လားရိႈးၿမိဳ႕တြင္ တပ္မေတာ္သိမ္းဆည္းေျမမ်ားျပန္လည္စြန္႔လႊတ္ရန္ ဆႏၵထုတ္ေဖၚ

လားရိႈးၿမိဳ႕တြင္ တပ္မေတာ္သိမ္းဆည္းေျမမ်ားျပန္လည္စြန္႔လႊတ္ရန္ ဆႏၵထုတ္ေဖၚ
ဧပြီ 5, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ တပ္မေတာ္သိမ္းဆည္းေျမမ်ား ျပန္လည္စြန္႔လႊတ္ေပးရန္ ေဒသခံမ်ားက ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၅)ရက္ေန႔နံနက္ပိုင္း၌ ဆႏၵထုတ္ေဖၚၾကသည္။

"က်ြန္ေတာ္တို႔ လယ္ေျမေတြကို လ.စ.ရ တပ္က တပ္ပိုင္ေျမထဲမွာပါတယ္ဆိုၿပီး ၂၀၁၄ ခုႏွစ္မွာကတည္းက သိမ္းသြားတယ္။ က်ြန္ေတာ္တို႔ကို အပိုင္းေသးေသးေလးပဲ ျပန္ေပးတယ္။ သူတို႔ဆီမွာ ၅ ဧကေလာက္ ပါသြားတယ္။ အဲဒါေတြကို သူတို႔အသံုးမခ်ပဲထားထားတဲ့အတြက္ က်ြန္ေတာ္တို႔ကိုျပန္ေပးေစခ်င္တယ္" ဟု လယ္ေျမသိမ္းဆည္းခံရသည့္ မိသားစုမွ ကိုေအာင္ျမင့္ က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕ရွိ အမွတ္ ( ၃၄၆ ) အေျမာက္တပ္ရင္း၊ လ.စ.ရ ( ၇ ) တပ္ရင္း ႏွင့္ လ.ဆ.သ ( ၇ ) တပ္ရင္းတို႔က သိမ္းဆည္းထားခဲ့ေသာ ေျမမ်ားမွ ေျမပို၊ ေျမလွ်ံမ်ားအား ျပန္လည္စြန္႔လႊတ္ေပးရန္ အတြက္ သိမ္းဆည္းခံေတာင္သူမိသားစုမ်ားက ဆႏၵထုတ္ေဖၚေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဆႏၵထုတ္ေဖၚမႈအတြက္ သက္ဆုိင္ရာမွ ခြင့္ျပဳခ်က္ရယူထားၿပီး ဆႏၵထုတ္ေဖၚသူမ်ားက လားရိႈးၿမိဳ႕ အမွတ္ (၁၂) ရပ္ကြက္ ဘူတာရပ္တြင္ နံနက္ (၉) နာရီ၌ စုေဝးၾကျခင္းျဖစ္ၿပီး ဘူတာလမ္းအတိုင္း စီတန္းလွည့္လည္ ကာ ၿမိဳ႕ေတာ္ခန္းမေရွ႕ထိ လမ္းေလွ်ာက္ဆႏၵထုတ္ေဖၚခဲ့ၾကေၾကာင္း သိရသည္။

၁၉၉၂ ခုႏွစ္က သိမ္းဆည္းထားခဲ့ ေသာ ေျမဧကေပါင္းမ်ားစြာအား အသံုးျပဳျခင္းမရွိသည့္အတြက္ ျပန္လည္စြန္႔လႊတ္ေပးရန္၊ ဥပေဒႏွင့္အညီ စစ္ေဆး ေဆာင္ရြက္ေပးေရး၊ ေဒသခံေတာင္သူမ်ား၏ေျမမ်ားကို သိမ္းဆည္းကာ တစ္ဆင့္ျပန္လည္ေရာင္းခ်ေနသူမ်ားႏွင့္ ဌာနဆိုင္ရာမ်ားအား သက္ဆိုင္ရာမွ စစ္ေဆးအေရးယူေပးေရး စသည္တို႔ကိုလည္း ေၾကြးေၾကာ္ ေဟာေျပာခဲ့ၾကသည္။

