တာချီလိတ်မြို့တွင် အိမ်အကူပြန်သွားပြီး (၅) ရက်အကြာ ကျပ်သိန်း(၃၀၀)ကျော် တန်ဖိုးရှိ ငွေကြေးများနှင့် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေကြောင်း သိရှိရ၍ အမှုဖွင့်တိုင်ကြားထား

တာချီလိတ်မြို့တွင် အိမ်အကူပြန်သွားပြီး (၅) ရက်အကြာ ကျပ်သိန်း(၃၀၀)ကျော် တန်ဖိုးရှိ ငွေကြေးများနှင့် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေကြောင်း သိရှိရ၍ အမှုဖွင့်တိုင်ကြားထား
ဧပွီ 22, 2019
By Tachileik News Agency


တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်တွင် နေထိုင်သူ မနန်းဆွတ်မှ မိခင်ဖြစ်သူ ဒေါ်နန်းလောင်၏ ဝေယျယ၀စ္စများ ဆောင်ရွက်ရန်နှင့် အိမ်လုပ်ငန်းများ ကူညီဆောင်ရွက်ရန်အတွက် ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးကို လွန်ခဲ့သည့် (၃) လခန့်က တစ်လလျှင် ထိုင်းဘတ်ငွေ (၃၀၀၀) ဖြင့်ခေါ်ယူခဲ့ကြောင်း၊ အိမ်အကူမှာ အရေးပေါ်ကိစ္စဖြင့် နေရပ်ပြန်ရန်အတွက်ဟုဆိုကာ အလုပ်မှထွက်သွားအပြီး(၅) ရက်ခန့်အကြာတွင် အခန်းတွင်းရှိ ရွှေ၊ ငွေပစ္စည်းများ သိမ်းဆည်းသည့် သံသေတ္တာကို ကြည့်ရှုစစ်ဆေးရာ ထိုင်းအလေးချိန် (၈) ဘတ်သားခန့်ရှိ ရွှေဆွဲကြိုး (၁) ကုံး(တန်ဖိုး မြန်မာကျပ်ငွေ (၇၈) သိန်းခန့်)၊ ထိုင်းအလေးချိန် (၃) ဘတ်သားခန့်ရှိ ရွှေလက်ကောက် (၁) ကွင်း(တန်ဖိုးမြန်မာကျပ်ငွေသိန်း (၃၀) ခန့်)၊ တရုတ်ယွမ်ငွေ (၉၆,၀၀၀) ယွမ်(မြန်မာကျပ်ငွေသိန်း (၂၁၀) ခန့်)၊ ထိုင်းဘတ်ငွေ (၃၀,၀၀၀) ဘတ်(မြန်မာကျပ်ငွေ (၁၄) သိန်းခန့်)၊ စုစုပေါင်း ကျပ်သိန်း (၃၃၂) သိန်းခန့် ပျောက်ဆုံးနေကြောင်း တာချီလိတ်မြို့မရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် နယ်မှခေါ်ယူထားသည့် အိမ်အကူမှာ နေရပ်ပြန်ရန်အတွက်ဟုဆိုကာ အလုပ်မှထွက်သွားအပြီး (၅) ရက်အကြာတွင် နေအိမ်ရှိ ပစ္စည်းများစစ်ဆေးကြည့်ရာမှ သိန်း (၃၀၀) ကျော်တန်ဖိုးရှိ လက်ဝတ်လက်စားများနှင့် ငွေကြေးများ ပျောက်ဆုံးနေကြောင်း သိရ၍ တာချီလိတ်မြို့မရဲစခန်းတွင် ၂၀၁၉ ခုနှစ် ဧပြီလ (၂၂) ရက်နေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် နေထိုင်သူ မနန်းဆွတ်မှ မိခင်ဖြစ်သူ ဒေါ်နန်းလောင်၏ေဝယျယဝစ္စများ ဆောင်ရွက်ရန်နှင့် အိမ်လုပ်ငန်းများ ကူညီဆောင်ရွက်ရန်အတွက် ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးကို လွန်ခဲ့သည့် (၃) လခန့်က တစ်လလျှင် ထိုင်းဘတ်ငွေ (၃၀၀၀) ဖြင့်ခေါ်ယူခဲ့ကြောင်း၊ အိမ်အကူမှာ အရေးပေါ်ကိစ္စဖြင့် နေရပ်ပြန်ရန်အတွက်ဟုဆိုကာ အလုပ်မှထွက်သွားအပြီး(၅) ရက်ခန့်အကြာတွင် အခန်းတွင်းရှိ ရွှေ၊ ငွေပစ္စည်းများ သိမ်းဆည်းသည့် သံသေတ္တာကို ကြည့်ရှုစစ်ဆေးရာ ထိုင်းအလေးချိန် (၈) ဘတ်သားခန့်ရှိ ရွှေဆွဲကြိုး (၁) ကုံး(တန်ဖိုး မြန်မာကျပ်ငွေ (၇၈) သိန်းခန့်)၊ ထိုင်းအလေးချိန် (၃) ဘတ်သားခန့်ရှိ ရွှေလက်ကောက် (၁) ကွင်း(တန်ဖိုးမြန်မာကျပ်ငွေသိန်း (၃၀) ခန့်)၊ တရုတ်ယွမ်ငွေ (၉၆,ဝဝဝ) ယွမ်(မြန်မာကျပ်ငွေသိန်း (၂၁၀) ခန့်)၊ ထိုင်းဘတ်ငွေ (၃၀,ဝဝဝ) ဘတ်(မြန်မာကျပ်ငွေ (၁၄) သိန်းခန့်)၊ စုစုပေါင်း ကျပ်သိန်း (၃၃၂) သိန်းခန့် ပျောက်ဆုံးနေကြောင်း တာချီလိတ်မြို့မရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့မရဲစခန်းမှ (ပ)၂၂၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး တရားခံဖမ်းဆီးရမိရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စုံစမ်းလျှက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net