က်ဳိင္းတံုၿမိဳ႕နယ္ ေတာင္ေပၚေက်းရြာ (၃)ခုမွ အဲန္တို္င္းရင္းသားမ်ားအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈႏွင့္ အေျခခံလူသံုးပစၥည္းမ်ား ဆက္လက္ လိုအပ္ေန

က်ဳိင္းတံုၿမိဳ႕နယ္ ေတာင္ေပၚေက်းရြာ (၃)ခုမွ အဲန္တို္င္းရင္းသားမ်ားအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈႏွင့္ အေျခခံလူသံုးပစၥည္းမ်ား ဆက္လက္ လိုအပ္ေန
ဒီဇင်ဘာ 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရိွ လူနည္းစုဌာေန တုိင္းရင္းသားမ်ားျဖစ္သည့္ အဲန္တိုင္းရင္းသားမ်ား ေနထုိင္ရာ က်ိဳင္းတံုၿမိဳ႕နယ္ ပင္းေတာက္ေက်းရြာအုပ္စုရိွ ဝမ္ေနာင္၊ တင္ထပ္ႏွင့္ ဝမ္ခါးေက်းရြာတို႔တြင္ အေျခခံ က်န္းမာေရး ေစာင့္ေရွာက္မႈႏွင့္ ကေလးအသံုးအေဆာင္ပစၥည္းမ်ား အကူအညီလိုအပ္ေနသျဖင့္ ေဒသတြင္းမွ သြားေရာက္ကူညီေပးေနၿပီး လိုအပ္မႈမ်ားရိွေနဆဲျဖစ္ေၾကာင္း သိရသည္။

“အခ်ိန္အရ ရြာႏွစ္ရြာပဲ ေရာက္ခဲ့တယ္။ ဝမ္ခါးရြာေတာ့ မေရာက္ခဲ့ဘူး လူႀကီးအဝတ္အစားပိုတဲ့ အထည္ (၁၀၀)ေလာက္ပဲ ပို႔လုိ္က္ရတယ္။ ဝမ္ေနာင္နဲ႔ တင္ထပ္ရြာမွာေတာ့ ကေလး၊ လူႀကီးအဝတ္အစားေတြ အကုန္ရတယ္။ ကေလးေတြက ထင္တာထက္ကို မ်ားေနတာေပါ့။ ယူသြားတာကေတာ့ အားလံုး လွဴလုိက္ၾကတဲ့ အဝတ္အစားေတြရယ္ တာခ်ီလိတ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္(ဦးစိုင္းလံုစံခတ္) လွဴလုိက္တဲ့ ဖိနပ္ေတြရယ္ ပစၥည္းေတြ အေတာ္မ်ားပါတယ္။ ကေလးေတြက မႏွစ္ကထက္ကို မ်ားလာေတာ့ ကေလးေတြအတြက္လည္း လိုအပ္ေနတယ္။ ျဖစ္ႏုိင္ရင္ အဲဒီရြာေတြကို ဒီထက္ပိုၿပီး အလွဴရွင္ေတြ ေရာက္ေစခ်င္ပါတယ္”ဟု သြားေရာက္လွဴဒါန္းခဲ့သည့္ စိမ္းလဲ႔ေတာင္တန္း ပရဟိတအဖဲြ႕မွ ေဒါက္တာ နန္းမားလားဝမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းပန္းဆက္သြယ္ေရးခက္ခဲသည့္ အဆုိပါ ေတာင္ေပၚေက်းရြာ (၃)ရြာတြင္ ေဆာင္းရာသီအတြင္း အေႏြးထည္ လိုအပ္ခ်က္အရ က်ိဳင္းတံုၿမိဳ႕မွ စိမ္းလဲ႔ေတာင္တန္း ပရဟိတအဖဲြ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕မွ Tachileik Only Biker တုိ႔ ပါဝင္သည့္ (၁၀)ဦးအဖြဲ႕က အထက(တာခ်ီလိတ္) ေက်ာင္းသား ေက်ာင္းသူေဟာင္းမ်ားႏွင့္ က်ိဳင္းတံုၿမိဳ႕မွ လွဴဒါန္းသည့္ အေႏြးထည္မ်ား၊ ဖိနပ္မ်ား၊ ကေလးမ်ားအတြက္ မုန္႔မ်ားကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၈)ရက္ေန႔က သြားေရာက္လွဴဒါန္းေပးၿပီး စိမ္းလဲ႔ေတာင္တန္း ပရဟိတအဖဲြ႕မွ ဆရာဝန္မ်ားက ေဆးကုသေပးျခင္း၊ သံခ်ေဆးတုိက္ေကၽြးျခင္းတို႔ကိုလည္း လုပ္ေဆာင္ ခဲ့ၾကေၾကာင္း သိရသည္။

