မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့တွင် ငွေလဲ လုပ်ကိုင်သူ အမျိုးသမီးတစ်ဦး၏ ငွေများကို အမျိုးသား(၄)ဦးက လုယက်

မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့တွင် ငွေလဲ လုပ်ကိုင်သူ အမျိုးသမီးတစ်ဦး၏ ငွေများကို အမျိုးသား(၄)ဦးက လုယက်
ဖေဖော်ဝါရီ 26, 2020
By Tachileik News Agency
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့တွင် ငွေလဲ လုပ်ကိုင်သူ အမျိုးသမီးတစ်ဦး၏ ငွေများကို 

အမျိုးသား(၄)ဦးက လုယက် မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ငွေ နှင့် မြန်မာကျပ်ငွေ လဲလှယ်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး တစ်ဦးအား ဓါးကိုင်ထားသည့် အမျိုးသား (၄)ဦးမှ လုယက်မှု ကျူးလွန်သွားမှု ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်(၆)နာရီ (၄၅)မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပါသွားတဲ့ ငွေပမာဏကတော့ နည်းနည်းများတယ်၊ လုယက်ခံရတဲ့အမျိုးသမီးက လက်မှာပြတ်ရှဒါဏ်ရာ တစ်ချက် ရတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး၊ အဲ့အမျိုးသား (၄)ဦးကို ပုဒ်မ (၂)ခုနဲ့ အမှုဖွင့်ထားပြီး စုံစမ်းနေပါတယ်

ဟု မူဆယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

မူဆယ်မြို့ နာရီစင်အနီးရှိ ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး တစ်ဦးအား အမည်မသိ အမျိုးသား(၄ )ဦးက ဓါးများကိုင်ဆောင်ကာ ဓါးဖြင့်ရမ်းခုတ်ပြီး ငွေများကို လုယက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ငွေက သိန်း (၁၀၀)လောက်နီးနီး ပါသွားတယ်လို့ကြားတယ်၊ အဲ့ဒါဖြစ်တဲ့ နေရာမှာ ရဲကင်းတစ်ခုလဲ ရှိတယ်၊ ရဲတွေလုံခြုံရေးချထားတာလဲ ရှိတယ်၊ တာဝန်လဲတဲ့ အချိန်ထင်တယ် ရဲတွေထွက်သွားတဲ့ အချိန်မှာ အဲ့လို ဖြစ်သွားတာပဲ

ဟု အဆိုပါနေရာအနီးတွင်နေထိုင်သူ ကိုသားကြီး က ပြောသည်။

ငွေများအား ဓါးပြ၍ လုယက်သွားခြင်း ဖြစ်သည့်အတွက် အဆိုပါ အမည်အသိ အမျိုးသား (၄)ဦးကို မြို့မရဲစခန်းတွင် ပုဒ်မ ၃၉၄/ ၁၁၄ ( ဓါးမြတိုက်လုယက်မှု/ အားပေး ကူညီမှု ) တို့ဖြင့် အမှုဖွင့်ထားပြီး အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေနေကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~