ျမန္မာႏိုင္ငံအလွည့္က်အျဖစ္ မူဆယ္၌ က်င္းပမည့္ (၁၇) ႀကိမ္ေျမာက္ ျမန္မာ - တရုတ္ နယ္စပ္ကုန္သြယ္ေရး ကုန္စည္ျပပြဲတြင္ ျမန္မာႏုိင္ငံမွျပခန္း (၁၂၀) ပါဝင္ျပသမည္

ျမန္မာႏိုင္ငံအလွည့္က်အျဖစ္ မူဆယ္၌ က်င္းပမည့္ (၁၇) ႀကိမ္ေျမာက္ ျမန္မာ - တရုတ္ နယ္စပ္ကုန္သြယ္ေရး ကုန္စည္ျပပြဲတြင္ ျမန္မာႏုိင္ငံမွျပခန္း (၁၂၀) ပါဝင္ျပသမည္
ဒီဇင်ဘာ 8, 2018
By Tachileik News Agency

ျမန္မာႏုိင္ငံတြင္ အလွည့္က် က်င္းပမည့္ (၁၇) ႀကိမ္ေျမာက္ ျမန္မာ-တရုတ္ နယ္စပ္ကုန္သြယ္ေရး ကုန္စည္ျပပြဲ ကို ျမန္မာ - တရုတ္နယ္စပ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ရိွ မူဆယ္ဗဟိုစီးပြားေရးဇုန္ (မဂၤလာမူဆယ္ေစ်း)တြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၂)ရက္ေန႔မွ (၁၆)ရက္ေန႔အထိ က်င္းပမည္ျဖစ္ၿပီး ျမန္မာဘက္မွ ျပခန္းေပါင္း (၁၂၀) ပါဝင္ျပသမည္ျဖစ္ေၾကာင္း သိရသည္။

“တရုတ္ဘက္က ျပခန္းေပါင္း (၂၆၀)ေလာက္ လ်ာထားေပမဲ့ သူတုိ႔ဘက္ကေန မေန႔ကအထိေတာ့ အတည္ျပဳ မေပးေသးဘဲ။ ၂၀၁၄ ခုႏွစ္မွာ ဒီျမန္မာဘက္မွာ ေနာက္ဆံုးက်င္းပတယ္လုိ႔ ေျပာရမယ္။ ၂၀၁၅ မွာ ေရႊလီဘက္ က်င္းပတယ္။ ၂၀၁၆ မွာ ဒီဘက္မွာတုိက္ပြဲျဖစ္ေတာ့ မက်င္းပျဖစ္ဘူး။ ၂၀၁၇ ခုႏွစ္ ဟိုဘက္မွာ သြားလုပ္တယ္။ ဒီႏွစ္က ျမန္မာဘက္ အလွည့္က် က်င္းပတာေပါ့။ အခုျပခန္းေတြမွာ ရန္ကုန္၊ မႏၱေလးဘက္က ျပခန္းေတြ ပိုမ်ားတယ္။ မေကြးကလည္း လာမယ္။ ေဒသ ထုတ္ကုန္ေတြျဖစ္တဲ့ ေလွ်ာ္ျဖဴတို႔၊ လက္ဖက္ေျခာက္တို႔လို ကုန္စည္ေတြလည္း ျပခန္းပါတယ္။ ဒီႏွစ္ေခါက္ကေတာ့ ျပခန္းတစ္ခန္းကို က်ပ္(၂)သိန္းႏႈန္း သြင္းရပါတယ္။ တရုတ္ေရာ ျမန္မာေရာ အားလံုးအတူတူပါပဲ”ဟု ေမာေရႊလီကုန္သြယ္ေရးဌာန တာဝန္ခံ ခြန္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ျပပြဲကို မူဆယ္ဗဟိုစီးပြားေရးဇုန္ (မဂၤလာမူဆယ္ေစ်း) အတြင္းရွိလမ္းမ်ားတြင္ (၃) မီတာပတ္လည္ အက်ယ္အ၀န္းရွိ ျပခန္းေပါင္း (၄၀၀) ခန္႔ျဖင့္ တည္ေဆာက္ခင္းက်င္းျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။
“တရုတ္ဘက္က ျပခန္းေပါင္း(၂၀၀)နီးပါးေတာ့ လ်ာထားတယ္ ေျပာတယ္။ ျမန္မာဘက္ကေတာ့ ရန္ကုန္၊ မႏၱေလးအပါအဝင္ တစ္ႏုိင္ငံလံုးက ပါပါတယ္”ဟု မူဆယ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဥကၠာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရႏွင့္ တရုတ္ျပည္သူ႔သမၼတႏိုင္ငံအစိုးရတို႔အၾကား ၁၉၉၇ ခုႏွစ္က ခ်ဳပ္ဆိုခဲ့သည့္ ျမန္မာ - တရုတ္နယ္စပ္ေဒသမ်ား စီမံခန္႔ခြဲေရးႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ သေဘာတူညီမႈစာခ်ဳပ္အရ နယ္စပ္ကုန္စည္ျပပြဲကို ႏွစ္ႏုိင္ငံ အလွည့္က်က်င္းပလာျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Kay kay



