ေက်ာက္မဲၿမိဳ႕နယ္အတြင္း သံုးဘီးဆိုင္ကယ္မ်ားျဖင့္ တရားမ၀င္ သယ္ေဆာင္လာသည့္ ကြ်ဲမ်ားကို တပ္ေျမခံတပ္မွ ဖမ္းဆီးကာ ရဲတပ္ဖြဲ႔ထံ အပ္ႏွံ

ေက်ာက္မဲၿမိဳ႕နယ္အတြင္း သံုးဘီးဆိုင္ကယ္မ်ားျဖင့္ တရားမ၀င္ သယ္ေဆာင္လာသည့္ ကြ်ဲမ်ားကို တပ္ေျမခံတပ္မွ ဖမ္းဆီးကာ ရဲတပ္ဖြဲ႔ထံ အပ္ႏွံ
နိုဝင်ဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္( ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ေနာင္ပိန္ေက်းရြာဘက္မွ ေက်ာက္မဲၿမိဳ႕ဘက္သို႔ ကၽြဲ(၁၆)ေကာင္ တရားမဝင္သယ္လာသည့္ သံုးဘီးယာဥ္ (၈)စီးကို ေက်ာက္မဲၿမိဳ႕ရိွ နယ္ေျမခံတပ္မေတာ္က ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၂၀)ရက္ေန႔ နံနက္(၂)နာရီတြင္ ဖမ္းဆီးၿပီး ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

"ဖုန္းသတင္းအရ ႀကိဳတင္ေစာင့္ဆိုင္းၿပီး သူတို႔ျဖတ္လာတဲ့အခ်ိန္မွာ တားျမစ္စစ္ေဆးတာပါ။ ကၽြဲဲေတြကို တင္ပို႔ဖို႔ သက္ဆိုင္ရာ ေထာက္ခံခ်က္ေတြ မျပသႏိုင္ဘဲ သီေပါၿမိဳ႕နယ္ ကုန္းစံုေက်းရြာအနီးက ေနရာတစ္ခုကို ပို႔ေဆာင္မွာျဖစ္တယ္လို႔ စစ္ေဆးေတြ႔ရွိရတယ္။ လမ္းေၾကာတစ္ခုလံုးကို ဘယ္လို ေပးေဆာင္ၿပီး ျဖတ္သန္းဖို႔ စီစဥ္ထားတယ္ဆိုတာကိုလည္း စစ္ေဆးေတြ႔ရွိရပါတယ္။ မနက္ပိုင္းမွာပဲ ကၽြဲေတြေရာ၊ ယာဥ္ေတြေရာ၊ ယာဥ္ေမာင္းေတြကိုေရာ ေက်ာက္မဲၿမိဳ႕မရဲစခန္းမွာ အပ္ႏွံထားပါတယ္" ဟု ဖမ္းဆီးေရးအဖြဲ႕ကို ဦးေဆာင္ခဲ့သည့္ စစ္ဘက္ေရးရာလံုၿခံဳေရးတပ္ဖြဲ႔ဝင္က ေျပာသည္။

အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္မွ စစ္ဖက္ေရးရာလံုၿခံဳေရးတပ္ဖြဲ႕၊ အမွတ္(၅)စစ္ဖက္ေရးရာလံုၿခံဳေရးတပ္စု (ေက်ာက္မဲ)၊ အမွတ္(၁)စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္လက္ေအာက္ခံ ကြန္မန္ဒိုတပ္စုတုိ႔က ပူးေပါင္း ဖမ္းဆီးလုိက္ျခင္းျဖစ္ေၾကာင္း  သိရသည္။

ကၽြဲမ်ားကို အခေၾကးေငြယူ၍ သယ္ေဆာင္ေပးသည့္ ေအာင္ေဇာ္ၿဖိဳး၊ စိုင္းေနာင့္လိႈင္၊ ေက်ာ္ဇင္ထြန္း၊ စိုင္းၾကာေအးသိန္း၊ ေအာင္ကိုေထြး၊ စိုင္းေက်ာ္ေထြး၊ သက္ပိုင္ၿဖိဳးႏွင့္ ၿငိမ္းခ်မ္းကိုတုိ႔ကို အမႈဖြင့္ အေရးယူေပးရန္ ေက်ာက္မဲၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း) ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာဘက်မှ ကျောက်မဲမြို့ဘက်သို့ ကျွဲ(၁၆)ကောင် တရားမဝင်သယ်လာသည့် သုံးဘီးယာဉ် (၈)စီးကို ကျောက်မဲမြို့ရှိ နယ်မြေခံတပ်မတော်က ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်(၂)နာရီတွင် ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

"ဖုန်းသတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး သူတို့ဖြတ်လာတဲ့အချိန်မှာ တားမြစ်စစ်ဆေးတာပါ။ ကျွဲတွေကို တင်ပို့ဖို့ သက်ဆိုင်ရာ ထောက်ခံချက်တွေ မပြသနိုင်ဘဲ သီပေါမြို့နယ် ကုန်းစုံကျေးရွာအနီးက နေရာတစ်ခုကို ပို့ဆောင်မှာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရတယ်။ လမ်းကြောတစ်ခုလုံးကို ဘယ်လို ပေးဆောင်ပြီး ဖြတ်သန်းဖို့ စီစဉ်ထားတယ်ဆိုတာကိုလည်း စစ်ဆေးတွေ့ရှိရပါတယ်။ မနက်ပိုင်းမှာပဲ ကျွဲတွေရော၊ ယာဉ်တွေရော၊ ယာဉ်မောင်းတွေကိုရော ကျောက်မဲမြို့မရဲစခန်းမှာ အပ်နှံထားပါတယ်" ဟု ဖမ်းဆီးရေးအဖွဲ့ကို ဦးဆောင်ခဲ့သည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်က ပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ အမှတ်(၅)စစ်ဖက်ရေးရာလုံခြုံရေးတပ်စု (ကျောက်မဲ)၊ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ကွန်မန်ဒိုတပ်စုတို့က ပူးပေါင်း ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျွဲများကို အခကြေးငွေယူ၍ သယ်ဆောင်ပေးသည့် အောင်ဇော်ဖြိုး၊ စိုင်းနောင့်လှိုင်၊ ကျော်ဇင်ထွန်း၊ စိုင်းကြာအေးသိန်း၊ အောင်ကိုထွေး၊ စိုင်းကျော်ထွေး၊ သက်ပိုင်ဖြိုးနှင့် ငြိမ်းချမ်းကိုတို့ကို အမှုဖွင့် အရေးယူပေးရန် ကျောက်မဲမြို့မရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~