နှစ်ဆန်းတစ်ရက်နေ့တွင် တာချီလိတ်၌ အသက်(၈၀)အထက် ဘိုးဘွား (၁၇၇)ဦးအား ပူဇော်ကန်တော့မည်ဖြစ်၍ မည်သူမဆို လာရောက်လှူဒါန်းကာ ကန်တော့နိုင်

နှစ်ဆန်းတစ်ရက်နေ့တွင် တာချီလိတ်၌ အသက်(၈၀)အထက် ဘိုးဘွား (၁၇၇)ဦးအား ပူဇော်ကန်တော့မည်ဖြစ်၍ မည်သူမဆို လာရောက်လှူဒါန်းကာ ကန်တော့နိုင်
ဧပွီ 7, 2019
By Tachileik News Agency



အဆိုပါ အခမ်းအနားသို့ လတ်တလောတွင် စာရင်းအရ တက်ရောက်ပူဇော်ခံမည့် တာချီလိတ်မြို့ပေါ် ရပ်ကွက်(၁၁)ခုမှ ဘိုးဘွား (၁၀၂)ဦး ခန့်မှန်းထားပြီး ကျန်(၇၅)ဦးမှာ တက်နိုင်ချေမရှိသော်လည်း စုပေါင်းလှူဒါန်းလာသည့် ထောက်ပံ့ပစ္စည်းများဖြင့် အိမ်တိုက်ရာရောက်သွားရောက် ပေးအပ်ကန်တော့သွားရန်လည်း စီစဉ်ထားရှိသည့်အတွက် လာရောက်လှူဒါန်းလိုသူများအနေဖြင့် စာရင်းပါအတိုင်း ဘိုးဘွား (၁၇၇)ဦးအတွက် လှူဒါန်းနိုင်ကြောင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပရေးလုပ်ငန်းကော်မတီထံက သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလက   နှစ်သစ်ကူးသက်ကြီးပူဇော်ပွဲကျင်းပရာတွင် အသက်(၈၀)နှစ်နှင့်အထက် ဘိုးဘွား (၁၁၀)ဦး စာရင်းကောက်ယူရရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စာရင်းကောက်ထားသော်လည်း စာရင်းလာရောက်ကောက်ခံမှုတွင် ကျန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း လာရောက် စာရင်းပေးနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မြန်မာနှစ်သစ်ဆန်း (၁)ရက်နေ့၌ အသက် (၈၀)နှင့်အထက် ဘိုးဘွားများ ကန်တော့ရန်အတွက် မြို့ပေါ်(၁၁)ရပ်ကွက် နှင့် ဘိုးဘွားရိပ်သာအပါအဝင် ဘိုးဘွား (၁၇၇)ဦးရှိမည်ဖြစ်ရာ အခမ်းအနားသို့ မည်သူမဆိုလာရောက် ကန်တော့နိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်ကြီးပူဇော်ပွဲအား မြန်မာနှစ်သစ်ဆန်း (၁)ရက်နေ့ဖြစ်သည့် ၂၀၁၉ခုနှစ် ဧပြီလ(၁၇)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် တာချီလိတ်မြို့ရှိ မြို့နယ်ဓမ္မာရုံ၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ လတ်တလောတွင် စာရင်းအရ တက်ရောက်ပူဇော်ခံမည့် တာချီလိတ်မြို့ပေါ် ရပ်ကွက်(၁၁)ခုမှ ဘိုးဘွား (၁၀၂)ဦး ခန့်မှန်းထားပြီး ကျန်(၇၅)ဦးမှာ တက်နိုင်ချေမရှိသော်လည်း စုပေါင်းလှူဒါန်းလာသည့် ထောက်ပံ့ပစ္စည်းများဖြင့် အိမ်တိုက်ရာရောက်သွားရောက် ပေးအပ်ကန်တော့သွားရန်လည်း စီစဉ်ထားရှိသည့်အတွက် လာရောက်လှူဒါန်းလိုသူများအနဖြေင့် စာရင်းပါအတိုင်း ဘိုးဘွား (၁၇၇)ဦးအတွက် လှူဒါန်းနိုင်ကြောင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပရေးလုပ်ငန်းကော်မတီထံက သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလက နှစ်သစ်ကူးသက်ကြီးပူဇော်ပွဲကျင်းပရာတွင် အသက်(၈၀)နှစ်နှင့်အထက် ဘိုးဘွား (၁၁၀)ဦး စာရင်းကောက်ယူရရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စာရင်းကောက်ထားသော်လည်း စာရင်းလာရောက်ကောက်ခံမှုတွင် ကျန်ရှိသူများအနဖြေင့်လည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း လာရောက် စာရင်းပေးနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net