မူဆယ်ဘက်မှ မြန်မာ - တရုတ်ကုန်သွယ်ရေးအတွက် ဇွန်လ (၅) ရက်နေ့မှစ၍ ကျင်ဆန်းကျော့ဂိတ်တစ်ခုကိုသာ တရုတ်ဘက်က ခွင့်ပြု

မြန်မာ - တရုတ်နယ်စပ် ကျင်ဆန်းကျော့ဂိတ်တွင် မူဆယ်မှ ဖရဲများတင်ပို့စဉ်
မြန်မာ - တရုတ်နယ်စပ် ကျင်ဆန်းကျော့ဂိတ်တွင် မူဆယ်မှ ဖရဲများတင်ပို့စဉ်
မူဆယ်ဘက်မှ မြန်မာ - တရုတ်ကုန်သွယ်ရေးအတွက် ဇွန်လ (၅) ရက်နေ့မှစ၍ ကျင်ဆန်းကျော့ဂိတ်တစ်ခုကိုသာ တရုတ်ဘက်က ခွင့်ပြု
By Tachileik News Agency

မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များကို COVID 19 ကြောင့် ယာယီပိတ်ထားခဲ့ပြီး အကန့်အသတ်များဖြင့် ခွင့်ပြုနေရာ ၂၀၂၁ ခုနှစ် ဇွန်လ (၅) ရက်နေ့မှစ၍ ကျင်ဆန်းကျော့ဂိတ်မှ  ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ကုန်တင်ယာဉ်များကို ဇွန်လ (၅) ရက်နေ့မှစကာ ကျင်စန်းကျော့ဂိတ်မှသာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်သို့ ကုန်ချပြီး ပြန်ထွက်မည့် ကုန်တင်ကားများကို ဝမ်တိန်ဂိတ်မှ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကန့်သတ်ထားသော်လည်း ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် ဟင်းသီးဟင်းရွက်ပို့သည့်ကားများကို ပန်ဆိုင်း (ကြူကုတ်)မြို့ဘက်ရှိ ဝမ်တိန်ဂိတ်တွင် အရေအတွက် ကန့်သတ်ချက်ဖြင့် ဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဂိတ်ပိတ်လိုက်သဖြင့် တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်တွင် ပိတ်မိနေသည့် မော်တော်ယာဉ်များကို ဇွန်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ မန့်ဝိန်းဂိတ်မှ ထွက်ခွာခွင့်ပြုလိုက်ပြီး 

 ဇွန်လ (၅) ရက်နေ့မှစ၍ တရုတ်နံပါတ်တပ် တရုတ်ကားများကိုသာ ဝမ်တိန်ဂိတ်မှ တရုတ်နိုင်ငံဘက်သို့ ဝင်ခွင့်ပြုမည်ဖြစ်ကာ ပြန်လည်ထွက်ခွာခွင့် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။