ကျောက်မဲမြို့ရှိ နွေဦးတော်လှန်ရေး နံရံပန်းချီများ ဖျက်ဆီးခံရ

ကျောက်မဲမြို့ရှိ နွေဦးတော်လှန်ရေး နံရံပန်းချီများ ဖျက်ဆီးခံရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ရှိ အုတ်နံရံတစ်ခုတွင် လူငယ်များရေးဆွဲထားသော နွေဦးတော်လှန်ရေး နံရံပန်းချီများနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပန်းချီများ ဖျက်ဆီးခံရသည်ကို ယနေ့ မေလ(၇)ရက်နေ့တွင် တွေ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ က စတင်၍ ကျောက်မဲမြို့ရှိ ပင်လုံလမ်းမကြီးပေါ် နှင့် ကျောက်မဲ-မိုးကုတ် လမ်းမပေါ်တွင် လူငယ်များက WE WANT DEMOCRACY စာတန်းများအပါအဝင် ကမ္ဘောဇ(စက်မှုလုပ်ငန်း) နံဘေး အုတ်တံတိုင်း၌ နွေဦးတော်လှန်ရေး ပန်းချီများ ရေးဆွဲထားကြခြင်း ဖြစ်သည်။

လမ်းပေါ်ရှိစာတန်းများကိုလဲ အာဏာသိမ်း စစ်ကောင်စီမှ စစ်သားများက မကြာခဏ လာရောက်ဖျက်ဆီးလေ့ရှိပြီး မေလ (၆)ရက် ညပိုင်းက နံရံပန်းချီများကိုပါ ဆေးဖြင့်သုတ်၍ လာဖျက်ဆီးသွားကြခြင်း ဖြစ်သည်။