ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ၌ ဧၿပီလ(၂၆)ရက္ေန႔တြင္ အသိပညာေပးေဟာေျပာမည္ မည္သူမဆို လာေရာက္ ေလ့လာႏိုင္

ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ၌ ဧၿပီလ(၂၆)ရက္ေန႔တြင္ အသိပညာေပးေဟာေျပာမည္ မည္သူမဆို လာေရာက္ ေလ့လာႏိုင္
ဧပြီ 21, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ရွိ စန္းစန္းမဂၤလာခန္းမတြင္ မႏၱေလးအေထြေထြေရာဂါကုေဆးရံုႀကီး(ႏွလံုးေရာဂါအထူးကုဌာန)ႏွင့္ ေတာင္ႀကီးၿမိဳ႕ျမန္မာႏိုင္ငံဆရာ၀န္အသင္းတို႔ ပူးေပါင္းၿပီး လူထုအေျချပဳ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ သတိျပဳဖြယ္ရာ ပညာေပးေဟာေျပာပြဲအစီအစဥ္ကို ၂၀၁၉ ခုႏွစ္ ဧၿပီလ (၂၆) ရက္ေန႔ နံနက္(၉)နာရီတြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေဟာေျပာပြဲကို မႏၱေလးအေထြေထြေရာဂါကုေဆးရံုႀကီး(ႏွလံုးေရာဂါကုဌာန)မွ ပါေမာကၡေဒါက္တာေဒၚသန္းသန္းႀကိဳင္ႏွင့္ ပါေမာကၡေဒါက္တာေက်ာ္စိုး၀င္းတို႔က ႏွလံုးေသြးေၾကာက်ဥ္းေရာဂါႏွင့္ပတ္သက္သည့္ သိမွတ္ဖြယ္ရာမ်ား၊ ေဆာင္ရန္ ေရွာင္ရန္မ်ားကို မနက္ (၉) နာရီမွ (၁၁) နာရီအထိေဟာေျပာမည္ျဖစ္ရာတြင္ မည္သူမဆို လလာေရာက္ကာ အခမဲ့ ေလ့လာသိရွိႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။


"ေသြးေၾကာက်ဥ္းေရာဂါက သိဖို႔က အရမ္းခက္တယ္။ ဘယ္လိုသိသင့္လည္း၊ ဘာေတြေရွာင္ရမွာလည္း၊ အသက္ဆံုးရံႈးမႈ မျဖစ္ေအာင္ေပါ့။ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါျဖစ္ၿပီဆိုရင္ အခ်ိန္မီသူတို႔ဆီပို႔ေပးႏိုင္ဖို႔ လုပ္ေပးမယ့္သူေတြရဲ႕ဖုန္းနံပတ္ေတြလည္း ေပးမွာေပါ့။ ျပည္သူေတြအေနနဲ႔ ႏွလံုးေသြးေၾကာက်ဥ္းတာ ခ်က္ျခင္းသိရင္ ခ်က္ျခင္းသြား ခ်က္ျခင္းခ်ဲ႕ေပးႏိုင္တာေပါ့ေနာ္။ ဘယ္လိုေနထိုင္ရမယ္၊ ဘယ္လိုေရွာင္ရွားရမယ္၊ အေစာဆံုးလကၡဏာေတြက ဘယ္လိုဆိုတာေတြ အကုန္ေျပာျပေပးမွာေပါ့ေနာ္။ ေဟာေျပာၿပီးရင္ နားလည္မႈ ဘယ္လိုေလးလဲ ေမးခြန္းေလးေတြကို စာရြက္ေလးေတြနဲ႔ ျပန္ေျဖေပးမွာေပါ့။ တက္ေရာက္လာတဲ့သူေတြအတြက္ ဦးထုပ္ေတြေ၀ပါမယ္။ မုန္႔ေတြလည္းစီစဥ္ထားပါတယ္။ လက္ကမ္းစာေစာင္ေလးေတြလည္းေ၀ပါမယ္"ဟု ေတာင္ႀကီးၿမိဳ႕ျမန္မာႏိုင္ငံဆရာ၀န္အသင္းမွ ေဒါက္တာနန္းခမ္းႏြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ႏွလံုးေသြးေၾကာက်ဥ္းေရာဂါမွာ ကမၻာတစ္၀ွမ္းလံုးတြင္ ေသဆံုးမႈအမ်ားဆံုးေရာဂါ ျဖစ္ေနသည့္အတြက္ ဥေရာပႏွလံုးပညာရွင္မ်ားအသင္းမွ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါကို အခ်ိန္မီကာကြယ္ကုသႏိုင္ေရးအတြက္ ပညာေပးအစီအစဥ္မ်ားကို ျပဳလုပ္ႏိုင္ရန္ေဆာင္ရြက္ခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ ဆရာ၀န္အသင္းရိွရာၿမိဳ႕တိုင္းတြင္ ေဟာေျပာပြဲမ်ားစီစဥ္လာျခင္းျဖစ္ၿပီး ဆရာ၀န္မ်ားႏွင့္ သူနာျပဳဆရာမမ်ားအတြက္လည္း အေရးေပၚႏွလံုးေရာဂါျပဳစုမႈသင္တန္းကို ေတာင္ႀကီး CITY HOTEL တြင္လည္း သင္တန္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ 

သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ စန်းစန်းမင်္ဂလာခန်းမတွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး(နှလုံးရောဂါအထူးကုဌာန)နှင့် တောင်ကြီးမြို့မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်းပြီး လူထုအခြပြေု နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ ပညာပေးဟောပြောပွဲအစီအစဉ်ကို ၂၀၁၉ ခုနှစ် ဧပြီလ (၂၆) ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး(နှလုံးရောဂါကုဌာန)မှ ပါမောက္ခဒေါက်တာဒေါ်သန်းသန်းကြိုင်နှင့် ပါမောက္ခဒေါက်တာကျော်စိုးဝင်းတို့က နှလုံးသွေးကြောကျဉ်းရောဂါနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ ဆောင်ရန် ရှောင်ရန်များကို မနက် (၉) နာရီမှ (၁၁) နာရီအထိဟောပြောမည်ဖြစ်ရာတွင် မည်သူမဆို လလာရောက်ကာ အခမဲ့ လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

"သွေးကြောကျဉ်းရောဂါက သိဖို့က အရမ်းခက်တယ်။ ဘယ်လိုသိသင့်လည်း၊ ဘာတွေရှောင်ရမှာလည်း၊ အသက်ဆုံးရှုံးမှု မဖြစ်အောင်ပေါ့။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပြီဆိုရင် အချိန်မီသူတို့ဆီပို့ပေးနိုင်ဖို့ လုပ်ပေးမယ့်သူတွေရဲ့ဖုန်းနံပတ်တွေလည်း ပေးမှာပေါ့။ ပြည်သူတွေအနေနဲ့ နှလုံးသွေးကြောကျဉ်းတာ ချက်ခြင်းသိရင် ချက်ခြင်းသွား ချက်ခြင်းချဲ့ပေးနိုင်တာပေါ့နော်။ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုရှောင်ရှားရမယ်၊ အစောဆုံးလက္ခဏာတွေက ဘယ်လိုဆိုတာတွေ အကုန်ပြောပြပေးမှာပေါ့နော်။ ဟောပြောပြီးရင် နားလည်မှု ဘယ်လိုလေးလဲ မေးခွန်းလေးတွေကို စာရွက်လေးတွေနဲ့ ပြန်ဖြေပေးမှာပေါ့။ တက်ရောက်လာတဲ့သူတွေအတွက် ဦးထုပ်တွေဝပါမယ်။ မုန့်တွေလည်းစီစဉ်ထားပါတယ်။ လက်ကမ်းစာစောင်လေးတွေလည်းေဝပါမယ်"ဟု တောင်ကြီးမြို့မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာနန်းခမ်းနွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

နှလုံးသွေးကြောကျဉ်းရောဂါမှာ ကမ္ဘာတစ်ဝှမ်းလုံးတွင် သေဆုံးမှုအများဆုံးရောဂါ ဖြစ်နေသည့်အတွက် ဥရောပနှလုံးပညာရှင်များအသင်းမှ နှလုံးသွေးကြောကျဉ်းရောဂါကို အချိန်မီကာကွယ်ကုသနိုင်ရေးအတွက် ပညာပေးအစီအစဉ်များကို ပြုလုပ်နိုင်ရန်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဆရာဝန်အသင်းရှိရာမြို့တိုင်းတွင် ဟောပြောပွဲများစီစဉ်လာခြင်းဖြစ်ပြီး ဆရာဝန်များနှင့် သူနာပြုဆရာမများအတွက်လည်း အရေးပေါ်နှလုံးရောဂါပြုစုမှုသင်တန်းကို တောင်ကြီး CITY HOTEL တွင်လည်း သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net