ကျိုင်းတုံမြို့နယ်အတွင်း အဲန်လူမျိုးများနေထိုင်ရာ ရွာ (၃) ရွာတွင် စေတနာရှင်များ စုပေါင်းပြီး ရေကန်များ လှူဒါန်းမည်
ကျိုင်းတုံမြို့နယ်အတွင်း အဲန်လူမျိုးများနေထိုင်ရာ ရွာ (၃) ရွာတွင် စေတနာရှင်များ စုပေါင်းပြီး ရေကန်များ လှူဒါန်းမည်
မတျ 30, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အဲန်မျိုးနွယ်စုများနေထိုင်သည့် ရွာ (၈) ရွာအနက်မှ သွားလာရေးနှင့် ရေအခက်အခဲဖြစ်ပေါ်နေသည့် ပင်းတောက်ကျေးရွာအုပ်စုအတွင်းရှိ ဝမ်နောင်၊ တင်ထပ်နှင့် ဝမ်ခါမ်းကျေးရွာ (၃) ရွာတွင် စုပေါင်းလှူဒါန်းငွေဖြင့် ရေကန်များ ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း သိရသည်။
ကျေးရွာများသို့ သွယ်တန်းထားသည့် (၁)လက်မ ရေပိုက်များမှာလည်း သုံးရေအတွက်သာ အဓိကထားသုံးနေရသဖြင့် ရေကန်များတည်ဆောက်ပြီးပါက ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပံ့ပိုးသည့် ရေပိုက်များဖြင့် သွယ်တန်းပေးသွားမည်ဖြစ်ကြောင်း နှင့် လှူဒါန်းမှုတွင် ပါဝင်လိုသူများအနေဖြင့်လည်း ဖုန်း  09779212827 သို့ ဆက်သွယ်စုံစမ်းကာ လှူဒါန်းနိုင်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အဲန်မျိုးနွယ်စုများနေထိုင်သည့် ရွာ (၈) ရွာအနက်မှ သွားလာရေးနှင့် ရေအခက်အခဲဖြစ်ပေါ်နေသည့် ပင်းတောက်ကျေးရွာအုပ်စုအတွင်းရှိ ဝမ်နောင်၊ တင်ထပ်နှင့် ဝမ်ခါမ်းကျေးရွာ (၃) ရွာတွင် စုပေါင်းလှူဒါန်းငွဖြေင့် ရေကန်များ ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း သိရသည်။
"ကျိုင်းတုံ ကျေးလက်ဖွံ့ဖြိုးရေးက သူတို့က ပိုက်တွေကူညီပေးပါမယ်လို့ ကျွန်တော့်ကိုပြောလာတယ်။ ကျွန်တော်တို့ မြပြေင်အခြေအနေကို သွားကြည့်ပြီးပြီပေါ့။ သူတို့သွယ်ထားတဲ့ပိုက်လေးတွေတော့ရှိတာပေါ့။ အဓိက သူတို့မှာ ကန်တွေ မရှိဘူးဖြစ်နေတာ။ သူကြီးရှိတဲ့ရွာဆိုရင် အပေါ်မှာ ရေကန် (၁) ကန်ပဲရှိတယ်။ အောက်တွေမှာဆိုရင် ကန်ကမရှိဘူး။ သူကြီးကိုမေးတော့ ကန် (၃) ကန်လိုချင်တယ်ပြောတယ်"ဟု ရေကန်များ လှူဒါန်းရန် ဦးဆောင်သူ ဦးပြည့်စုံအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အရှည် (၅) ပေ၊ အကျယ် (၄) ပေ၊ အမြင့် (၄) ပေရှိ ရေကန်များ ဆောက်လုပ်မည်ဖြစ်ပြီး အိမ်ခြေ (၂၀) ရှိသော ကျေးရွာတွင် ရေကန် (၁) လုံး၊ အိမ်ခြေ (၈၀) ရှိသည့် ကျေးရွာ (၂) ရွာတွင် ကန် (၃) လုံးစီဖြင့် စုစုပေါင်း (၇) ကန်လှူဒါန်းသွားမည်ဖြစ်ပြီး ကန်တစ်လုံးလျှင် ငွေကျပ် (၆) သိန်းကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါတောင်ပေါ်ကျေးရွာ (၃)ခုမှ ဒေသခံများသည် ရေချိုးရန် တောင်အောက်သို့ (၄၅)မိနစ်ကြာ ဆင်းရပြီး ပြန်တက်ချိန်တွင် အချိန် တစ်နာရီခွဲခန့်ကြာမြင့်ကြောင်း သိရသည်။
ကျေးရွာများသို့ သွယ်တန်းထားသည့် (၁)လက်မ ရေပိုက်များမှာလည်း သုံးရေအတွက်သာ အဓိကထားသုံးနေရသဖြင့် ရေကန်များတည်ဆောက်ပြီးပါက ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပံ့ပိုးသည့် ရေပိုက်များဖြင့် သွယ်တန်းပေးသွားမည်ဖြစ်ကြောင်း နှင့် လှူဒါန်းမှုတွင် ပါဝင်လိုသူများအနဖြေင့်လည်း ဖုန်း 09779212827 သို့ ဆက်သွယ်စုံစမ်းကာ လှူဒါန်းနိုင်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - Pyae Sone Aung ၊ စိုင်းလူခေး
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net