ရွမ္းျပည္နယ္အစိုးရအဖြဲ႕အား ၀န္ႀကီးဌာန(၉)ခုမွ (၈)ခုအျဖစ္သို႔ ေျပာင္းလဲဖြဲ႔စည္း

ရွမ္းျပည္နယ္အစိုးရအဖြဲ႕အား ၀န္ႀကီးဌာန(၉)ခုမွ (၈)ခုအျဖစ္သို႔ ေျပာင္းလဲဖြဲ႔စည္း
ဒီဇင်ဘာ 12, 2018
By Tachileik News Agency
ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးဌာန (၉)ခုအစား ဝန္ႀကီးဌာန (၈)ခုသို႔ ေျပာင္းလဲဖြဲ႕စည္းလုိက္ၿပီး ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီးဌာနကို ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနအျဖစ္ ေျပာင္းလဲဖြဲ႕စည္းလုိက္ေၾကာင္း သိရသည္။

“လုပ္ငန္းသေဘာ သဘာဝတူသည့္ ဌာနႏွစ္ခုကို ေပါင္းလုိက္ျခင္းအားျဖင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ျဖင့္ ဆက္သြယ္ေဆာင္ရြက္ရာမွာ ပိုမိုလြယ္ကူေစၿပီး ျပည္နယ္တြင္း စီမံကိန္းမ်ားကိုလည္း ပိုမိုထိေရာက္ေအာင္ လ်ာထား ေဆာင္ရြက္ႏုိင္မွာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၂)ရက္ေန႔ နံနက္က တင္ျပခဲ့သည္။

ျပည္နယ္လွ်ပ္စစ္၊စြမ္းအင္ႏွင့္ စက္မႈလက္မႈဝန္ႀကီး ဦးေဆြသိန္းသည္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၇)ရက္ေန႔က ကြယ္လြန္သြားခဲ့ရာ အဆုိပါ တာဝန္ကို ျပည္နယ္ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုက တာဝန္ယူေဆာင္ရြက္ေနခဲ့ၿပီး ဘ႑ာေရးတာဝန္မ်ားကို ျပည္နယ္ စီမံကိန္းနွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က တာဝန္ယူေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေျပာင္းလဲဖြဲ႕စည္းလုိက္သည့္ ဖြဲ႕စည္းပံုအရ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဝန္ႀကီးအျဖစ္ ဦးစိုးညြန္႔လြင္က တာဝန္ယူမည္ျဖစ္ၿပီး ျပည္နယ္လွ်ပ္စစ္၊စြမ္းအင္ႏွင့္ စက္မႈလက္မႈဝန္ႀကီးအျဖစ္ ဦးစိုင္းရဲွန္တစ္လံုက တာဝန္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ျပည္နယ္အစိုးရအဖြဲ႕ကို လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီးဌာန၊ စည္ပင္သာယာေရး ၀န္ႀကီးဌာန၊ လူမႈေရး၀န္ႀကီးဌာန၊ သယံဇာတႏွင့္ ပတ္၀န္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရး၀န္ႀကီးဌာန၊ လွ်ပ္စစ္၊စြမ္းအင္ႏွင့္ စက္မႈလက္မႈ၀န္ႀကီးဌာန၊ စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာန၊ လမ္းပန္းဆက္သြယ္ေရး ၀န္ႀကီးဌာန၊ စိုက္ပ်ဳိးေရးႏွင့္ ေမြးျမဴေရး၀န္ႀကီးဌာနတို႔ျဖင့္ ဖြဲ႕စည္း ေဆာင္ရြက္သြားမည္ျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးဌာန (၉)ခုအစား ဝန်ကြီးဌာန (၈)ခုသို့ ပြောင်းလဲဖွဲ့စည်းလိုက်ပြီး ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနကို ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း သိရသည်။

“လုပ်ငန်းသဘော သဘာဝတူသည့် ဌာနနှစ်ခုကို ပေါင်းလိုက်ခြင်းအားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ဖြင့် ဆက်သွယ်ဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူစပြေီး ပြည်နယ်တွင်း စီမံကိန်းများကိုလည်း ပိုမိုထိရောက်အောင် လျာထား ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်လွှတ်တော်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက်က တင်ပြခဲ့သည်။

ပြည်နယ်လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဆွေသိန်းသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့က ကွယ်လွန်သွားခဲ့ရာ အဆိုပါ တာဝန်ကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက တာဝန်ယူဆောင်ရွက်နေခဲ့ပြီး ဘဏ္ဍာရေးတာဝန်များကို ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာဝန်ယူနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြောင်းလဲဖွဲ့စည်းလိုက်သည့် ဖွဲ့စည်းပုံအရ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစိုးညွန့်လွင်က တာဝန်ယူမည်ဖြစ်ပြီး ပြည်နယ်လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုလက်မှုဝန်ကြီးအဖြစ် ဦးစိုင်းရှဲန်တစ်လုံက တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်နယ်အစိုးရအဖွဲ့ကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီးဌာန၊ လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနတို့ဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~