ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေမဟာဘောလုံး အကယ်ဒမီတွင် တက်ရောက်သည့် အားကစားသမား လူငယ်များကို ကလပ် အသင်းများမှ စိတ်ဝင်စား၍ ခေါ်ယူမည်ဆိုပါက လူငယ်အားကစားသမားများ၏ ဘ၀တိုးတက်ရေးအတွက် ခွင့်ပြုသွားမည်
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေမဟာဘောလုံး အကယ်ဒမီတွင် တက်ရောက်သည့် အားကစားသမား လူငယ်များကို ကလပ် အသင်းများမှ စိတ်ဝင်စား၍ ခေါ်ယူမည်ဆိုပါက လူငယ်အားကစားသမားများ၏ ဘ၀တိုးတက်ရေးအတွက် ခွင့်ပြုသွားမည်
ဇနျနဝါရီ 30, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် မိုင်းဆက်မြို့များတွင် ဖွင့်လှစ်မည့် ရွှေမဟာဘောလုံး အကယ်ဒမီကျောင်း အနေဖြင့် လူငယ်အားကစားသမား သင်တန်းသား များကို ပြည်တွင်း ကလပ်အသင်းများ၊ နိုင်ငံခြား ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ပြုလုပ်ပေးသွားမည်ဖြစ်ရာတွင် သင်တန်းသားကစားသမား၏ ခြေစွမ်းကို ကလပ်အသင်းများမှ စိတ်ဝင်စားကာ ခေါ်ယူရန် ကမ်းလှမ်းလာပါက ကျောင်းအနေဖြင့် သင်တန်းသား၏ ဘ၀တိုးတက်ရေးအတွက် ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘောလုံးအားကစားကို မြန်မာနိုင်ငံတွင် မိဘများက ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခု အဖြစ်သာ ရှုမြင်နေပြီး နိုင်ငံတကာတွင် ဘောလုံးအားကစားမှာ ဘ၀အာမခံချက်ရှိသည့် အသက်မွေး ၀မ်းကျောင်းတစ်ခု ဖြစ်လာနေကာ မြန်မာနိုင်ငံတွင်လည်း ဘောလုံးကလပ်အသင်းများ အများအပြား ရှိလာသဖြင့် ပြောင်းလဲလာနေကြောင်း သိရသည်။
၂၀၁၈ခုနှစ် ဒီဇင်ဘာ (၂၅)ရက်နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော် နှင့်တွေ့ဆုံခဲ့ပြီး အချက် (၂)ချက်တောင်းဆိုခဲ့ကာ ပထမအချက်အဖြစ် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ရာတွင် နိုင်ငံတော်မှ ဖွင့်လှစ်ထားသည့် အကယ်ဒမီများနှင့် တန်းတူ အခွင့်အရေးပေးရန်၊ ဒုတိယအချက်အနေဖြင့် ရွှေမဟာဘောလုံးအကယ်ဒမီတွင် သင်ကြားပေးမည့် ပုဂ္ဂိုများသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ A လိုင်စင် B လိုင်စင်ရရှိသည့် နည်းပြကောင်းများဖြစ်ရန် တောင်းဆိုခဲ့ရာ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် မိုင်းဆက်မြို့များတွင် ဖွင့်လှစ်မည့် ရွှေမဟာဘောလုံး အကယ်ဒမီကျောင်း အနဖြေင့် လူငယ်အားကစားသမား သင်တန်းသား များကို ပြည်တွင်း ကလပ်အသင်းများ၊ နိုင်ငံခြား ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ပြုလုပ်ပေးသွားမည်ဖြစ်ရာတွင် သင်တန်းသားကစားသမား၏ ခြေစွမ်းကို ကလပ်အသင်းများမှ စိတ်ဝင်စားကာ ခေါ်ယူရန် ကမ်းလှမ်းလာပါက ကျောင်းအနဖြေင့် သင်တန်းသား၏ ဘဝတိုးတက်ရေးအတွက် ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ခြေစမ်းပွဲကစားတဲ့ အချိန်မှာ ကလေးတွေရဲ့ခြေ အရည်အသွေးကိုကြိုက်လို့ ကလပ်အသင်းတွေက ခေါ်ချင်တယ်ဆိုရင် ကျွန်တော်တို့က ကလေးတွေ တိုးတက်ဖို့အတွက် ခွင့်ပြုမယ်”ဟု ရွှေမဟာ ဘောလုံးအကယ်ဒမီကျောင်း၏ ကျောင်းအုပ်ကြီး ဦးခင်မောင်မြင့်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ရွှေမဟာဘောလုံး အကယ်ဒမီကျောင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အသိအမှတ်ပြုထားသဖြင့် နိုင်ငံတော်မှ ဖွင့်လှစ်ထားသည့် ဘောလုံးအကယ်ဒမီကျောင်း (၄)ကျောင်းနှင့်အတူ နိုင်ငံလက်ရွေးစင်အဖြစ် တိုက်ရိုက် အရွေးခံနိုင်ခြင်း၊ ပြည်တွင်းကလပ် အသင်းများနှင့် ခြေစမ်းပွဲများ ကစားနိုင်ခြင်း၊ နိုင်ငံခြားမှ ဘောလုံးအကယ်ဒမီကျောင်းများနှင့် ချိတ်ဆက်ကာ နိုင်ငံခြား ကလပ်အသင်းများနှင့် ခြေစမ်းကစားပွဲများ ပြုလုပ်နိုင်ကြောင်း သိရသည်။
ဘောလုံးအားကစားကို မြန်မာနိုင်ငံတွင် မိဘများက ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခု အဖြစ်သာ ရှုမြင်နပြေီး နိုင်ငံတကာတွင် ဘောလုံးအားကစားမှာ ဘဝအာမခံချက်ရှိသည့် အသက်မွေး ဝမ်းကျောင်းတစ်ခု ဖြစ်လာနေကာ မြန်မာနိုင်ငံတွင်လည်း ဘောလုံးကလပ်အသင်းများ အများအပြား ရှိလာသဖြင့် ပြောင်းလဲလာနေကြောင်း သိရသည်။
“ဘောလုံးကို ထဲထဲဝင်ဝင် လုပ်စေချင်တယ်။ နယ်စပ်ဒေသဖြစ်တဲ့ ဒီနေရာဒေသတွေမှာ လူငယ်တွေ မူးယစ်ဆေးဝါး အန္တရာယ်က ကင်းလွတ်သွားစေချင်တယ်။ ဘောလုံးအားကစားဘက်ကို အာရုံစိုက်လာမယ် ဆိုရင် ကလေးတွေလမ်းမှား ရောက်ခြင်းကလည်း ကာကွယ်ပေးနိုင်မယ်။ ဘောလုံးအားကစားဟာ ထဲထဲဝင်ဝင် လုပ်မယ်ဆိုရင်တော့ နိုင်ငံ့လက်ရွေးစင် အဆင့်ဖြစ်လာမယ်။ ဒါမှမဟုတ် professional ကစားသမား အနေနဲ့ နိုင်ငံတွင်းမှာရှိတဲ့ ကလပ်အသင်းတွေမှာလည်း ကစားလို့ရမယ်။ ပြည်ပကလပ်တွေနဲ့ ချိတ်ဆက်လို့ရတယ်။ ကလေးတွေက ပညာရေးမှာ မထွန်းကားသော်လည်း အားကစားမှာ ထွန်းကား နိုင်တယ်ဆိုပြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌက အကြံဉာဏ်ပေးခဲ့ပါတယ်”ဟု ဦးခင်မောင်မြင့်က ပြောသည်။
၂၀၁၈ခုနှစ် ဒီဇင်ဘာ (၂၅)ရက်နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော် နှင့်တွေ့ဆုံခဲ့ပြီး အချက် (၂)ချက်တောင်းဆိုခဲ့ကာ ပထမအချက်အဖြစ် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ရာတွင် နိုင်ငံတော်မှ ဖွင့်လှစ်ထားသည့် အကယ်ဒမီများနှင့် တန်းတူ အခွင့်အရေးပေးရန်၊ ဒုတိယအချက်အနဖြေင့် ရွှေမဟာဘောလုံးအကယ်ဒမီတွင် သင်ကြားပေးမည့် ပုဂ္ဂိုများသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ A လိုင်စင် B လိုင်စင်ရရှိသည့် နည်းပြကောင်းများဖြစ်ရန် တောင်းဆိုခဲ့ရာ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~