လိြဳင္ေကာ္ၿမိဳ႕တြင္ ႏႈတ္ခမ္းကြဲ ၊ အာေခါင္ကြဲႏွင့္ မ်က္စိေရာဂါလူနာမ်ားအား အခမဲ့ ခြဲစိတ္ကုသေပးမည္

လိြဳင္ေကာ္ၿမိဳ႕တြင္ ႏႈတ္ခမ္းကြဲ ၊ အာေခါင္ကြဲႏွင့္ မ်က္စိေရာဂါလူနာမ်ားအား အခမဲ့ ခြဲစိတ္ကုသေပးမည္
နိုဝင်ဘာ 15, 2018
By 🌸
ကယားျပည္နယ္တြင္းရွိ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲႏွင့္ မ်က္စိေရာဂါလူနာမ်ားအား ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၅) ရက္ေန႔မွ (၂၉) ရက္ေန႔အထိ လိြဳင္ေကာ္ၿမိဳ႕ ျပည္သူ႕ေဆးရုံႀကီးတြင္ အခမဲ့ခြဲစိတ္ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲလူနာမ်ား၊ မ်က္စိေရာဂါလူနာမ်ား၊ ပလပ္စတစ္ဆာဂ်ရီဆိုင္ရာလူနာမ်ား အထူးသျဖင့္မီးေလာင္ဒဏ္ရာရရွိထားသည့္ လူနာမ်ားအား ဘယ္လ္ဂ်ီယံႏိုင္ငံမွ Dr.Patrick Tonnard ဦးေဆာင္ေသာ ဆရာဝန္အဖြဲ႕မ်ားက လိြဳင္ေကာ္ျပည္သူ႔ေဆးရုံႀကီးတြင္ နံနက္ (၈)နာရီခြဲမွ ညေန (၄)နာရီ ခြဲထိ အခမဲ့ ခြဲစိတ္ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ခုလာၿပီး စာရင္းေပးထားတာ လူဦးေရသုံးရာေက်ာ္ေလာက္ လက္ခံထားပါၿပီ။ စာရင္းမေပးဘဲ လာျပလို႔လည္း ရတယ္။ ဒါေပမဲ့ စာရင္းေပးထားတဲ့သူေတြကိုေတာ့ ဦးစားေပး တုံကင္ေလးေတြ လုပ္ေပးသြားပါမယ္ခင္ဗ်။ (၂၉) ရက္ေန႔အထိက လူနာေတြကို အကုန္ကုမယ္။ (၃၀) ရက္ေန႔ကိုေတာ့ ခြဲစိတ္ၿပီးသား လူနာေတြကိုပဲ ၾကည့္ေပးသြားဖို႔ ရွိပါတယ္။  လာကုမယ့္သူေတြအတြက္ အဆင္ေျပေအာင္ စီစဥ္ေပးသြားမွာပါ “ ဟု တာဝန္ခံဆရာဝန္ ေဒါက္တာျပည့္ၿဖိဳးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကယားျပည္နယ္တြင္းမွ ကုသမႈခံယူလိုသူမ်ားအေနျဖင့္ ျပည္နယ္ကုသေရး ဦးစီးဌာနမွဴးရုံးႏွင့္ သီတဂူတက္လမ္း စကၡဳဒါနေဆးရုံမ်ားသို႔ ေဆးကုသမည့္ ရက္မတိုင္မီ ႀကိဳတင္စာရင္းလာေရာက္ေပးသြင္းႏိုင္ၿပီး ရပ္ေဝးမွ လာေရာက္မည့္ လူနာမ်ားအား သီတဂူေဆးရုံတြင္ တည္းခိုေနထိုင္ ရန္စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အေသးစိတ္သိရိွလိုပါက ျပည္နယ္ကုသေရးဦးစီးဌာနမွဴးရုံး ၀၈၃ - ၂၂၂၄၂၀၄၊ တာဝန္ခံဆရာဝန္ ေဒါက္တာျပည့္ၿဖိဳးေက်ာ္ -၀၉ ၄၅၈၈၃၃၃၄၁ႏွင့္ သီတဂူတက္လမ္းစကၡဳဒါနေဆးရုံ ၀၉ ၇၇၈၈၀၀၀၅၄ တို႔သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။
သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်မြို့တွင် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲနှင့် မျက်စိရောဂါလူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမည်
***************
ကယားပြည်နယ်တွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မျက်စိရောဂါလူနာများအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ၊ မျက်စိရောဂါလူနာများ၊ ပလပ်စတစ်ဆာဂျရီဆိုင်ရာလူနာများ အထူးသဖြင့်မီးလောင်ဒဏ်ရာရရှိထားသည့် လူနာများအား ဘယ်လ်ဂျီယံနိုင်ငံမှ Dr.Patrick Tonnard ဦးဆောင်သော ဆရာဝန်အဖွဲ့များက လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် နံနက် (၈)နာရီခွဲမှ ညနေ (၄)နာရီ ခွဲထိ အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ခုလာပြီး စာရင်းပေးထားတာ လူဦးရေသုံးရာကျော်လောက် လက်ခံထားပါပြီ။ စာရင်းမပေးဘဲ လာပြလို့လည်း ရတယ်။ ဒါပေမဲ့ စာရင်းပေးထားတဲ့သူတွေကိုတော့ ဦးစားပေး တုံကင်လေးတွေ လုပ်ပေးသွားပါမယ်ခင်ဗျ။ (၂၉) ရက်နေ့အထိက လူနာတွေကို အကုန်ကုမယ်။ (၃၀) ရက်နေ့ကိုတော့ ခွဲစိတ်ပြီးသား လူနာတွေကိုပဲ ကြည့်ပေးသွားဖို့ ရှိပါတယ်။  လာကုမယ့်သူတွေအတွက် အဆင်ပြေအောင် စီစဉ်ပေးသွားမှာပါ “ ဟု တာဝန်ခံဆရာဝန် ဒေါက်တာပြည့်ဖြိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယားပြည်နယ်တွင်းမှ ကုသမှုခံယူလိုသူများအနေဖြင့် ပြည်နယ်ကုသရေး ဦးစီးဌာနမှူးရုံးနှင့် သီတဂူတက်လမ်း စက္ခုဒါနဆေးရုံများသို့ ဆေးကုသမည့် ရက်မတိုင်မီ ကြိုတင်စာရင်းလာရောက်ပေးသွင်းနိုင်ပြီး ရပ်ဝေးမှ လာရောက်မည့် လူနာများအား သီတဂူဆေးရုံတွင် တည်းခိုနေထိုင် ရန်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက ပြည်နယ်ကုသရေးဦးစီးဌာနမှူးရုံး ၀၈၃ - ၂၂၂၄၂၀၄၊ တာဝန်ခံဆရာဝန် ဒေါက်တာပြည့်ဖြိုးကျော် -၀၉ ၄၅၈၈၃၃၃၄၁နှင့် သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ ၀၉ ၇၇၈၈၀၀၀၅၄ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~