“အခုသြားရတဲ့ ရြာေတြမွာကေတာ့ သြားလာေရးက ခက္ခဲ၊ စီးပြားေရးက မေကာင္းေတာ့ ေဆးရံု ေဆးခန္းလည္း မသြားႏုိင္ၾကဘူး။ တစ္ကိုယ္ေရသန္႔ရွင္းမႈ နည္းေတာ့ ဝဲယားနာေပါတယ္။ သံေကာင္ေတြ ရိွတယ္။ ေတာင္ေပၚေဒသအမ်ားစုမွာ ေတြ႔ရတဲ့ အစာအိမ္ေရာဂါေပါ့။ သူတို႔က ေတာင္ယာဆန္ပဲစားရေတာ့ ဆန္က အရမ္းမာတယ္ေလ။ ငရုတ္သီး စားတာမ်ားတယ္။ ကေလး (၂)ႏွစ္၊ (၃)ႏွစ္ေလာက္ဆိုရင္ကို ငရုတ္သီးေတာ္ေတာ္စားေနၿပီ။ နားျပည္ယိုတာေတြဆို အေတာ္ဆိုးတယ္။ သူတုိ႔ဆို ဒီတုိင္းထားတယ္။ တစ္ခ်ိဳ႕ဆို နားႏွစ္ဖက္လံုးျဖစ္တယ္။ ကေလးတစ္ေယာက္ဆို တစ္ႏွစ္ေလာက္ရိွၿပီတဲ့”ဟု စိမ္းလဲ႔ေတာင္တန္း ပရဟိတအဖဲြ႕မွ ေဒါက္တာ နန္းမားလားဝမ္းက ေျပာသည္။

အဆိုပါ ေက်းရြာမ်ားမွာ က်ိဳင္းတံုၿမိဳ႕ႏွင့္ မေဝးေသာ္လည္း လမ္းေဖါက္လုပ္ထားျခင္း မရိွသျဖင့္ လမ္းပန္းဆက္သြယ္ေရး ခက္ခဲၿပီး ေတာင္ေပၚတြင္ သီးျခားေက်းရြာအျဖစ္ ရိွေနၾကသျဖင့္ ပညာေရး၊ က်န္းမာေရးႏွင့္ အေျခခံလူေနထုိင္မႈအတြက္ လိုအပ္သည့္ပစၥည္းမ်ား ရရိွရန္ခက္ခဲေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ယူသြားတာေတြက လူႀကီးေတြအတြက္ေတာ့ လံုေလာက္သေလာက္ရိွေပမဲ့ ကေလးေတြအတြက္ေတာ့ လိုအပ္တာေတြရိွတယ္။ သူတို႔ေဒသက လူသြားလမ္းကိုပဲ ဆိုင္ကယ္သြားလို႔ရေအာင္ လုပ္ထားတာ။ လုိအပ္တာကေတာ့ လမ္းပန္းဆက္သြယ္ေရး၊ ေရေလွာင္ကန္ေတြလည္း လုပ္ေပးဖို႔လိုမယ္။ ေနာက္ အသိပညာေပးေတြ လိုမယ္။ အခုဆို တစ္ရြာလံုးမွာ အိမ္သာက တစ္လံုးပဲရိွတာ။ စာသင္ေက်ာင္းလည္း မရိွဘူး။ က်န္းမာေရးကေတာ့ ပင္းေတာက္အုပ္စုက ဆရာမက တစ္ႏွစ္ကို (၃)ႀကိမ္ေလာက္ သြားေပးတယ္ေပါ့။ အဲဒီဆရာမေျပာတာကေတာ့ လူသူအေရာက္အေပါက္နည္းေတာ့ အရင္ကဆို သူစိမ္းဝင္ရင္ ေၾကာက္ၾကတယ္တဲ့။ ေနာက္ပိုင္းမွ အဲဒီဆရာမက လက္ေဆာင္ေလးေတြယူသြား သူတုိ႔ဆီသြားနဲ႔မွ ရင္းႏွီးသြားတာလုိ႔ေျပာတယ္။ ကေလးေတြ အတြက္ဆို အဝတ္အစားေတြ၊ ဖိနပ္ေတြ အေျခခံလူေနထုိင္မႈဆုိင္ရာပစၥည္းေတြ လုိအပ္ပါတယ္”ဟု သြားေရာက္လွဴဒါန္းခဲ့သည့္ ကိုေနဇာ (Tachileik Only Biker) က ေျပာသည္။

