ထုိင္းႏုိင္ငံဘက္မွ ျပင္ဆင္မႈမၿပီးေသးသျဖင့္ မယ္စဲ့ - ခြန္ယြန္းနယ္စပ္ေစ်းကို သတ္မွတ္ကာလတြင္ ဖြင့္လွစ္ႏုိင္ျခင္းမရိွေသး

ထုိင္းႏုိင္ငံဘက္မွ ျပင္ဆင္မႈမၿပီးေသးသျဖင့္ မယ္စဲ့ - ခြန္ယြန္းနယ္စပ္ေစ်းကို သတ္မွတ္ကာလတြင္ ဖြင့္လွစ္ႏုိင္ျခင္းမရိွေသး
ဒီဇင်ဘာ 19, 2018
By 🌸
ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕ႏွင့္ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခ႐ုိင္၊ ခြန္ယြန္းၿမိဳ႕တို႔ၾကား ျမန္မာ - ထိုင္းႏွစ္ႏိုင္ငံ နယ္စပ္ေစ်းကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလလယ္တြင္ ဖြင့္လွစ္သြားရန္ စီစဥ္ထားေသာ္လည္း ထိုင္းႏိုင္ငံဖက္မွ လမ္းျပဳျပင္ရန္က်န္ရွိေနေသးေသာေၾကာင့္ မဖြင့္ႏိုင္ေသးေၾကာင္း သိရသည္။

"ကၽြန္ေတာ္ TBC အစည္းအေဝးသြားေတာ့ ခရုိင္ဝန္က သူတို႔ဖက္ပိုင္းမွာ လမ္းျပင္ဖို႔က လိုေနေသးတယ္။ အဲ့ဒါေၾကာင့္ လမ္းျပင္ၿပီးေတာ့မွ ေစ်းဖြင့္ပြဲေရာ လမ္းဖြင့္ပြဲေရာ တစ္ခါတည္းလုပ္မယ္လို႔ ေျပာပါတယ္။ ကၽြန္ေတာ္တို႔ဖက္ကေတာ့ အကုန္အဆင္သင့္ျဖစ္ေနၿပီ။ သူတို႔ဖက္က အဆင္သင့္မျဖစ္ေသးတာေပါ့။ ကၽြန္ေတာ္တို႔ဖက္က ေစ်းကအရမ္းအဆင့္ျမင့္ေနလို႔ဆိုၿပီး နယ္စပ္ေစ်းကို မယ္ေဟာင္ေဆာင္ခရုိင္ကေန ေျပာင္းကိုင္မယ္။ ကုန္သည္ႀကီးမ်ားကေပါ့။ ၿမိဳ႕နယ္အေနနဲ႔ဆို အဆင့္နိမ့္ေနတယ္ေပါ့။ မယ္စဲ့ေစ်းက ေနရာ အေဆာက္အဦးကအစ အဆင့္ျမင့္ေနလို႔ေပါ့။ ခြန္ယြန္းၿမိဳ႕နယ္မွဴးနဲ႔ TBC အစည္းအေဝးမွာ ေျပာျဖစ္ခဲ့ၾကတယ္။ ေစ်းကုိ အဆင့္ျမင့္မယ္။ လမ္းလည္းတစ္ခါတည္း ေကာင္းေအာင္ ျပင္မယ္။ ၿပီးေတာ့မွ ေစ်းဖြင့္ျဖစ္ေတာ့မယ္ေပါ့ " ဟု မယ္စဲ့ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးသန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုင္ငံ၌ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၇) ရက္ေန႔ ျပဳလုပ္ခဲ့ေသာ ျမန္မာ-ထိုင္းနယ္ျခားေကာ္မတီ အစည္းအေဝးတြင္ အဆိုပါနယ္စပ္ေစ်းဖြင့္လွစ္ႏုိင္ေရးေဆြးေႏြးခဲ့ရာတြင္ ထိုင္းႏိုင္ငံဖက္မွ လမ္းျပဳျပင္ရန္ (၆) မိုင္ခန္႔က်န္ရိွေနသည့္အျပင္ အဆိုပါနယ္စပ္ေစ်းကို မူလက ခြန္ယြန္းၿမိဳ႕နယ္အဆင့္မွ တာဝန္ယူထားျခင္း ျဖစ္ေသာ္လည္း မယ္ေဟာင္ေဆာင္ခရိုင္အဆင့္က ေျပာင္းလဲတာဝန္ယူမည္ျဖစ္သျဖင့္ ဖြင့္လွစ္မည့္အခ်ိန္ကို ေရႊ႕ဆိုင္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မယ္စဲ့ၿမိဳ႕နယ္ရိွ ဘီပီ(၁၃) နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကုန္သြယ္မႈမ်ားစတင္ေနၿပီးေနာက္ မယ္စဲ့ႏွင့္ ခြန္ယြန္းၿမိဳ႕တို႔ၾကား ႏွစ္ႏုိင္ငံနယ္စပ္ေစ်းအျဖစ္ တစ္လ(၂)ႀကိမ္ အလွည့္က်ဖြင့္လွစ္ရန္ ႏွစ္ႏိုင္ငံ တာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္ ဧၿပီလအတြင္း အႀကိဳညိႇႏိႈင္းသေဘာတူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ႏွစ္ႏုိင္ငံနယ္စပ္ေစ်းအစီအစဥ္ကို ေဒသတြင္းကုန္သည္မ်ားကလည္း စိတ္ဝင္စားမႈမ်ား၍ ေရာင္းခ်ရန္ စာရင္းေပးသြင္းထားသူမ်ားလည္းရိွေနၿပီျဖစ္ၿပီး မယ္စဲ့ၿမိဳ႕ရွိ နယ္စပ္ေစ်းမွာ ဖြင့္လွစ္ရန္ အဆင္သင့္ျဖစ္ေနေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံဘက်မှ ပြင်ဆင်မှုမပြီးသေးသဖြင့် မယ်စဲ့ - ခွန်ယွန်းနယ်စပ်ဈေးကို သတ်မှတ်ကာလတွင် ဖွင့်လှစ်နိုင်ခြင်းမရှိသေး
************
ကယားပြည်နယ်၊ မယ်စဲ့မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့တို့ကြား မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်စပ်ဈေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလလယ်တွင် ဖွင့်လှစ်သွားရန် စီစဉ်ထားသော်လည်း ထိုင်းနိုင်ငံဖက်မှ လမ်းပြုပြင်ရန်ကျန်ရှိနေသေးသောကြောင့် မဖွင့်နိုင်သေးကြောင်း သိရသည်။

