က်ဳိင္းတံုတြင္ သႀကၤန္လည္ရန္ ဆိုင္ကယ္ေပးမငွား၍ ေနအိမ္မီးဖိုခန္းအား မီးရႈိ႕

က်ဳိင္းတံုတြင္ သႀကၤန္လည္ရန္ ဆိုင္ကယ္ေပးမငွား၍ ေနအိမ္မီးဖိုခန္းအား မီးရႈိ႕
ဧပြီ 16, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္၊ ယန္းေလာေက်းရြာအုပ္စု၊ က်ိဳင္းေဖာင္းရြာတြင္ အိမ္ငွားျဖစ္သူထံမွ ဆုိင္ကယ္ငွားမရသျဖင့္ ေနအိမ္ခန္းကို မီးရိႈ႕သျဖင့္ မီးေလာင္မႈျဖစ္ပြားေၾကာင္း သိရသည္။

က်ိဳင္းေဖာင္းရြာမွ ဦးႏုိင္ဦး၏ ေနအိမ္ႏွင့္တြဲလ်က္ မီးဖိုေဆာင္တြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၅)ရက္ေန႔ ညေန (၃)နာရီက မီးေလာင္မႈျဖစ္ပြားရာ မီးသတ္တပ္ဖြဲ႕က (၁၅)မိနစ္ၾကာၿငိႇမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

မီးေလာင္မႈအား ရဲတပ္ဖြဲ႕က စံုစမ္းရာ အဆိုပါေနအိမ္ခန္း၏ ပိုင္ရွင္ျဖစ္သူ ေအာင္မိုးဦး (ခ) ေမာင္ေမာင္က ဦးႏုိင္ဦးထံ သႀကၤန္လည္ရန္ ဆုိင္ကယ္လာငွားသည္ကို မငွား၍ ေဝၚခုတ္ၿမိဳ႕သစ္သို႔ သြားေနစဥ္ ဦးနိုင္ဦးကို ငွားရမ္းေပးထားသည့္ ေနအိမ္၏ မီီးဖိုခန္းအား ေအာင္မိုးဦး (ခ)ေမာင္ေမာင္က မီးရိႈ႕ျခင္းျဖစ္သည္ဟု ဆိုသည္။

ေနအိမ္ကို မီးရိႈ႕သည့္ ေအာင္မိုးဦး(ခ)ေမာင္ေမာင္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္းသိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - KHS



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းရွာတွင် အိမ်ငှါးဖြစ်သူထံမှ ဆိုင်ကယ်ငှါးမရသဖြင့် နေအိမ်ခန်းကို မီးရှို့သဖြင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ကျိုင်းဖောင်းရွာမှ ဦးနိုင်ဦး၏ နေအိမ်နှင့်တွဲလျက် မီးဖိုဆောင်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ ညနေ (၃)နာရီက မီးလောင်မှုဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့က (၁၅)မိနစ်ကြာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုအား ရဲတပ်ဖွဲ့က စုံစမ်းရာ အဆိုပါနေအိမ်ခန်း၏ ပိုင်ရှင်ဖြစ်သူ အောင်မိုးဦး (ခ) မောင်မောင်က ဦးနိုင်ဦးထံ သင်္ကြန်လည်ရန် ဆိုင်ကယ်လာငှါးသည်ကို မငှါး၍ ဝေါ်ခုတ်မြို့သစ်သို့ သွားနေစဉ် ဦးနိုင်ဦးကို ငှါးရမ်းပေးထားသည့် နေအိမ်၏ မီးဖိုခန်းအား အောင်မိုးဦး (ခ)မောင်မောင်က မီးရှို့ခြင်းဖြစ်သည်ဟု ဆိုသည်။

နေအိမ်ကို မီးရှို့သည့် အောင်မိုးဦး(ခ)မောင်မောင်အား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net