ရေပူစစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာလအတွင်း (၉)ကြိမ်မြောက် ဖမ်းဆီးရမိမှုအဖြစ် မူဆယ်သို့ သယ်လာသည့် ကျောက်စိမ်းများ ဖမ်းမိ

ရေပူစစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာလအတွင်း (၉)ကြိမ်မြောက် ဖမ်းဆီးရမိမှုအဖြစ် မူဆယ်သို့ သယ်လာသည့် ကျောက်စိမ်းများ ဖမ်းမိ
ဒီဇငျဘာ 14, 2018
By Tachileik News Agency


ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့က မူဆယ်ဘက်သို့ သစ်များ တရားမဝင် သယ်ဆောင်လာသည့် Toyota Crown မော်တော်ယာဉ်တစ်စီး၊  ဒီဇင်ဘာလ (၈)ရက်နေ့တွင် မူဆယ်ဘက်သို့ ကျောက်စိမ်းများသယ်လာသည့် ဆုလာဘ်ရွှင် Express ယာဉ်တစ်စီးနှင့် တရားမဝင်သစ်သယ်လာသည့် (၆)ဘီးယာဉ်တစ်စီး၊ ဒီဇင်ဘာလ (၁၀)ရက်နေ့က ကျောက်စိမ်းဖြတ်စများသယ်လာသည့် ရွှေပြည့်စုံ Express ယာဉ်တစ်စီး၊  ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် သစ်တင်လာသည့် ရတနာထွန်း Express ယာဉ်တစ်စီး၊ ကျောက်စိမ်းများတင်လာသည့် Mitsubishi Pajero မော်တော်ယာဉ်(၂)စီး၊ Light Truck ယာဉ်ဖြင့် သယ်လာသည့် ကျောက်စိမ်းဖြတ်စ တို့ကို ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများရှိနေပြီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာန ပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနေခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် မူဆယ်ဘက်သို့ တရားမဝင် သယ်လာသည့် ကျောက်စိမ်းများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီး ရမိသဖြင့် ရေပူစခန်း၌ အကောက်ခွန်အဖွဲ့က ဒီဇင်ဘာလအတွင်း (၉)ကြိမ်မြောက် ဖမ်းဆီး ရမိမှုဖြစ်ကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရေပူစစ်ဆေးရေးစခန်းတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်နေ့ နေ့လယ်(၁)နာရီအချိန်၌ မူဆယ်ဘက်သို့ တရားမဝင် သယ်လာသည့် ကျောက်စိမ်းများကို Nissan AD Van၏ အောက်ကြမ်းခင်းနှင့် ရှေ့နောက်ဘန်ဘာများကြားမှ စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့က မူဆယ်ဘက်သို့ သစ်များ တရားမဝင် သယ်ဆောင်လာသည့် Toyota Crown မော်တော်ယာဉ်တစ်စီး၊ ဒီဇင်ဘာလ (၈)ရက်နေ့တွင် မူဆယ်ဘက်သို့ ကျောက်စိမ်းများသယ်လာသည့် ဆုလာဘ်ရွှင် Express ယာဉ်တစ်စီးနှင့် တရားမဝင်သစ်သယ်လာသည့် (၆)ဘီးယာဉ်တစ်စီး၊ ဒီဇင်ဘာလ (၁၀)ရက်နေ့က ကျောက်စိမ်းဖြတ်စများသယ်လာသည့် ရွှပြေည့်စုံ Express ယာဉ်တစ်စီး၊ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် သစ်တင်လာသည့် ရတနာထွန်း Express ယာဉ်တစ်စီး၊ ကျောက်စိ်မ်းများတင်လာသည့် Mitsubishi Pajero မော်တော်ယာဉ်(၂)စီး၊ Light Truck ယာဉ်ဖြင့် သယ်လာသည့် ကျောက်စိမ်းဖြတ်စ တို့ကို ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ အကောက်ခွန်လှုပ်ရှား စစ်ဆေးအဖွဲ့သည် ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်တွင် မန္တလေးမြို့ ပြည်ကြီးမျက်ရှင်ကားဝန်းရှိ အဝေးပြေးယာဉ်လိုင်းတစ်ခုမှ မော်တော်ယာဉ်တစ်စီးအား ဝင်ရောက် စစ်ဆေးရာ အကောက်ခွန်မဆောင်ဘဲ တင်သွင်းလာသည့် လက်ကိုင်ဖုန်းမျိုးစုံကို Express ယာဉ်၏ ကြမ်းခင်းအတွင်း ဝှက်ထားသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများရှိနပြေီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာန ပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနခြေင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~