တာခ်ီလိတ္၌ ပထမဆံုးအျဖစ္ ၂၀၁၉ ႏွစ္သစ္ႀကိဳဆိုသည့္ Countdown ပြဲ ရွမ္းရိုးမကြင္းတြင္ က်င္းပမည္

တာခ်ီလိတ္၌ ပထမဆံုးအျဖစ္ ၂၀၁၉ ႏွစ္သစ္ႀကိဳဆိုသည့္ Countdown ပြဲ ရွမ္းရိုးမကြင္းတြင္ က်င္းပမည္
ဒီဇင်ဘာ 10, 2018
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ပထမဆံုးအျဖစ္ ၂၀၁၉ ႏွစ္သစ္ ႀကိဳဆိုသည့္ Count Down အစီအစဥ္ ပါဝင္သည့္ ႏွစ္သစ္ႀကိဳဆိုဂီတပြဲေတာ္ႏွင့္ မိတ္ဆံုစားပြဲကို ရွမ္းရိုးမကြင္း အတြင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁)ရက္ေန႔မွစ၍ (၃)ရက္ၾကာ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ႏွစ္သစ္ကူးႀကိဳဆိုသည့္ Count Down အစီအစဥ္ကို တစ္ဖက္ ထုိင္းႏိုင္ငံရိွ မယ္ဆုိင္ၿမိဳ႕တြင္ ႏွစ္စဥ္ သြားေရာက္ဆင္ႏႊဲေလ့ရိွၾကရာ ၂၀၁၉ ခုႏွစ္ ႏွစ္သစ္ႀကိဳသည့္ Count Down အစီအစဥ္ကို တာခ်ီလိတ္ၿမိဳ႕တြင္ ပထမဆံုးအျဖစ္ အထက(တာခ်ီလိတ္) ေက်ာင္းသား/ ေက်ာင္းသူေဟာင္းမ်ားအဖြဲ႕က စီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းရိုးမကြင္းတြင္ သံုးရက္ၾကာက်င္းပမည့္ ႏွစ္သစ္ကူးႀကိဳဆိုဂီတပြဲေတာ္ႏွင့္ မိတ္ဆံုစားပြဲကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၂)ရက္ေန႔အထိ ေန႔စဥ္ညေန (၇)နာရီခြဲ၌စတင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ႏွစ္သစ္ကူးႀကိဳဆို ဂီတပြဲေတာ္ႏွင့္ မိတ္ဆံုစားပြဲ ဖြင့္ပြဲေန႔ျဖစ္သည့္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၃၁)ရက္ေန႔ညတြင္ တိုင္းရင္းသားအက၊ မေနာႏွင့္အဖြဲ႕၊ ေဂ်ေမာင္ေမာင္ႏွင့္ ေဂ်ညီညီတုိ႔က ေဖ်ာ္ေျဖမႈမ်ားႏွင့္ အတူ ၂၀၁၉ ႏွစ္သစ္ကူး Count Down အစီအစဥ္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔ညတြင္ တူးတူး၊ ၾကက္ဖ၊ ရဲရင့္ေအာင္၊ ထက္ေအာင္၊ ယာခ်ဴ၊ Bobby Soxer၊ ၊ ဂ်ဒိုင္းႏွင့္ နန္းရတနာထိုက္တို႔က ေဖ်ာ္ေျဖၾကမည္ျဖစ္ၿပီး ဇန္နဝါရီလ (၂)ရက္ေန႔တြင္ လႊမ္းပိုင္၊ ဘန္နီၿဖဳိး၊ အိုက္ထြန္း၊ ထက္ေအာင္၊ အိုင္းရင္းဇင္မာျမင့္၊ ယာခ်ဴႏွင့္ နန္းရတနာထိုက္တို႔က ေဖ်ာ္ေျဖၾကမည္ ျဖစ္ေၾကာင္း သိရသည္။

ႏွစ္သစ္ႀကိဳဆိုညျဖစ္သည့္ ဒီဇင္ဘာလ(၃၁)ရက္ေန႔တြင္ မိတ္ဆံုစားပြဲအတြက္ စား၀ိုင္းလက္မွတ္မ်ားအား တစ္၀ိုင္းလွ်င္ ဘတ္(၃,၂၀၀)ႏႈန္းျဖင့္ လည္းေကာင္း၊ စား၀ိုင္းမ၀ယ္သူမ်ား အေနျဖင့္ တစ္ဦးလွ်င္ ဘတ္(၂၀၀)တန္ လက္မွတ္မ်ားကို ၀ယ္ယူရရွိႏိုင္မွာ ျဖစ္ၿပီး ပြဲလက္မွတ္မ်ားအား တာခ်ီလိတ္ၿမိဳ႕ ေမဖလား၀ါးကြင္း အတြင္းရွိ J My King Hotel(သေဘၤာဟိုတယ္)တြင္ လည္းေကာင္း ဖုန္း - 095240445 ၊ 095241244 သို႔ ဆက္သြယ္၍ လည္းေကာင္း။ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၁၅)ရက္ေန႔ကစ၍ ၀ယ္ယူ ရရွိႏိုင္ျဖစ္ေၾကာင္း သိရသည္။

စား၀ိုင္းမ်ားကို ႏွစ္သစ္ကူးႀကိဳမည့္ ဒီဇင္ဘာလ(၃၁)ရက္ေန႔တစ္ရက္တည္းတာ စီစဥ္ျခင္းျဖစ္ၿပီး က်န္ေန႔မ်ားတြက္ တစ္ဦးလွ်င္ ၀င္ေၾကး ဘတ္(၂၀၀)ျဖင့္သာ လက္မွတ္မ်ား ၀ယ္ယူရရွိႏိုင္မည္ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပထမဆုံးအဖြစ် ၂၀၁၉ နှစ်သစ် ကြိုဆိုသည့် Count Down အစီအစဉ် ပါဝင်သည့် နှစ်သစ်ကြိုဆိုဂီတပွဲတော်နှင့် မိတ်ဆုံစားပွဲကို ရှမ်းရိုးမကွင်း အတွင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့မှစ၍ (၃)ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် နှစ်သစ်ကူးကြိုဆိုသည့် Count Down အစီအစဉ်ကို တစ်ဖက် ထိုင်းနိုင်ငံရှိ မယ်ဆိုင်မြို့တွင် နှစ်စဉ် သွားရောက်ဆင်နွှဲလေ့ရှိကြရာ ၂၀၁၉ ခုနှစ် နှစ်သစ်ကြိုသည့် Count Down အစီအစဉ်ကို တာချီလိတ်မြို့တွင် ပထမဆုံးအဖြစ် အထက(တာချီလိတ်) ကျောင်းသား/ ကျောင်းသူဟောင်းများအဖွဲ့က စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်းတွင် သုံးရက်ကြာကျင်းပမည့် နှစ်သစ်ကူးကြိုဆိုဂီတပွဲတော်နှင့် မိတ်ဆုံစားပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့အထိ နေ့စဉ်ညနေ (၇)နာရီခွဲ၌စတင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နှစ်သစ်ကူးကြိုဆို ဂီတပွဲတော်နှင့် မိတ်ဆုံစားပွဲ ဖွင့်ပွဲနေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ညတွင် တိုင်းရင်းသားအက၊ မနောနှင့်အဖွဲ့၊ ဂျေမောင်မောင်နှင့် ဂျေညီညီတို့က ဖျော်ဖြေမှုများနှင့် အတူ ၂၀၁၉ နှစ်သစ်ကူး Count Down အစီအစဉ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ညတွင် တူးတူး၊ ကြက်ဖ၊ ရဲရင့်အောင်၊ ထက်အောင်၊ ယာချူ၊ Bobby Soxer၊ ဂျဒိုင်းနှင့် နန်းရတနာထိုက်တို့က ဖျော်ဖြကြေမည်ဖြစ်ပြီး ဇန်နဝါရီလ (၂)ရက်နေ့တွင် လွှမ်းပိုင်၊ ဘန်နီဖြိုး၊ အိုက်ထွန်း၊ ထက်အောင်၊ အိုင်းရင်းဇင်မာမြင့်၊ ယာချူနှင့် နန်းရတနာထိုက်တို့က ဖျော်ဖြကြေမည် ဖြစ်ကြောင်း သိရသည်။

နှစ်သစ်ကြိုဆိုညဖြစ်သည့် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် မိတ်ဆုံစားပွဲအတွက် စားဝိုင်းလက်မှတ်များအား တစ်ဝိုင်းလျှင် ဘတ်(၃,၂၀၀)နှုန်းဖြင့် လည်းကောင်း၊ စားဝိုင်းမဝယ်သူများ အနဖြေင့် တစ်ဦးလျှင် ဘတ်(၂၀၀)တန် လက်မှတ်များကို ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး ပွဲလက်မှတ်များအား တာချီလိတ်မြို့ မေဖလားဝါးကွင်း အတွင်းရှိ J My King Hotel(သင်္ဘောဟိုတယ်)တွင် လည်းကောင်း ဖုန်း - 095240445၊ 095241244 သို့ ဆက်သွယ်၍ လည်းကောင်း။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့ကစ၍ ဝယ်ယူ ရရှိနိုင်ဖြစ်ကြောင်း သိရသည်။

စားဝိုင်းများကို နှစ်သစ်ကူးကြိုမည့် ဒီဇင်ဘာလ(၃၁)ရက်နေ့တစ်ရက်တည်းတာ စီစဉ်ခြင်းဖြစ်ပြီး ကျန်နေ့များတွက် တစ်ဦးလျှင် ဝင်ကြေး ဘတ်(၂၀၀)ဖြင့်သာ လက်မှတ်များ ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~