အဲန္တုိင္းရင္းသားမ်ားေနထုိင္သည့္ ေတာင္ေျခေက်းရြာမ်ားတြင္ အလည္အပတ္ေရာက္ရိွသူမ်ား လာေရာက္ၾကေလ့ ရိွေသာ္လည္း ေတာင္ေပၚရြာမ်ားမွာ သြားလာရခက္ခဲသျဖင့္ လည္ပတ္သူနည္းေၾကာင္း သိရသည္။

အဆိုပါ ေက်းရြာမ်ားသို႔ သြားေရာက္လွဴဒါန္းလိုသူမ်ား အေနျဖင့္ သြားေရာက္ရန္အခက္အခဲရိွပါက စိမ္းလဲ႔ေတာင္တန္း ပရဟိတအဖဲြ႕မွ ေဒါက္တာ နန္းမားလားဝမ္း ဖုန္း 09 428211376 ႏွင့္ ကိုေနဇာ (Tachileik Only Biker) တို႔ကို ဆက္သြယ္ အကူအညီေတာင္းခံႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Tachileik Only Biker



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ လူနည်းစုဌာနေ တိုင်းရင်းသားများဖြစ်သည့် အဲန်တိုင်းရင်းသားများ နေထိုင်ရာ ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စုရှိ ဝမ်နောင်၊ တင်ထပ်နှင့် ဝမ်ခါးကျေးရွာတို့တွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ အကူအညီလိုအပ်နေသဖြင့် ဒေသတွင်းမှ သွားရောက်ကူညီပေးနပြေီး လိုအပ်မှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။

“အချိန်အရ ရွာနှစ်ရွာပဲ ရောက်ခဲ့တယ်။ ဝမ်ခါးရွာတော့ မရောက်ခဲ့ဘူး လူကြီးအဝတ်အစားပိုတဲ့ အထည် (၁၀၀)လောက်ပဲ ပို့လို်က်ရတယ်။ ဝမ်နောင်နဲ့ တင်ထပ်ရွာမှာတော့ ကလေး၊ လူကြီးအဝတ်အစားတွေ အကုန်ရတယ်။ ကလေးတွေက ထင်တာထက်ကို များနေတာပေါ့။ ယူသွားတာကတော့ အားလုံး လှူလိုက်ကြတဲ့ အဝတ်အစားတွေရယ် တာချီလိတ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(ဦးစိုင်းလုံစံခတ်) လှူလိုက်တဲ့ ဖိနပ်တွေရယ် ပစ္စည်းတွေ အတော်များပါတယ်။ ကလေးတွေက မနှစ်ကထက်ကို များလာတော့ ကလေးတွေအတွက်လည်း လိုအပ်နေတယ်။ ဖြစ်နိုင်ရင် အဲဒီရွာတွေကို ဒီထက်ပိုပြီး အလှူရှင်တွေ ရောက်စေချင်ပါတယ်”ဟု သွားရောက်လှူဒါန်းခဲ့သည့် စိမ်းလဲ့တောင်တန်း ပရဟိတအဖွဲ့မှ ဒေါက်တာ နန်းမားလားဝမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အဆိုပါ တောင်ပေါ်ကျေးရွာ (၃)ရွာတွင် ဆောင်းရာသီအတွင်း အနွေးထည် လိုအပ်ချက်အရ ကျိုင်းတုံမြို့မှ စိမ်းလဲ့တောင်တန်း ပရဟိတအဖွဲ့နှင့် တာချီလိတ်မြို့မှ Tachileik Only Biker တို့ ပါဝင်သည့် (၁၀)ဦးအဖွဲ့က အထက(တာချီလိတ်) ကျောင်းသား ကျောင်းသူဟောင်းများနှင့် ကျိုင်းတုံမြို့မှ လှူဒါန်းသည့် အနွေးထည်များ၊ ဖိနပ်များ၊ ကလေးများအတွက် မုန့်များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့က သွားရောက်လှူဒါန်းပေးပြီး စိမ်းလဲ့တောင်တန်း ပရဟိတအဖွဲ့မှ ဆရာဝန်များက ဆေးကုသပေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းတို့ကိုလည်း လုပ်ဆောင် ခဲ့ကြကြောင်း သိရသည်။

