မိတၳီလာ - ေတာင္ႀကီးလမ္းပိုင္းတြင္ ေပ(၅၀)ေအာက္ တံတားအစင္း (၃၀၀)ေက်ာ္ကို ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ တည္ေဆာက္ၿပီးစီးထားၿပီး က်န္ရွိသည့္ တံတားအစင္း(၂၁)စင္းကို ေမလကုန္အၿပီး ဆက္လက္ တည္ေဆာက္မည္

မိတၳီလာ - ေတာင္ႀကီးလမ္းပိုင္းတြင္ ေပ(၅၀)ေအာက္ တံတားအစင္း (၃၀၀)ေက်ာ္ကို ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ တည္ေဆာက္ၿပီးစီးထားၿပီး က်န္ရွိသည့္ တံတားအစင္း(၂၁)စင္းကို ေမလကုန္အၿပီး ဆက္လက္ တည္ေဆာက္မည္
မတ် 25, 2019
By Tachileik News Agency

မိတၳီလာ - ေတာင္ႀကီး - က်ိဳင္းတံု -  တာခ်ီလိတ္ ျပည္ေထာင္စုလမ္းမႀကီး၏ အစိတ္အပိုင္းျဖစ္သည့္ မိတၳီလာ - ေတာင္ႀကီး လမ္းပိုင္းတြင္ ေပ(၅၀)ေအာက္ တံတားေပါင္း (၃၀၀)ေက်ာ္ထည့္သြင္းတည္ေဆာက္ရမည့္အနက္ က်န္ရိွသည့္ တံတား (၂၁)စင္းကို ၂၀၁၉ ခုႏွစ္ ေမလကုန္တြင္ အၿပီးသတ္တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

"တံတားအႀကီးေတြကေတာ့ ေဆာက္လုပ္ေရး၀န္ႀကီးဌာနက ခ်ေပးတဲ့ဒီဇိုင္းအတိုင္းေဆာက္လုပ္ရတာေပါ့။ တံတားအေသးေတြကေတာ့ ကၽြန္ေတာ္တို႔ ဒီဇိုင္းနဲ႔ ေဆာက္တာေပါ့။ ေတာင္က်ေရေတြ စီးဆင္းတဲ့ေနရာေတြမွာဆိုရင္ ေရစီးဆင္းမႈေကာင္းေအာင္ တံတားေတြကို လိုအပ္သလို ထည့္သြင္းတည္ေဆာက္ပါတယ္"ဟု ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ တံတားအင္ဂ်င္နီယာ ဦးေက်ာ္၀ဏၰက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လမ္းပိုင္းကို (၄၈) ေပအက်ယ္ (၄) လမ္းသြားလမ္းမအျဖစ္ ေဖာက္လုပ္ေနရာတြင္ တည္ေဆာက္ရမည့္ တံတားအစင္းေပါင္း (၃၄၃) စင္းအနက္ ၂၀၁၉ ခုႏွစ္ မတ္လ (၂၄) ရက္ေန႔အထိ တံတားေပါင္း (၃၂၂) စင္းတည္ေဆာက္ၿပီးစီး ထားၿပီးျဖစ္ေၾကာင္း သိရၿပီး ေပ (၅၀) အထက္တံတားႀကီး (၄) စင္းႏွင့္ ေပ (၁၈၀) အထက္တံတားတစ္စင္း ပါဝင္ေၾကာင္း သိရသည္။

မိတၳီလာ - ေတာင္ႀကီး - က်ိဳင္းတံု - တာခ်ီလိတ္ ျပည္ေထာင္စုလမ္းမႀကီးကို ေဆာက္လုပ္ေရးကုမၸဏီ (၃)ခုအား B.O.T စနစ္ျဖင့္ လုပ္ကိုင္ခြင့္ေပးထားရာ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက မိတၳီလာ - ေတာင္ႀကီးလမ္းပိုင္းအား ၂၀၀၈ ခုႏွစ္ကတည္းက လုပ္ကိုင္ခြင့္ရထားျခင္းျဖစ္ၿပီး ယခင္ (၁၂) ေပအက်ယ္လမ္းမကို (၂၄) ေပအက်ယ္ခင္းခ်င္းခဲ့ၿပီးေနာက္ ၂၀၁၆ ခုႏွစ္တြင္ (၄၈) ေပအက်ယ္ (၄) လမ္းသြားလမ္းမႀကီးအျဖစ္အဆင့္ျမႇင့္တင္ေနၿပီး ကေလာ-ေတာင္ႀကီးလမ္းပိုင္းကို  ကတၱရာကြန္ကရစ္(AC)လမ္းအျဖစ္
 အဆင့္ျမႇင့္တင္ေနျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ၀င္းမင္းေဌး



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သည့် မိတ္ထီလာ - တောင်ကြီး လမ်းပိုင်းတွင် ပေ(၅၀)အောက် တံတားပေါင်း (၃၀၀)ကျော်ထည့်သွင်းတည်ဆောက်ရမည့်အနက် ကျန်ရှိသည့် တံတား (၂၁)စင်းကို ၂၀၁၉ ခုနှစ် မေလကုန်တွင် အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

"တံတားအကြီးတွေကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ချပေးတဲ့ဒီဇိုင်းအတိုင်းဆောက်လုပ်ရတာပေါ့။ တံတားအသေးတွေကတော့ ကျွန်တော်တို့ ဒီဇိုင်းနဲ့ ဆောက်တာပေါ့။ တောင်ကျရေတွေ စီးဆင်းတဲ့နေရာတွေမှာဆိုရင် ရေစီးဆင်းမှုကောင်းအောင် တံတားတွေကို လိုအပ်သလို ထည့်သွင်းတည်ဆောက်ပါတယ်"ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ တံတားအင်ဂျင်နီယာ ဦးကျော်ဝဏ္ဏက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းပိုင်းကို (၄၈) ပေအကျယ် (၄) လမ်းသွားလမ်းမအဖြစ် ဖောက်လုပ်နေရာတွင် တည်ဆောက်ရမည့် တံတားအစင်းပေါင်း (၃၄၃) စင်းအနက် ၂၀၁၉ ခုနှစ် မတ်လ (၂၄) ရက်နေ့အထိ တံတားပေါင်း (၃၂၂) စင်းတည်ဆောက်ပြီးစီး ထားပြီးဖြစ်ကြောင်း သိရပြီး ပေ (၅၀) အထက်တံတားကြီး (၄) စင်းနှင့် ပေ (၁၈၀) အထက်တံတားတစ်စင်း ပါဝင်ကြောင်း သိရသည်။

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီးကို ဆောက်လုပ်ရေးကုမ္ပဏီ (၃)ခုအား B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးထားရာ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းအား ၂၀၀၈ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ပြီး ယခင် (၁၂) ပေအကျယ်လမ်းမကို (၂၄) ပေအကျယ်ခင်းချင်းခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် (၄၈) ပေအကျယ် (၄) လမ်းသွားလမ်းမကြီးအဖြစ်အဆင့်မြှင့်တင်နပြေီး ကလော-တောင်ကြီးလမ်းပိုင်းကို ကတ္တရာကွန်ကရစ်(AC)လမ်းအဖြစ်ဆင့်မြှင့်တင်နခြေင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ဝင်းမင်းဌေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net