ေတာင္ႀကီးၿမိဳ႕တြင္ အခမဲ့ေဖ်ာ္ေျဖေရးအစီအစဥ္ပါဝင္သည့္ ပုဂၢလိက စေနညေစ်းတန္းတစ္ခု စတင္ဖြင့္လွစ္

ေတာင္ႀကီးၿမိဳ႕တြင္ အခမဲ့ေဖ်ာ္ေျဖေရးအစီအစဥ္ပါဝင္သည့္ ပုဂၢလိက စေနညေစ်းတန္းတစ္ခု စတင္ဖြင့္လွစ္
ဇန်နဝါရီ 9, 2019
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ အခမဲ့ေဖ်ာ္ေျဖေရးမ်ားပါဝင္မည့္ ပုဂၢလိက ညေစ်းတန္းတစ္ခုကို ေရေအးကြင္းရပ္ကြက္၊ ကေမၻာဇလမ္း၊ နယ္ေျမ (၇)ရိွ C 3 Cafe & Snacks Bar တြင္ အပတ္စဥ္ စေနေန႔တုိင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“စေနညတို္င္းမွာ ညေစ်းရိွမယ္။ ေဖ်ာ္ေျဖေရးကေတာ့ တစ္ပတ္၊ တစ္ပတ္မွာ ေျပာင္းသြားမွာေပါ့။ TGI Family Night Market က စီစဥ္တာပါ။ ဝါသနာရွင္ အဆိုေတာ္ေတြ၊ Band ေတြလည္း  အပတ္စဥ္ လာေရာက္ ေဖ်ာ္ေျဖလို႔ရပါတယ္”ဟု TGI Family Night Market စီစဥ္သူ ကိုစိုင္းေခးလီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ညပိုင္းေစ်းတြင္ ရုိးရာအစားအစာ၊ တရုတ္၊ ဂ်ပန္၊ ထိုင္း၊ ဗီယက္နမ္စသည့္ ႏုိင္ငံတကာအစားအစာမ်ား၊ ေစ်းဆုိင္ခန္းမ်ား၊ အမွတ္တရပစၥည္းမ်ား၊ အဝတ္အထည္ႏွင့္ လူသံုးကုန္ပစၥည္းမ်ားေရာင္းခ်ေပးေနၿပီး ေရာင္းခ်လိုသည့္ ဆုိင္ခန္းမ်ားကို ညေစ်းစီစဥ္သူမ်ားက ေနရာငွားရမ္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါညေစ်းကို အပတ္စဥ္ စေနေန႔ ညေန (၅) နာရီမွ (၁၀)နာရီအထိ ဖြင့္လွစ္ေရာင္းခ်မည္ျဖစ္ၿပီး ေဖ်ာ္ေျဖေရးကို မည္သူမဆိုအခမဲ့ အားေပးႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တောင်ကြီးမြို့တွင် အခမဲ့ဖျော်ဖြေရေးအစီအစဉ်ပါဝင်သည့် ပုဂ္ဂလိက စနေညဈေးတန်းတစ်ခု စတင်ဖွင့်လှစ်
*********
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အခမဲ့ဖျော်ဖြေရေးများပါဝင်မည့် ပုဂ္ဂလိက ညဈေးတန်းတစ်ခုကို ရေအေးကွင်းရပ်ကွက်၊ ကမ္ဘောဇလမ်း၊ နယ်မြေ (၇)ရှိ C 3 Cafe & Snacks Bar တွင် အပတ်စဉ် စနေနေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“စနေညတိုင်းမှာ ညဈေးရှိမယ်။ ဖျော်ဖြေရေးကတော့ တစ်ပတ်၊ တစ်ပတ်မှာ ပြောင်းသွားမှာပေါ့။ TGI Family Night Market က စီစဉ်တာပါ။ ဝါသနာရှင် အဆိုတော်တွေ၊ Band တွေလည်း  အပတ်စဉ် လာရောက် ဖျော်ဖြေလို့ရပါတယ်”ဟု TGI Family Night Market စီစဉ်သူ ကိုစိုင်းခေးလီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ညပိုင်းဈေးတွင် ရိုးရာအစားအစာ၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်စသည့် နိုင်ငံတကာအစားအစာများ၊ ဈေးဆိုင်ခန်းများ၊ အမှတ်တရပစ္စည်းများ၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချပေးနေပြီး ရောင်းချလိုသည့် ဆိုင်ခန်းများကို ညဈေးစီစဉ်သူများက နေရာငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါညဈေးကို အပတ်စဉ် စနေနေ့ ညနေ (၅) နာရီမှ (၁၀)နာရီအထိ ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး ဖျော်ဖြေရေးကို မည်သူမဆိုအခမဲ့ အားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~