ဆႏၵထုတ္ေဖၚသည့္ လမ္းေၾကာင္း တစ္ေလ်ွာက္ႏွင့္ စုရပ္ ဆံုရပ္မ်ားတြင္ ရဲတပ္္ဖြဲ႔ဝင္မ်ားက လံုၿခံဳေရးရယူေပးခဲ့ၿပီး ဆႏၵထုတ္ေဖၚသူမ်ားက နံနက္ ၁၀ နာရီခြဲခန္႔တြင္ လားရိႈးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမေရွ႕၌ စုေဝးေဟာေျပာကာ နံနက္ ၁၁ နာရီေက်ာ္တြင္ လူစုခြဲ၍ ၿပီးဆံုးခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုးမြို့တွင် တပ်မတော်သိမ်းဆည်းမြေများပြန်လည်စွန့်လွှတ်ရန် ဆန္ဒထုတ်ဖေါ်
******
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တပ်မတော်သိမ်းဆည်းမြေများ ပြန်လည်စွန့်လွှတ်ပေးရန် ဒေသခံများက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့နံနက်ပိုင်း၌ ဆန္ဒထုတ်ဖေါ်ကြသည်။

"ကျွန်တော်တို့ လယ်မြေတွေကို လ.စ.ရ တပ်က တပ်ပိုင်မြေထဲမှာပါတယ်ဆိုပြီး ၂၀၁၄ ခုနှစ်မှာကတည်းက သိမ်းသွားတယ်။ ကျွန်တော်တို့ကို အပိုင်းသေးသေးလေးပဲ ပြန်ပေးတယ်။ သူတို့ဆီမှာ ၅ ဧကလောက် ပါသွားတယ်။ အဲဒါတွေကို သူတို့အသုံးမချပဲထားထားတဲ့အတွက် ကျွန်တော်တို့ကိုပြန်ပေးစေချင်တယ်" ဟု လယ်မြေသိမ်းဆည်းခံရသည့် မိသားစုမှ ကိုအောင်မြင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့ရှိ အမှတ် ( ၃၄၆ ) အမြောက်တပ်ရင်း၊ လ.စ.ရ ( ၇ ) တပ်ရင်း နှင့် လ.ဆ.သ ( ၇ ) တပ်ရင်းတို့က သိမ်းဆည်းထားခဲ့သော မြေများမှ မြေပို၊ မြေလျှံများအား ပြန်လည်စွန့်လွှတ်ပေးရန် အတွက် သိမ်းဆည်းခံတောင်သူမိသားစုများက ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖေါ်မှုအတွက် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရယူထားပြီး ဆန္ဒထုတ်ဖေါ်သူများက လားရှိုးမြို့ အမှတ် (၁၂) ရပ်ကွက် ဘူတာရပ်တွင် နံနက် (၉) နာရီ၌ စုဝေးကြခြင်းဖြစ်ပြီး ဘူတာလမ်းအတိုင်း စီတန်းလှည့်လည် ကာ မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း သိရသည်။

၁၉၉၂ ခုနှစ်က သိမ်းဆည်းထားခဲ့ သော မြေဧကပေါင်းများစွာအား အသုံးပြုခြင်းမရှိသည့်အတွက် ပြန်လည်စွန့်လွှတ်ပေးရန်၊ ဥပဒေနှင့်အညီ စစ်ဆေး ဆောင်ရွက်ပေးရေး၊ ဒေသခံတောင်သူများ၏မြေများကို သိမ်းဆည်းကာ တစ်ဆင့်ပြန်လည်ရောင်းချနေသူများနှင့် ဌာနဆိုင်ရာများအား သက်ဆိုင်ရာမှ စစ်ဆေးအရေးယူပေးရေး စသည်တို့ကိုလည်း ကြွေးကြော် ဟောပြောခဲ့ကြသည်။

ဆန္ဒထုတ်ဖေါ်သည့် လမ်းကြောင်း တစ်လျှောက်နှင့် စုရပ် ဆုံရပ်များတွင် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူပေးခဲ့ပြီး ဆန္ဒထုတ်ဖေါ်သူများက နံနက် ၁၀ နာရီခွဲခန့်တွင် လားရှိုးမြို့ မြို့တော်ခန်းမရှေ့၌ စုဝေးဟောပြောကာ နံနက် ၁၁ နာရီကျော်တွင် လူစုခွဲ၍ ပြီးဆုံးခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net