မူဆယ္ၿမိဳ႕တြင္ အမိႈက္ပံု၌ေပါက္ကြဲမႈျဖစ္၍ ကေလး(၁)ဦးေသ၊ (၁)ဦး ဒဏ္ရာအျပင္းအထန္ရ

မူဆယ္ၿမိဳ႕တြင္ အမိႈက္ပံု၌ေပါက္ကြဲမႈျဖစ္၍ ကေလး(၁)ဦးေသ၊ (၁)ဦး ဒဏ္ရာအျပင္းအထန္ရ
နိုဝင်ဘာ 11, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ စြမ္ေစာ္ရပ္ကြက္၊ အမွတ္(၃)လမ္းရိွ အမႈိက္ပံုတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၁) ရက္ေန႔ ေန႔လယ္ပိုင္းက ေပါက္ကြဲမႈျဖစ္ပြား၍ အနီးနားရိွ ကေလးငယ္တစ္ဦး ေသဆံုးသြားၿပီး တစ္ဦး အျပင္းအထန္ဒဏ္ရာရသြားသျဖင့္ မူဆယ္ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

ေပါက္ကြဲမႈျဖစ္ပြားသည့္ အမိႈက္ပံုအနီးတြင္ ေဆာ့ကစားေနသည့္ အသက္(၁၀)ႏွစ္အရြယ္ႏွင့္ (၁၁)ႏွစ္အရြယ္ ေယာက်္ားေလး(၂)ဦး ထိခုိက္ဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

"တစ္ဦးကေတာ့ ဆံုးသြားပါတယ္။ တစ္ဦးက စိုးရိမ္ရဒဏ္ရာေတြနဲ႔ အခုကုသေပးေနတုန္းပဲ ရွိပါေသးတယ္။ ေန႔လယ္ (၂) နာရီဝန္းက်င္ေလာက္က ေဆးရံုကို ေရာက္လာတာပါ " ဟု မူဆယ္ျပည္သူ႔ေဆးရံု မွ တာဝန္က် သူနာျပဳတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ဒဏ္ရာရသြားသည့္ကေလး(၂)ဦးကို မူဆယ္ၿမိဳ႕ရွိ ကရုဏာရွင္လူမႈကူညီေရးအသင္းက ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - က႐ုဏာလူမႈကူညီေရးအသင္း (မူဆယ္)

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်မြို့တွင် အမှိုက်ပုံ၌ပေါက်ကွဲမှုဖြစ်၍ ကလေး(၁)ဦးသေ၊ (၁)ဦး ဒဏ်ရာအပြင်းအထန်ရ
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ အမှတ်(၃)လမ်းရှိ အမှိုက်ပုံတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွား၍ အနီးနားရှိ ကလေးငယ်တစ်ဦး သေဆုံးသွားပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရသွားသဖြင့် မူဆယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် အမှိုက်ပုံအနီးတွင် ဆော့ကစားနေသည့် အသက်(၁၀)နှစ်အရွယ်နှင့် (၁၁)နှစ်အရွယ် ယောကျ်ားလေး(၂)ဦး ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

"တစ်ဦးကတော့ ဆုံးသွားပါတယ်။ တစ်ဦးက စိုးရိမ်ရဒဏ်ရာတွေနဲ့ အခုကုသပေးနေတုန်းပဲ ရှိပါသေးတယ်။ နေ့လယ် (၂) နာရီဝန်းကျင်လောက်က ဆေးရုံကို ရောက်လာတာပါ " ဟု မူဆယ်ပြည်သူ့ဆေးရုံ မှ တာဝန်ကျ သူနာပြုတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒဏ်ရာရသွားသည့်ကလေး(၂)ဦးကို မူဆယ်မြို့ရှိ ကရုဏာရှင်လူမှုကူညီရေးအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ကရုဏာလူမှုကူညီရေးအသင်း (မူဆယ်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~