လိြဳင္ေကာ္သႀကၤန္ ဗဟိုမ႑ပ္တြင္ ဧၿပီလ (၁၄)ရက္မွ (၁၆)ရက္အထိ ေန႔စဥ္ စတုဒီသာေကၽြးမည္

လိြဳင္ေကာ္သႀကၤန္ ဗဟိုမ႑ပ္တြင္ ဧၿပီလ (၁၄)ရက္မွ (၁၆)ရက္အထိ ေန႔စဥ္ စတုဒီသာေကၽြးမည္
ဧပြီ 12, 2019
By Tachileik News Agency

ကယားျပည္နယ္တြင္ ျမန္မာ့႐ုိးရာ မဟာသႀကၤန္ပြဲေတာ္၏ ဗဟိုမ႑ပ္ကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၃)ရက္ေန႔တြင္ စတင္ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ဗဟိုမ႑ပ္ေဘး႐ွိ စတုဒီသာမ႑ပ္တြင္ ဧၿပီလ (၁၄)ရက္ေန႔မွ (၁၆)ရက္ေန႔အထိ ေန႔စဥ္နံနက္ (၈)နာရီမွ ညေန (၆)နာရီအတြင္း ထမင္းႏွင့္ ဟင္းလ်ာမ်ား အခ်ိဳပြဲမ်ားျဖင့္ စတုဒိသာေကြၽးေမြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ ဗဟိုမ႑ပ္ကို သႀကၤန္အႀကိဳေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၃) ရက္ေန႔ဖြင့္ပြဲျဖင့္ စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး ဗဟိုမ႑ပ္၏ ေဖ်ာ္ေျဖေရးအစီစဥ္မ်ားကို ညေန (၅)နာရီတြင္စတင္မည္ျဖစ္သည္။

သႀကၤန္ဖြင့္ပြဲမက်င္းမီ ဧၿပီလ(၁၂)ရက္ေန႔ ညေနပိုင္းက ဖြင့္ပြဲအႀကိဳေလ့က်င့္မႈကိုလည္း လုပ္ေဆာင္ခဲ့ၾကသည္။

ကယားျပည္နယ္အစိုးရအဖြဲ႔မွ ႀကီးမွဴးက်င္းပမည့္ ျမန္မာ့႐ုိးရာမဟာသႀကၤန္ပြဲေတာ္တြင္ ဧၿပီလ (၁၃) ရက္ေန႔မွစ၍ (၁၆) ရက္ေန႔ထိ ယိမ္းအဖြဲ႔ (၁၁)ဖြဲ႔၏ ယွဥ္ၿပိဳင္ေဖ်ာ္ေျဖမႈမ်ား ၊ ႏိုင္ငံေက်ာ္အဆိုေတာ္မ်ားႏွင့္ ေဒသခံအဆိုေတာ္မ်ား၏ ေတးဂီတေဖ်ာ္ေျဖျခင္းမ်ား ပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။

၂၀၁၉ ခုႏွစ္ ျမန္မာ့႐ုိးရာ မဟာသၾကၤန္ပြဲေတာ္အတြက္ က်ပ္သိန္း (၁၃၀၀) သုံးစြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း

\
~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်၏ ဗဟိုမဏ္ဍပ်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်ဘေးရှိ စတုဒီသာမဏ္ဍပ်တွင် ဧပြီလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ နေ့စဉ်နံနက် (၈)နာရီမှ ညနေ (၆)နာရီအတွင်း ထမင်းနှင့် ဟင်းလျာများ အချိုပွဲများဖြင့် စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့ ဗဟိုမဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့ဖွင့်ပွဲဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်၏ ဖျော်ဖြေရေးအစီစဉ်များကို ညနေ (၅)နာရီတွင်စတင်မည်ဖြစ်သည်။

သင်္ကြန်ဖွင့်ပွဲမကျင်းမီ ဧပြီလ(၁၂)ရက်နေ့ ညနေပိုင်းက ဖွင့်ပွဲအကြိုလေ့ကျင့်မှုကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ဧပြီလ (၁၃) ရက်နေ့မှစ၍ (၁၆) ရက်နေ့ထိ ယိမ်းအဖွဲ့ (၁၁)ဖွဲ့၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများ၊ နိုင်ငံကျော်အဆိုတော်များနှင့် ဒေသခံအဆိုတော်များ၏ တေးဂီတဖျော်ဖြခြေင်းများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတွက် ကျပ်သိန်း (၁၃၀၀) သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net