Miss Planet International Tachileik မွ ၿပိဳင္ပြဲ၀င္ အလွမယ္မ်ားႏွင့္ လူမႈေရးအသင္းတို႔ ပူးေပါင္းကာ သန္႔ရွင္းေရးႏွင့္အတူ သစ္ပင္စိုက္ပ်ဳိးမႈမ်ား လုပ္ေဆာင္

Miss Planet International Tachileik မွ ၿပိဳင္ပြဲ၀င္ အလွမယ္မ်ားႏွင့္ လူမႈေရးအသင္းတို႔ ပူးေပါင္းကာ သန္႔ရွင္းေရးႏွင့္အတူ သစ္ပင္စိုက္ပ်ဳိးမႈမ်ား လုပ္ေဆာင္
ဇန်နဝါရီ 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ Miss Planet International Tachileik မွ ၿပိဳင္ပြဲ၀င္ အလွမယ္မ်ားႏွင့္  မဇၥ်ိမလူမႈကူညီေရးအသင္းတို႔ ပူးေပါင္းၿပီး တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ရင္ျပင္တြင္ သန္႔ရွင္းေရးႏွင့္ ပတ္၀န္းက်င္ စိမ္းလမ္းစိုေျပေရးအတြက္ ရွမ္းရိုးမကြင္းအတြင္း သစ္ပင္စိုက္ပ်ိဳးမႈမ်ားကို ဇန္န၀ါရီလ (၂၀)ရက္ေန႔ နံနက္ပိုင္းက  ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“ဒီညေန(၂၀)ရက္ေန႔မွာ စာေပေဟာေျပာပြဲမွာ လိုအပ္တဲ့ဟာေတြကို အလွမယ္ေတြနဲ႔ ကြ်န္ေတာ္တို႔အသင္း ေပါင္းၿပီး ကူညီေပးမယ္။ စာေရးစရာေတြရဲ႕ စာအုပ္ေတြ ကူညီေရာင္းေပးမယ္။ မနက္ျဖန္မွာလည္း သစ္ပင္ေတြ စိုက္သြားဖို႔ စီစဥ္ထားတယ္။ ပရဟိတ လုပ္ငန္းေတြကို ပူးေပါင္းလုပ္ဖို႔ စီစဥ္ထားတာေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕ မဇၥ်ိမလူမႈကူညီေရးအသင္းဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

၂၀၁၉ခုႏွစ္ ဇန္န၀ါရီ (၂၀)ရက္ နံနက္(၇)နာရီခြဲအခ်ိန္တြင္ ၿပိဳင္ပြဲ၀င္ အလွမယ္ (၁၄)ဦးႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္းမွ လူငယ္မ်ား ပူးေပါင္းကာ ေရႊတိဂံုေစတီေတာ္ရင္ျပင္တြင္ တံမ်က္စည္း လွဲျခင္းႏွင့္ အမိႈက္ေကာက္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕ ပတ္၀န္းက်င္ စိမ္းလမ္းစိုေျပေရး အတြက္ ရွမ္းရိုးမကြင္းအတြင္း၌ သစ္ပင္ႀကီးတစ္ပင္ႏွင့္ အလွမယ္တစ္ဦးလွ်င္ သေျပပင္ တစ္ပင္ႏႈန္းျဖင့္ စုစုေပါင္း (၁၅)ပင္စိုက္ပ်ိဳးခဲ့ေၾကာင္း သိရသည္။

Miss Planet International Tachileik ၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္အတြင္းရွိ ဟုတ္တက္မဂၤလာခန္းမတြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၂)ရက္ေန႔ ညတြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး အဆိုပါ ၿပိဳင္ပြဲတြင္ အိုင္ရင္းဇင္မာျမင့္မွ  ေဖ်ာ္ေျဖေပးမွာျဖစ္ၿပီး အကဲျဖတ္ဒိုင္အျဖစ္ Blessed Myanmar Entertainment ၏ အလွမယ္မ်ားျဖစ္သည့္ Miss Planet International Myanmar 2019 အလွမယ္ Susan Shwine ႏွင့္ Miss Asia Global Myanmar 2018 အလွမယ္ Sarah Fish တို႔ ပါ၀င္ၾကမည္ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - UTS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် Miss Planet International Tachileik မှ ပြိုင်ပွဲဝင် အလှမယ်များနှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြီး တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်တွင် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးအတွက် ရှမ်းရိုးမကွင်းအတွင်း သစ်ပင်စိုက်ပျိုးမှုများကို ဇန်နဝါရီလ (၂၀)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီညနေ(၂၀)ရက်နေ့မှာ စာပေဟောပြောပွဲမှာ လိုအပ်တဲ့ဟာတွေကို အလှမယ်တွေနဲ့ ကျွန်တော်တို့အသင်း ပေါင်းပြီး ကူညီပေးမယ်။ စာရေးစရာတွေရဲ့ စာအုပ်တွေ ကူညီရောင်းပေးမယ်။ မနက်ဖြန်မှာလည်း သစ်ပင်တွေ စိုက်သွားဖို့ စီစဉ်ထားတယ်။ ပရဟိတ လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဖို့ စီစဉ်ထားတာပေါ့”ဟု တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီ (၂၀)ရက် နံနက်(၇)နာရီခွဲအချိန်တွင် ပြိုင်ပွဲဝင် အလှမယ် (၁၄)ဦးနှင့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ လူငယ်များ ပူးပေါင်းကာ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် တံမျက်စည်း လှဲခြင်းနှင့် အမှိုက်ကောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး တာချီလိတ်မြို့ ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေး အတွက် ရှမ်းရိုးမကွင်းအတွင်း၌ သစ်ပင်ကြီးတစ်ပင်နှင့် အလှမယ်တစ်ဦးလျှင် သပြေပင် တစ်ပင်နှုန်းဖြင့် စုစုပေါင်း (၁၅)ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

Miss Planet International Tachileik ပြိုင်ပွဲအား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ဟုတ်တက်မင်္ဂလာခန်းမတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ ညတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် အိုင်ရင်းဇင်မာမြင့်မှ ဖျော်ဖြေပေးမှာဖြစ်ပြီး အကဲဖြတ်ဒိုင်အဖြစ် Blessed Myanmar Entertainment၏ အလှမယ်များဖြစ်သည့် Miss Planet International Myanmar 2019 အလှမယ် Susan Shwine နှင့် Miss Asia Global Myanmar 2018 အလှမယ် Sarah Fish တို့ ပါဝင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - UTS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~