ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝေးလံခေါင်ဖျားဒေသသို့ ပြစ်ဒဏ်ကျ ဝန်ထမ်းများ စေလွှတ်ခြင်း မရှိဟုဆို

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝေးလံခေါင်ဖျားဒေသသို့ ပြစ်ဒဏ်ကျ ဝန်ထမ်းများ စေလွှတ်ခြင်း မရှိဟုဆို
ဒီဇငျဘာ 24, 2018
By Tachileik News Agency

ပညာရေးဝန်ကြီးဌာန အနေဖြင့် ဒေသအသီးသီးသို့ ပညာရေးဝန်ထမ်းများ စေလွှတ်ရာတွင် ကြိုးစား အားထုတ်မှုရှိပြီး ဒေသနှင့်‌ကိုက်ညီသင့်လျော်သော ပညာရေးဝန်ထမ်းများစေလွှတ်ပေးရန် စီစဉ် ဆောင်ရွက်နေပြီး ဝေးလံခေါင်ဖျားဒေသသို့ ပြစ်ဒဏ်ကျ ဝန်ထမ်းများကိုသာ စေလွှတ်ခြင်းမျိုး ဆောင်ရွက်ခြင်း မရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်တွင် ဖြေကြားသည်။


ဝန်ကြီးဌာနအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ အရေးယူမှုဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီသာ ဆောင်ရွက်အရေးယူခြင်းသာဖြစ်ပြီး ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်သို့ ဝန်ထမ်းများပြောင်းရွှေ့ခဲ့သည်မှာ ညံ့ဖျင်းသောကြောင့် ပြောင်းရွှေ့ရခြင်း မဟုတ်ဘဲ အရည်အချင်းရှိပြီး လုပ်ငန်းအပေါ်အလေးထားခြင်းမရှိ၍ နောက်နောင်တွင် အလားတူ ပေါ့လျော့မှု မရှိစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါသည်ဟု ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

ဝန်ထမ်းတစ်ဦးအား ရာထူးတူဖြင့် ပြောင်းရွှေ့တာဝန်ပေးခြင်းသည် နိုင်ငံ့ဝန်ထမ်း ဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်ကိုးမျိုးတွင် အကျုံးဝင်မှုမရှိဘဲ ပြောင်းရွှေ့ခြင်းသည် စီမံခန့်ခွဲမှု လိုအပ်ချက်အရသာ ပြောင်းရွှေ့ ခန့်ထားခြင်းဖြစ်ရာ ဝန်ထမ်းများဌာနနေရာများသို့ ပြောင်းရွှေ့ရာတွင် ခေါင်လန်ဖူးဒေသ တစ်ခုတည်းသာ မဟုတ်ဘဲ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုလုံးနှင့် ရာထူးနေရာလစ်လပ်မှုများပေါ် မူတည်၍ လုပ်သက်တန်းစီဇယား အရသာ ပြောင်းရွှေ့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖြေကြားသည်။

Tachileik News Agency


~~~~~~~~⊰❂Unicode Version ~~~~~~~~

ပညာရေးဝန်ကြီးဌာန အနဖြေင့် ဒေသအသီးသီးသို့ ပညာရေးဝန်ထမ်းများ စေလွှတ်ရာတွင် ကြိုးစား အားထုတ်မှုရှိပြီး ဒေသနှင်‌့ကိုက်ညီသင့်လျော်သော ပညာရေးဝန်ထမ်းများစေလွှတ်ပေးရန် စီစဉ် ဆောင်ရွက်နပြေီး ဝေးလံခေါင်ဖျားဒေသသို့ ပြစ်ဒဏ်ကျ ဝန်ထမ်းများကိုသာ စေလွှတ်ခြင်းမျိုး ဆောင်ရွက်ခြင်း မရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်တွင် ဖြကြေားသည်။

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်နှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မြင့်မားလာစေရန်အတွက် အပြစ်ပေးအရေးယူခံရသော ပညာရေးဝန်ထမ်း စေလွှတ်ခြင်းထက် ကြိုးစားအားထုတ်မှုရှိပြီး ဒေသနှင့်ကိုက်ညီသင့်လျော်သော ပညာရေးဝန်ထမ်းများ စေလွှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနဖြေင့် ဌာနဆိုင်ရာဝန်ထမ်းများ အရေးယူမှုဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီသာ ဆောင်ရွက်အရေးယူခြင်းသာဖြစ်ပြီး ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်သို့ ဝန်ထမ်းများပြောင်းရွှေ့ခဲ့သည်မှာ ညံ့ဖျင်းသောကြောင့် ပြောင်းရွှေ့ရခြင်း မဟုတ်ဘဲ အရည်အချင်းရှိပြီး လုပ်ငန်းအပေါ်အလေးထားခြင်းမရှိ၍ နောက်နောင်တွင် အလားတူ ပေါ့လျော့မှု မရှိစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါသည်ဟု ဒုဝန်ကြီးက ပြန်လည်ဖြကြေားခဲ့သည်။

ဝန်ထမ်းတစ်ဦးအား ရာထူးတူဖြင့် ပြောင်းရွှေ့တာဝန်ပေးခြင်းသည် နိုင်ငံ့ဝန်ထမ်း ဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်ကိုးမျိုးတွင် အကျုံးဝင်မှုမရှိဘဲ ပြောင်းရွှေ့ခြင်းသည် စီမံခန့်ခွဲမှု လိုအပ်ချက်အရသာ ပြောင်းရွှေ့ ခန့်ထားခြင်းဖြစ်ရာ ဝန်ထမ်းများဌာနနေရာများသို့ ပြောင်းရွှေ့ရာတွင် ခေါင်လန်ဖူးဒေသ တစ်ခုတည်းသာ မဟုတ်ဘဲ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုလုံးနှင့် ရာထူးနေရာလစ်လပ်မှုများပေါ် မူတည်၍ လုပ်သက်တန်းစီဇယား အရသာ ပြောင်းရွှေ့ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း ဖြကြေားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~