ထုိင္းႏုိင္ငံေျမာက္ပိုင္းအတြင္း ျပည္နယ္(၉)ခုမွ ျမန္မာႏုိင္ငံသားကေလးမ်ား အေျခခံပညာသင္တန္းမ်ား အပ္ႏွံႏုိင္

ထုိင္းႏုိင္ငံေျမာက္ပိုင္းအတြင္း ျပည္နယ္(၉)ခုမွ ျမန္မာႏုိင္ငံသားကေလးမ်ား အေျခခံပညာသင္တန္းမ်ား အပ္ႏွံႏုိင္
မေ 25, 2019
By Tachileik News Agency

ထုိင္းႏိုင္ငံေျမာက္ပိုင္းအတြင္း ျပည္နယ္(၉)ခုရိွ ျမန္မာႏုိင္ငံသားကေလးမ်ားအတြက္ ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္ ႏုိင္ငံျခားေရာက္ ျမန္မာႏုိင္ငံသားကေလးမ်ား အေျခခံပညာ စာေပးစာယူသင္တန္းကို ေလွ်ာက္ထားႏုိင္ၿပီျဖစ္ေၾကာင္း ခ်င္းမိုင္ၿမိဳ႕ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ရံုးက ေၾကညာထားသည္။

သူငယ္တန္းသင္တန္းဝင္ခြင့္ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ေမလ (၃၁)ရက္ေန႔တြင္ အသက္ (၅)ႏွစ္ျပည့္ၿပီးသူျဖစ္ေၾကာင္း ေမြးစာရင္းမိတၱဴမွန္ႏွင့္ ေလွ်ာက္ထားရမည္ျဖစ္ၿပီး ယခုႏွစ္မွ ေျပာင္းေရႊ႕လာသည့္ အျခားအတန္းမ်ားအတြက္ ေနာက္ဆံုးေအာင္ျမင္ခဲ့သည့္အတန္း ေအာင္လက္မွတ္ သို႔မဟုတ္ ေက်ာင္းထြက္လက္မွတ္တုိ႔ ပူးတြဲတင္ျပရန္လိုအပ္ေၾကာင္း သိရသည္။

ထိုင္းနိုင္ငံေျမာက္ပိုင္း ျပည္နယ္ (၉) ခုျဖစ္သည့္ ခ်င္းမိုင္ျပည္နယ္၊ လန္ဖြန္းျပည္နယ္၊ လန္ပန္းျပည္နယ္၊ ဥတၱရာဒစ္ျပည္နယ္၊ ဖရာဒယ္ျပည္နယ္၊ နမ္ျပည္နယ္၊ ဖရာအိုျပည္နယ္၊ ခ်င္းရိုင္ျပည္နယ္ႏွင့္ မယ္ေဟာင္ေဆာင္ျပည္နယ္တုိ႔တြင္ ေရာက္ရွိေနထုိင္ အလုပ္ လုပ္ကိုင္လ်က္ရွိသည့္ ျမန္မာနိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ား၏ သားသမီးမ်ားေက်ာင္းအပ္ႏွံႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံမြောက်ပိုင်းအတွင်း ပြည်နယ်(၉)ခုရှိ မြန်မာနိုင်ငံသားကလေးများအတွက် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားကလေးများ အခြေခံပညာ စာပေးစာယူသင်တန်းကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကြေညာထားသည်။

သူငယ်တန်းသင်တန်းဝင်ခွင့်လျှောက်ထားလိုသူများအနဖြေင့် ၂၀၁၉ ခုနှစ်၊ မေလ (၃၁)ရက်နေ့တွင် အသက် (၅)နှစ်ပြည့်ပြီးသူဖြစ်ကြောင်း မွေးစာရင်းမိတ္တူမှန်နှင့် လျှောက်ထားရမည်ဖြစ်ပြီး ယခုနှစ်မှ ပြောင်းရွှေ့လာသည့် အခြားအတန်းများအတွက် နောက်ဆုံးအောင်မြင်ခဲ့သည့်အတန်း အောင်လက်မှတ် သို့မဟုတ် ကျောင်းထွက်လက်မှတ်တို့ ပူးတွဲတင်ပြရန်လိုအပ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် (၉) ခုဖြစ်သည့် ချင်းမိုင်ပြည်နယ်၊ လန်ဖွန်းပြည်နယ်၊ လန်ပန်းပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရာဒယ်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖရာအိုပြည်နယ်၊ ချင်းရိုင်ပြည်နယ်နှင့် မယ်ဟောင်ဆောင်ပြည်နယ်တို့တွင် ရောက်ရှိနေထိုင် အလုပ် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ၏ သားသမီးများကျောင်းအပ်နှံနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net