နမၼတူၿမိဳ႕နယ္ မန္လီေက်းရြာအနီး ေတာင္ယာသြားလမ္းတြင္ မုိင္းေပါက္ကြဲ၍ (၃)ဦးေသဆံုး

နမၼတူၿမိဳ႕နယ္ မန္လီေက်းရြာအနီး ေတာင္ယာသြားလမ္းတြင္ မုိင္းေပါက္ကြဲ၍ (၃)ဦးေသဆံုး
မတ် 30, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္၊ မန္လီေက်းရြာအနီးတြင္ ၂၀၁၉ ခုနွစ္၊ မတ္လ (၃၀) ရက္ေန႔ နံနက္ပိုင္းက ေတာင္ယာသြားသည့္အဖြဲ႕ မိုင္းနင္းမိ၍ အမ်ိဳးသား (၂) ဦးႏွင့္ အမ်ိဳးသမီး (၁) ဦး ေသဆံုးၿပီး အမ်ိဳးသမီး (၄) ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

"ဒီမနက္အေစာပိုင္းမွာ ျဖစ္တာ။ မနက္အေစာ ေတာင္ယာသြားရင္းနဲ႔ သြားေနတဲ့လမ္းမွာ နင္းမိၿပီး ေပါက္ကြဲတယ္လို႔သိရတယ္။ ျဖစ္တဲ့ေနရာမွာ (၃) ဦးေသဆံုးတယ္။ ေသဆံုးသူေတြနဲ႔ ဒဏ္ရာရတဲ့သူေတြကို သီေပါျပည္သူ႔ေဆးရံု ကို ပို႔ေဆာင္ေပးထားပါတယ္" ဟု နယ္စည္းမျခားပရဟိတ(သီေပါ) အသင္းဥကၠဌ ကိုမ်ိဳး က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ နမၼတူၿမိဳ႕နယ္၊ ေခ်ာင္းဆာေက်းရြာအုပ္စု မန္လီေက်းရြာအနီးတြင္ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလအတြင္းမွစတင္၍ SSPP၊ TNLA အဖြဲ႔ႏွင့္ RCSS အဖြဲ႔တို႔ တိုက္ပြဲမ်ား မၾကာခဏျဖစ္ပြားေနသည့္ နယ္ေျမျဖစ္ကာ အဆိုပါ မန္လီေက်းရြာမွ ေဒသခံ (၁၂) ဦးမွာလည္း RCSS တပ္ဖြဲ႔က ဖမ္းဆီးေခၚေဆာင္ခံခဲ့ရၿပီး ယင္းတုိ႔အနက္ (၈)ဦးကို မတ္လ (၂၉) ရက္ေန႔က ျပန္လႊတ္ေပးခဲ့ျခင္းျဖစ္သည္။

ဒဏ္ရာရသူမ်ားအား ကုသေပးေနဆဲျဖစ္ၿပီး အေျခအေနမ်ားကို အတည္ျပဳေပး၍ မရေသးေၾကာင္း သီေပါျပည္သူ႔ေဆးရံု တာဝန္ရိွသူထံမွ သိရသည္။

သတင္း -  ေနၿဖိဳးျမင့္
ဓါတ္ပံု - နယ္စည္းမျခားပရဟိတ(သီေပါ)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းက တောင်ယာသွားသည့်အဖွဲ့ မိုင်းနင်းမိ၍ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး သေဆုံးပြီး အမျိုးသမီး (၄) ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

"ဒီမနက်အစောပိုင်းမှာ ဖြစ်တာ။ မနက်အစော တောင်ယာသွားရင်းနဲ့ သွားနေတဲ့လမ်းမှာ နင်းမိပြီး ပေါက်ကွဲတယ်လို့သိရတယ်။ ဖြစ်တဲ့နေရာမှာ (၃) ဦးသေဆုံးတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို သီပေါပြည်သူ့ဆေးရုံ ကို ပို့ဆောင်ပေးထားပါတယ်" ဟု နယ်စည်းမခြားပရဟိတ(သီပေါ) အသင်းဥက္ကဌ ကိုမျိုး က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စု မန်လီကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှစတင်၍ SSPP၊ TNLA အဖွဲ့နှင့် RCSS အဖွဲ့တို့ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် နယ်မြဖြေစ်ကာ အဆိုပါ မန်လီကျေးရွာမှ ဒေသခံ (၁၂) ဦးမှာလည်း RCSS တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ယင်းတို့အနက် (၈)ဦးကို မတ်လ (၂၉) ရက်နေ့က ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသူများအား ကုသပေးနေဆဲဖြစ်ပြီး အခြေအနေများကို အတည်ပြုပေး၍ မရသေးကြောင်း သီပေါပြည်သူ့ဆေးရုံ တာဝန်ရှိသူထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတ(သီပေါ)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net