမ နယ္ေျမကန္႔သတ္ျခင္း စတင္လုပ္ေဆာင္

ေနာင္ခ်ိဳ - ေက်ာက္မဲၿမိဳ႕ေရွာင္လမ္းအတြက္ လမ္းနယ္ႏွင့္လယ္ယာေျမ နယ္ေျမကန္႔သတ္ျခင္း စတင္လုပ္ေဆာင္
ဧပြီ 22, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕ၾကား ေဖါက္လုပ္မည့္ ၿမိဳ႕ေရွာင္လမ္းအတြက္ လမ္းနယ္ေျမႏွင့္ လယ္ယာေျမမ်ားၾကား နယ္ေျမကန္႔သတ္ျခင္းလုပ္ငန္းကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၂) ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္ေၾကာင္း သိရသည္။

"ၿမိဳ႕ေရွာင္လမ္းအတြက္ စတင္တာေတာ့ မဟုတ္ေသးပါဘူး။ အခုလုပ္ေဆာင္တာက လမ္းနယ္ေျမနဲ႔ အျခား လယ္ယာေျမေတြအၾကား သီးသီးသန္႔သန္႔ျဖစ္သြားေအာင္ နယ္ေျမကန္႔သတ္တာျဖစ္ပါတယ္။ လမ္းအူေၾကာင္း ထိုးတယ္ဆိုတာေတာ့ မဟုတ္ေသးပါဘူး။ အဲဒါေတြစတင္ဖို႔ ၿမိဳ႕ေရွာင္လမ္းအတြက္က ေျမယာေလ်ာ္ေၾကး အၿပီးသတ္ေပးဖို႔ ေတာင္သူ (၇) ဦး က်န္ပါေသးတယ္။ အ့ဲဒါမၿပီးသေရြ႕ လမ္းနဲ႔ တံတားလုပ္ငန္းက မစေသးပါဘူး"ဟု ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းအား တာဝန္ယူထားသည့္ Oriental Highway Co.ltd မွ စီမံကိန္း မန္ေနဂ်ာ ဦးသက္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္ခ်ဳိၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္ နယ္နိမိတ္သတ္မွတ္ထားသည့္ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕ၾကားတြင္ လမ္းနယ္ႏွင့္ လယ္ယာေျမနယ္အၾကား နယ္နိမိတ္ကန္႔သတ္ျခင္းကို ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး၊ ေက်ာက္မဲၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ၊ ရွမ္းျပည္နယ္လမ္းဦးစီးဌာန၊ ေနာင္ခ်ိဳႏွင့္ေက်ာက္မဲၿမိဳ႕တို႔မွ လမ္းဦးစီးဌာန၊ ေျမစာရင္း ဦးစီးဌာန၊ သစ္ေတာဦးစီးဌာနႏွင့္ သက္ဆိုင္ရာ ရပ္/ေက်း အုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ား၊ ေတာင္သူမ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ လုပ္ေဆာင္ျခင္းျဖစ္သည္။

ေနာင္ခ်ဳိႏွင့္ ေက်ာက္မဲၾကားရွိ ဂုတ္တြင္းလမ္းပိုင္းတြင္ မၾကာခဏယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ျဖစ္ပြားေနသည့္ ၿမိဳ႕ေရွာင္လမ္းနွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းကို Oriental Highway Co.ltd က B.O.T စနစ္ျဖင့္ လုပ္ကိုင္ခြင့္ရထားျခင္းျဖစ္သည္။

သတင္း -  ေနၿဖိဳးျမင့္
ဓါတ္ပံု -  ေထြအုပ္


~~~~~~~~⊰❂ Unicode Version ~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကြား ဖောက်လုပ်မည့် မြို့ရှောင်လမ်းအတွက် လမ်းနယ်မြေနှင့် လယ်ယာမြေများကြား နယ်မြေကန့်သတ်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကြောင်း သိရသည်။

"မြို့ရှောင်လမ်းအတွက် စတင်တာတော့ မဟုတ်သေးပါဘူး။ အခုလုပ်ဆောင်တာက လမ်းနယ်မြေနဲ့ အခြား လယ်ယာမြေတွေအကြား သီးသီးသန့်သန့်ဖြစ်သွားအောင် နယ်မြေကန့်သတ်တာဖြစ်ပါတယ်။ လမ်းအူကြောင်း ထိုးတယ်ဆိုတာတော့ မဟုတ်သေးပါဘူး။ အဲဒါတွေစတင်ဖို့ မြို့ရှောင်လမ်းအတွက်က မြေယာလျော်ကြေး အပြီးသတ်ပေးဖို့ တောင်သူ (၇) ဦး ကျန်ပါသေးတယ်။ အဲ့ဒါမပြီးသရွေ့ လမ်းနဲ့ တံတားလုပ်ငန်းက မစသေးပါဘူး"ဟု နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်စီမံကိန်းအား တာဝန်ယူထားသည့် Oriental Highway Co.ltd မှ စီမံကိန်း မန်နေဂျာ ဦးသက်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ် နယ်နိမိတ်သတ်မှတ်ထားသည့် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကြားတွင် လမ်းနယ်နှင့် လယ်ယာမြေနယ်အကြား နယ်နိမိတ်ကန့်သတ်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကျောက်မဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်လမ်းဦးစီးဌာန၊ နောင်ချိုနှင့်ကျောက်မဲမြို့တို့မှ လမ်းဦးစီးဌာန၊ မြေစာရင်း ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ တောင်သူများ ပါဝင်သည့်အဖွဲ့ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

နောင်ချိုနှင့် ကျောက်မဲကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် မကြာခဏယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေသည့် မြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်စီမံကိန်းကို Oriental Highway Co.ltd က B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ထွေအုပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net