တပို႔တြဲလျပည့္ညတြင္ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ရင္ျပင္ေတာ္၌ ဆီမီးတစ္ေသာင္း ပူေဇာ္ပြဲ က်င္းပမည္

တပို႔တြဲလျပည့္ညတြင္ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ရင္ျပင္ေတာ္၌ ဆီမီးတစ္ေသာင္း ပူေဇာ္ပြဲ က်င္းပမည္
ဖေဖော်ဝါရီ 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရိွ ေရႊတိဂံုဘုရားရင္ျပင္ေတာ္တြင္ ဆီမီး (၁၀,၀၀၀) ပူေဇာ္ပြဲကို တာခ်ီလိတ္ၿမိဳ႕ရိွ ဌာနဆိုင္ရာမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား အပါအ၀င္ ေဒသခံမ်ားျဖင့္ ပူးေပါင္းၿပီး တပိုတြဲလျပည့္(ေဖေဖာ္၀ါရီ (၁၉) ရက္)ေန႔ည (၇) နာရီတြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

“အစည္းအေ၀းမွာ အသင္းအဖြဲ႕ (၁၂)ဖြဲ႔ တက္တယ္။ ေရႊတာခ်ီ၊ အလင္းေရာင္၊ မဇၥ်ိမ၊ ေမတၱာရွင္၊ ေဂၚရခါး၊ ၾကက္ေျခနီ၊ မီးသတ္ေပါ့။ က်န္တာက ဌာနဆိုင္ရာေတြနဲ႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြေပါ့။ ေကာ္မတီ မဖြဲ႕ေတာ့ဘူး။ မည္သူမဆို လာေရာက္ထြန္းညိႇ ပူေဇာ္ႏိုင္တယ္ဆိုတဲ့ အေၾကာင္း ရပ္ကြက္ အုပ္ခ်ဳပ္ ေရးမွဴးေတြက တဆင့္ ေၾကျငာခိုင္းထားတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ဆီမီး (၁၀,၀၀၀)ကပ္လွဴပူေဇာ္ႏိုင္ေရးအတြက္ ဌာနဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား ေတြ႕ဆံု ေဆြးေႏြး ပြဲကို ေဖေဖာ္၀ါရီလ (၁၄) ရက္ေန႔ ေနလည္ (၁) နာရီတြင္ က်င္းပျပဳလုပ္ခဲ့ၿပီး ေရႊတိဂံုေစတီရင္ျပင္ေပၚတြင္ ဆီးမီးထြန္းညိႇပူေဇာ္မည့္ေနရာကို ေရြးခ်ယ္ခဲ့ေၾကာင္း သိရသည္။

“လူမႈေရးအသင္းအဖြဲ႕ေတြ၊ ရပ္ကြက္ဥကၠဌေတြေပါ့။ အသီးသီး ဆီမီး (၁,၀၀၀) တတ္ႏိုင္တဲ့သူက (၁,၀၀၀)ေပါ့။ (၅၀၀) တတ္ႏိုင္တဲ့သူက (၅၀၀)ေပါ့။ အဲလိုအသီးသီးယူလိုက္ေတာ့ ဆီမီးခြက္က (၁၀,၀၀၀) ျပည့္သြားတာေပါ့။ လျပည့္ေန႔ မနက္ပိုင္းမွာ လူမႈေရးအသင္းအဖြဲ႕ေတြက ေရႊတိဂံုဘုရားရင္ျပင္မွာ သန္႔ရွင္းေရး ေရေဆးတာေတြ ဘာေတြလုပ္မယ္။ ညေန (၄) နာရီခြဲမွာ လူမႈေရးအသင္းအဖြဲ႕ေတြနဲ႔ ဆီမီးခြက္ေတြ ျပင္ဆင္မယ္”ဟု တာခ်ီလိတ္ၿမိဳ႕ မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

အဆိုပါေန႔တြင္ လာေရာက္သူ မ်ားျပားမည္ျဖစ္သည့္အတြက္    အေအးစတုဒိသာ လွဴဒါန္းလိုသူမ်ား အေနျဖင့္လည္း ေရႊတိဂံုေစတီေတာ္ရင္ျပင္၌ လာေရာက္လွဴဒါန္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ရွှေတိဂုံဘုရားရင်ပြင်တော်တွင် ဆီမီး (၁၀,ဝဝဝ) ပူဇော်ပွဲကို တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ အပါအဝင် ဒေသခံများဖြင့် ပူးပေါင်းပြီး တပိုတွဲလပြည့်(ဖေဖော်ဝါရီ (၁၉) ရက်)နေ့ည (၇) နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“အစည်းအေဝးမှာ အသင်းအဖွဲ့ (၁၂)ဖွဲ့ တက်တယ်။ ရွှေတာချီ၊ အလင်းရောင်၊ မဇ္ဈိမ၊ မေတ္တာရှင်၊ ဂေါ်ရခါး၊ ကြက်ခြေနီ၊ မီးသတ်ပေါ့။ ကျန်တာက ဌာနဆိုင်ရာတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပေါ့။ ကော်မတီ မဖွဲ့တော့ဘူး။ မည်သူမဆို လာရောက်ထွန်းညှိ ပူဇော်နိုင်တယ်ဆိုတဲ့ အကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တဆင့် ကြငြောခိုင်းထားတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဆီမီး (၁၀,ဝဝဝ)ကပ်လှူပူဇော်နိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံ ဆွေးနွေး ပွဲကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နေလည် (၁) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရွှေတိဂုံစေတီရင်ပြင်ပေါ်တွင် ဆီးမီးထွန်းညှိပူဇော်မည့်နေရာကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

“လူမှုရေးအသင်းအဖွဲ့တွေ၊ ရပ်ကွက်ဥက္ကဌတွေပေါ့။ အသီးသီး ဆီမီး (၁,ဝဝဝ) တတ်နိုင်တဲ့သူက (၁,ဝဝဝ)ပေါ့။ (၅၀၀) တတ်နိုင်တဲ့သူက (၅၀၀)ပေါ့။ အဲလိုအသီးသီးယူလိုက်တော့ ဆီမီးခွက်က (၁၀,ဝဝဝ) ပြည့်သွားတာပေါ့။ လပြည့်နေ့ မနက်ပိုင်းမှာ လူမှုရေးအသင်းအဖွဲ့တွေက ရွှေတိဂုံဘုရားရင်ပြင်မှာ သန့်ရှင်းရေး ရေဆေးတာတွေ ဘာတွေလုပ်မယ်။ ညနေ (၄) နာရီခွဲမှာ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဆီမီးခွက်တွေ ပြင်ဆင်မယ်”ဟု တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

အဆိုပါနေ့တွင် လာရောက်သူ များပြားမည်ဖြစ်သည့်အတွက် အအေးစတုဒိသာ လှူဒါန်းလိုသူများ အနဖြေင့်လည်း ရွှေတိဂုံစေတီတော်ရင်ပြင်၌ လာရောက်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~