ဒေသတွင်း ပြည်သူများ၏ အခက်အခဲများကို သိရှိဖြေရှင်းပေးနိုင်ရန်အတွက် လားရှိုးမြို့တွင် ဒေသခံပြည်သူများနှင့်ဌာနဆိုင်များ (၇)ကြိမ်မြောက်အဖြစ် တွေ့ဆုံ ဆွေးနွေး

ဒေသတွင်း ပြည်သူများ၏ အခက်အခဲများကို သိရှိဖြေရှင်းပေးနိုင်ရန်အတွက် လားရှိုးမြို့တွင် ဒေသခံပြည်သူများနှင့်ဌာနဆိုင်များ (၇)ကြိမ်မြောက်အဖြစ် တွေ့ဆုံ ဆွေးနွေး
ဖေဖော်ဝါရီ 15, 2019
By Tachileik News Agency



တက်ရောက်လာသူများက မြေပြင်အခြေအနေတွက် ဖြစ်ပျက်နေသည့် အခြေအနေများ၊ မြေဂရန်လျှောက်ထားရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ရပ်ကွက်ကျေးရွားများအတွင် ပြုပြင်ရန် လိုအပ်နေသည့် လမ်းများကိစ္စ၊ ဆိုင်ကယ်လိုင်စင် လျှောက်ထားခြင်း ကိစ္စ၊ လ၀က နှင့် ပတ်သက်၍ မှတ်​ပုံတင်​၊ ​မွေးစာရင်း၊ အိမ်​​ထောင်​စု စာရင်း ပြုလုပ်​ရာ၌ လူမျိုးစု​ထောက်​ခံချက်​ ​တောင်းခံ ခံရသည့်​ ကိစ္စများ အပါအ၀င် ဒေသတွင်း အမှန်တကယ် လိုအပ်ချက်များကို အုပ်ချုပ်ရေးပိုင်းနှင့် ဌာနဆိုင်ရာများ သိရှိနိုင်ရန်အတွက် တက်ရောက်လာသူ အချို့မှ တင်ပြဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးတင်ပြလာမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ လုပ်​ထုံး လုပ်​နည်းနှင့်​အညီ ပြည်​သူလူထုအခက်​အခဲများ​ ပြေလည်​​စေရန်​ အမြန်​ဆုံး​ဆောင်​ရွက်​​ပေးသွားမည်​ဖြစ်​​ကြောင်း သက်ဆိုင်ရာအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။


သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာတွေ့ဆုံမှုအဖြစ် ပထမဆုံး စတင်ခဲ့သည့် လားရှိုးမြို့တွင် (၇)ကြိမ်မြောက် တွေ့ဆုံမှုအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပ ပြုလုပ်ရာ ဒေသခံ (၂၀၀)ဝန်းကျင် တက်ရောက်ကာ ဒေသအတွင်း အခက်အခဲများကို တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို လားရှိုးမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ စည်ပင်၊ လဝက၊ ကညန၊ ကျန်းမာရေး နှင့် ဌာဆိုင်ပေါင်းစုံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြရာ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း က ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ တွေ့ဆုံခြင်းနှင့် ပတ်သက်၍ အဖွင့်စကား ပြောကြားပြီး ဆွေးနွေးခဲ့ကြသည်။

တက်ရောက်လာသူများက မြပြေင်အခြေအနေတွက် ဖြစ်ပျက်နေသည့် အခြေအနေများ၊ မြေဂရန်လျှောက်ထားရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ရပ်ကွက်ကျေးရွားများအတွင် ပြုပြင်ရန် လိုအပ်နေသည့် လမ်းများကိစ္စ၊ ဆိုင်ကယ်လိုင်စင် လျှောက်ထားခြင်း ကိစ္စ၊ လဝက နှင့် ပတ်သက်၍ မှတ်​ပုံတင်​၊ ​မွေးစာရင်​း၊ အိမ်​​ထောင်​စု စာရင်​း ပြုလုပ်​ရာ၌ လူမျိုးစု​ထောက်​ခံချက်​ ​တောင်​းခံ ခံရသည်​့ ကိစ္စများ အပါအဝင် ဒေသတွင်း အမှန်တကယ် လိုအပ်ချက်များကို အုပ်ချုပ်ရေးပိုင်းနှင့် ဌာနဆိုင်ရာများ သိရှိနိုင်ရန်အတွက် တက်ရောက်လာသူ အချို့မှ တင်ပြဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးတင်ပြလာမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ လုပ်​ထုံး လုပ်​နည်​းနှင်​့အညီ ပြည်​သူလူထုအခက်​အခဲများ​ ပြေလည်​​စေရန်​ အမြန်​ဆုံး​ဆောင်​ရွက်​​ပေးသွားမည်​ဖြစ်​​ကြောင်​း သက်ဆိုင်ရာအလိုက် ပြန်လည်ရှင်းလင်း ဖြကြေားခဲ့ကြသည်။

ပြီးခဲ့သည့် တွေ့ဆုံပွဲ၏ (၆)ကြိမ်မြောက်အား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၂)နေ့က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~