စစ်မှုထမ်းခြင်းထုတ်ပြန်ချက် RCSS/SSA ထုတ်ပြန်လာ

စစ်မှုထမ်းခြင်းထုတ်ပြန်ချက် RCSS/SSA ထုတ်ပြန်လာ

စစ်မှုထမ်းခြင်းအပါအဝင် (၃)နှစ်ဆက်တိုက် အသုံးမပြုပဲ ထားရှိသည့် မြေယာအခင်းများကို ဒေသပိုင်အဖြစ် သိမ်းဆီးမည့် ထုတ်ပြန်ချက်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)က ယနေ့ ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် ထုတ်ပြန်လာသည်။ 

ရှမ်းပြည်အတွင်းနေထိုင်သူ အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်း မည်သည့်တိုင်းရင်းသားမျိုးနွယ်စုမဆို ကာကွယ်ရန်တာဝန်ရှိကြောင်းနှင့်  ရှမ်းပြည်သူ၊ ပြည်သားများသည် ကိုယ်စီတာဝန်အသီးသီးထမ်းဆောင်ရမည်ဟု ပါရှိသည်။ 

အသက်(၁၈)နှစ်ပြည့်ပြီးသူများသည် (၆)နှစ်တာ စစ်မှုထမ်းရမည်ဖြစ်ပြီး တက္ကသိုလ်ကျောင်းတက်ရောက်ပြီးမြောက်ထားသူများသည် စာသင်ကြားပို့ချခြင်းနှင့် ရုံးလုပ်ငန်း တာဝန်ထမ်းဆောင်ခြင်းများကို လုပ်ဆောင်ရမည်ဟု ဆိုသည်။ 

စက်မှုလက်မှု ကျွမ်းကျင်သူများအနေဖြင့် လျှပ်စစ်၊ ယာဉ်အမျိုးမျိုး ပြုပြင်ခြင်း၊ တီထွင်ခြင်းများပြုလုပ်ရမည်ဖြစ်ပြီး IT(နည်းပညာ) ပိုင်းကျွမ်းကျင်တတ်မြောက်သူများက  ဒရုန်းတပ်ဖွဲ့များ၊  ITဌာန နှင့်  Websiteပိုင်းများတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ 

သမိုင်းဆိုင်ရာ ကျွမ်းကျင်သူများအနေဖြင့် ပြည်နယ်တွင်း သမိုင်းကြောင်းများကို ပြုစုရမည်ဖြစ်ပြီး စည်းရုံးရေးအားသာသူများသည် ပြည်နယ်တွင်း စုဆောင်းစည်းရုံးရေးများကိုပြုလုပ်ရမည်ဟု ပါရှိသည်။ 

ထိုင်း၊ တရုတ်၊ လာအို စသည့်နိုင်ငံများထံ အိမ်ခြံမြေ၊ လယ်ယာများ ပေါင်နှံရောင်းချလိမ်လည်ခြင်းမျိုး ပြုလုပ်ခွင့်မပေးကြောင်းနှင့်  ပြုလုပ်ခဲ့ပါက ၎င်းဥစ္စာပစ္စည်းများကို ဒေသတွင်းပိုင်ပစ္စည်းအဖြစ် သိမ်းယူမည်ဟုလည်း ထုတ်ပြန်ထားသည်။ 

လယ်ယာများကို အခြားဒေသများထံ ရောင်းချခြင်းပြုလုပ်လိုလျှင် ဒေသတွင်းသက်ဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့စည်းများ၏ ခွင့်ပြုချက်ပါရှိရမည်ဖြစ်ပြီး (၃)နှစ်ဆက်တိုက် မပြုလုပ်ပဲထားသည့် မြေယာအခင်းများကို ဒေသပိုင်အဖြစ် သိမ်းဆည်းမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency