လူထုနှင့်အတူရပ်တည်ရန် ပအိုဝ်းလူငယ်၊ ကျောင်းသားနှင့် အရပ်ဘက်လူမှုအဖွဲ့များက PNO/PNA ကို တောင်းဆို

လူထုနှင့်အတူရပ်တည်ရန် ပအိုဝ်းလူငယ်၊ ကျောင်းသားနှင့် အရပ်ဘက်လူမှုအဖွဲ့များက PNO/PNA ကို တောင်းဆို

PNO/PNA အနေဖြင့် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေး၊ စစ်ရေးအရ အသုံးချမခံဘဲ လူထုနှင့်အတူရပ်တည်၍ အာဏာရှင်စနစ်တွန်းလှန်ရန် ပအိုဝ်းလူငယ်အဖွဲ့များ၊ ပအိုဝ်းကျောင်းသူ/ကျောင်းသားများနှင့် ပအိုဝ်းအရပ်ဘက်လူမှုအဖွဲ့များက ၂၀၂၁ ခုနှစ် မေလ (၃၀) ရက်နေ့တွင် သဘောထားထုတ်ပြန်တောင်းဆိုလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ကယား (ကရင်နီ)ပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ခိုက်မှုအတွင်း ပအိုဝ်းတိုင်းရင်းသားအဖွဲ့ဖြစ်သည့် PNO/PNA က အာဏာသိမ်းစစ်ကောင်စီတပ်ကို ကူညီသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ပအိုဝ်းလူငယ်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ယင်းကဲ့သို့ တောင်းဆိုလာခြင်းဖြစ်သည်။

PNO/PNA အနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ပူးပေါင်းကူညီပါက ပအိုဝ်းအမျိုးသားတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်းနှင့် ပူးပေါင်းကူညီမှုအားလုံးကိုလည်း ကန့်ကွက်ကြောင်း သဘောထားဖေါ်ပြထားသည်ကို တွေ့ရသည်။

#TachileikNewsAgency