"ကျွန်တော် TBC အစည်းအဝေးသွားတော့ ခရိုင်ဝန်က သူတို့ဖက်ပိုင်းမှာ လမ်းပြင်ဖို့က လိုနေသေးတယ်။ အဲ့ဒါကြောင့် လမ်းပြင်ပြီးတော့မှ ဈေးဖွင့်ပွဲရော လမ်းဖွင့်ပွဲရော တစ်ခါတည်းလုပ်မယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ဖက်ကတော့ အကုန်အဆင်သင့်ဖြစ်နေပြီ။ သူတို့ဖက်က အဆင်သင့်မဖြစ်သေးတာပေါ့။ ကျွန်တော်တို့ဖက်က ဈေးကအရမ်းအဆင့်မြင့်နေလို့ဆိုပြီး နယ်စပ်ဈေးကို မယ်ဟောင်ဆောင်ခရိုင်ကနေ ပြောင်းကိုင်မယ်။ ကုန်သည်ကြီးများကပေါ့။ မြို့နယ်အနေနဲ့ဆို အဆင့်နိမ့်နေတယ်ပေါ့။ မယ်စဲ့ဈေးက နေရာ အဆောက်အဦးကအစ အဆင့်မြင့်နေလို့ပေါ့။ ခွန်ယွန်းမြို့နယ်မှူးနဲ့ TBC အစည်းအဝေးမှာ ပြောဖြစ်ခဲ့ကြတယ်။ ဈေးကို အဆင့်မြင့်မယ်။ လမ်းလည်းတစ်ခါတည်း ကောင်းအောင် ပြင်မယ်။ ပြီးတော့မှ ဈေးဖွင့်ဖြစ်တော့မယ်ပေါ့ " ဟု မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့ ပြုလုပ်ခဲ့သော မြန်မာ-ထိုင်းနယ်ခြားကော်မတီ အစည်းအဝေးတွင် အဆိုပါနယ်စပ်ဈေးဖွင့်လှစ်နိုင်ရေးဆွေးနွေးခဲ့ရာတွင် ထိုင်းနိုင်ငံဖက်မှ လမ်းပြုပြင်ရန် (၆) မိုင်ခန့်ကျန်ရှိနေသည့်အပြင် အဆိုပါနယ်စပ်ဈေးကို မူလက ခွန်ယွန်းမြို့နယ်အဆင့်မှ တာဝန်ယူထားခြင်း ဖြစ်သော်လည်း မယ်ဟောင်ဆောင်ခရိုင်အဆင့်က ပြောင်းလဲတာဝန်ယူမည်ဖြစ်သဖြင့် ဖွင့်လှစ်မည့်အချိန်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်ရှိ ဘီပီ(၁၃) နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုများစတင်နေပြီးနောက် မယ်စဲ့နှင့် ခွန်ယွန်းမြို့တို့ကြား နှစ်နိုင်ငံနယ်စပ်ဈေးအဖြစ် တစ်လ(၂)ကြိမ် အလှည့်ကျဖွင့်လှစ်ရန် နှစ်နိုင်ငံ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဧပြီလအတွင်း အကြိုညှိနှိုင်းသဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံနယ်စပ်ဈေးအစီအစဉ်ကို ဒေသတွင်းကုန်သည်များကလည်း စိတ်ဝင်စားမှုများ၍ ရောင်းချရန် စာရင်းပေးသွင်းထားသူများလည်းရှိနေပြီဖြစ်ပြီး မယ်စဲ့မြို့ရှိ နယ်စပ်ဈေးမှာ ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~