“အခုသွားရတဲ့ ရွာတွေမှာကတော့ သွားလာရေးက ခက်ခဲ၊ စီးပွားရေးက မကောင်းတော့ ဆေးရုံ ဆေးခန်းလည်း မသွားနိုင်ကြဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတော့ ဝဲယားနာပေါတယ်။ သံကောင်တွေ ရှိတယ်။ တောင်ပေါ်ဒေသအများစုမှာ တွေ့ရတဲ့ အစာအိမ်ရောဂါပေါ့။ သူတို့က တောင်ယာဆန်ပဲစားရတော့ ဆန်က အရမ်းမာတယ်လေ။ ငရုတ်သီး စားတာများတယ်။ ကလေး (၂)နှစ်၊ (၃)နှစ်လောက်ဆိုရင်ကို ငရုတ်သီးတော်တော်စားနပြေီ။ နားပြည်ယိုတာတွေဆို အတော်ဆိုးတယ်။ သူတို့ဆို ဒီတိုင်းထားတယ်။ တစ်ချို့ဆို နားနှစ်ဖက်လုံးဖြစ်တယ်။ ကလေးတစ်ယောက်ဆို တစ်နှစ်လောက်ရှိပြီတဲ့”ဟု စိမ်းလဲ့တောင်တန်း ပရဟိတအဖွဲ့မှ ဒေါက်တာ နန်းမားလားဝမ်းက ပြောသည်။

အဆိုပါ ကျေးရွာများမှာ ကျိုင်းတုံမြို့နှင့် မဝေးသော်လည်း လမ်းဖောက်လုပ်ထားခြင်း မရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး တောင်ပေါ်တွင် သီးခြားကျေးရွာအဖြစ် ရှိနကြေသဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံလူနေထိုင်မှုအတွက် လိုအပ်သည့်ပစ္စည်းများ ရရှိရန်ခက်ခဲနကြခြေင်းဖြစ်ကြောင်း သိရသည်။

“ယူသွားတာတွေက လူကြီးတွေအတွက်တော့ လုံလောက်သလောက်ရှိပေမဲ့ ကလေးတွေအတွက်တော့ လိုအပ်တာတွေရှိတယ်။ သူတို့ဒေသက လူသွားလမ်းကိုပဲ ဆိုင်ကယ်သွားလို့ရအောင် လုပ်ထားတာ။ လိုအပ်တာကတော့ လမ်းပန်းဆက်သွယ်ရေး၊ ရေလှောင်ကန်တွေလည်း လုပ်ပေးဖို့လိုမယ်။ နောက် အသိပညာပေးတွေ လိုမယ်။ အခုဆို တစ်ရွာလုံးမှာ အိမ်သာက တစ်လုံးပဲရှိတာ။ စာသင်ကျောင်းလည်း မရှိဘူး။ ကျန်းမာရေးကတော့ ပင်းတောက်အုပ်စုက ဆရာမက တစ်နှစ်ကို (၃)ကြိမ်လောက် သွားပေးတယ်ပေါ့။ အဲဒီဆရာမပြောတာကတော့ လူသူအရောက်အပေါက်နည်းတော့ အရင်ကဆို သူစိမ်းဝင်ရင် ကြောက်ကြတယ်တဲ့။ နောက်ပိုင်းမှ အဲဒီဆရာမက လက်ဆောင်လေးတွေယူသွား သူတို့ဆီသွားနဲ့မှ ရင်းနှီးသွားတာလို့ပြောတယ်။ ကလေးတွေ အတွက်ဆို အဝတ်အစားတွေ၊ ဖိနပ်တွေ အခြေခံလူနေထိုင်မှုဆိုင်ရာပစ္စည်းတွေ လိုအပ်ပါတယ်”ဟု သွားရောက်လှူဒါန်းခဲ့သည့် ကိုနေဇာ (Tachileik Only Biker) က ပြောသည်။

အဲန်တိုင်းရင်းသားများနေထိုင်သည့် တောင်ခြေကျေးရွာများတွင် အလည်အပတ်ရောက်ရှိသူများ လာရောက်ကြလေ့ ရှိသော်လည်း တောင်ပေါ်ရွာများမှာ သွားလာရခက်ခဲသဖြင့် လည်ပတ်သူနည်းကြောင်း သိရသည်။

အဆိုပါ ကျေးရွာများသို့ သွားရောက်လှူဒါန်းလိုသူများ အနဖြေင့် သွားရောက်ရန်အခက်အခဲရှိပါက စိမ်းလဲ့တောင်တန်း ပရဟိတအဖွဲ့မှ ဒေါက်တာ နန်းမားလားဝမ်း ဖုန်း 09 428211376 နှင့် ကိုနေဇာ (Tachileik Only Biker) တို့ကို ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Tachileik Only Biker

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~