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံတွင် အလှည့်ကျ ကျင်းပမည့် (၁၇) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ကို မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာမူဆယ်ဈေး)တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာဘက်မှ ပြခန်းပေါင်း (၁၂၀) ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

“တရုတ်ဘက်က ပြခန်းပေါင်း (၂၆၀)လောက် လျာထားပေမဲ့ သူတို့ဘက်ကနေ မနေ့ကအထိတော့ အတည်ပြု မပေးသေးဘဲ။ ၂၀၁၄ ခုနှစ်မှာ ဒီမြန်မာဘက်မှာ နောက်ဆုံးကျင်းပတယ်လို့ ပြောရမယ်။ ၂၀၁၅ မှာ ရွှေလီဘက် ကျင်းပတယ်။ ၂၀၁၆ မှာ ဒီဘက်မှာတိုက်ပွဲဖြစ်တော့ မကျင်းပဖြစ်ဘူး။ ၂၀၁၇ ခုနှစ် ဟိုဘက်မှာ သွားလုပ်တယ်။ ဒီနှစ်က မြန်မာဘက် အလှည့်ကျ ကျင်းပတာပေါ့။ အခုပြခန်းတွေမှာ ရန်ကုန်၊ မန္တလေးဘက်က ပြခန်းတွေ ပိုများတယ်။ မကွေးကလည်း လာမယ်။ ဒေသ ထုတ်ကုန်တွဖြေစ်တဲ့ လျှော်ဖြူတို့၊ လက်ဖက်ခြောက်တို့လို ကုန်စည်တွေလည်း ပြခန်းပါတယ်။ ဒီနှစ်ခေါက်ကတော့ ပြခန်းတစ်ခန်းကို ကျပ်(၂)သိန်းနှုန်း သွင်းရပါတယ်။ တရုတ်ရော မြန်မာရော အားလုံးအတူတူပါပဲ”ဟု မောရွှေလီကုန်သွယ်ရေးဌာန တာဝန်ခံ ခွန်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပြပွဲကို မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာမူဆယ်ဈေး) အတွင်းရှိလမ်းများတွင် (၃) မီတာပတ်လည် အကျယ်အဝန်းရှိ ပြခန်းပေါင်း (၄၀၀) ခန့်ဖြင့် တည်ဆောက်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
“တရုတ်ဘက်က ပြခန်းပေါင်း(၂၀၀)နီးပါးတော့ လျာထားတယ် ပြောတယ်။ မြန်မာဘက်ကတော့ ရန်ကုန်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးက ပါပါတယ်”ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့အကြား ၁၉၉၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် မြန်မာ - တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ်အရ နယ်စပ်ကုန်စည်ပြပွဲကို နှစ်နိုင်ငံ အလှည့်ကျကျင်းပလာခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Kay kay

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~