တာခ်ီလိတ္ၿမိဳ႕တြင္ ဌာနဆိုင္ရာႏွင့္လူထုပူးေပါင္းၿပီး စတုတၳအႀကိမ္အျဖစ္ ေဆခမ္းရပ္ကြက္တြင္ စုေပါင္းအမိႈက္ေကာက္

တာခ်ီလိတ္ၿမိဳ႕တြင္ ဌာနဆိုင္ရာႏွင့္လူထုပူးေပါင္းၿပီး စတုတၳအႀကိမ္အျဖစ္ ေဆခမ္းရပ္ကြက္တြင္ စုေပါင္းအမိႈက္ေကာက္
မတ် 30, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ စည္းကမ္းမဲ့စြန္႔ပစ္ထားသည့္ အမိႈက္မ်ား ရွင္းလင္းေရးႏွင့္ စနစ္တက်အမိႈက္စြန္႔ပစ္ေရးလႈပ္ရွားမႈအျဖစ္ ဌာနဆုိင္ရာမ်ား၊ လူမႈေရးအဖြဲ႕မ်ားႏွင့္ လူထုပူးေပါင္းပါဝင္သည့္ အပတ္စဥ္ စေနေန႔တုိင္းအမိႈက္ေကာက္အစီအစဥ္ စတုတၳပတ္အျဖစ္ ၂၀၁၉ခုႏွစ္ မတ္လ (၃၀) ရက္ေန႔ နံနက္က ေဆခမ္းရပ္ကြက္တြင္ ေဆာင္ရြက္ၾကသည္။

အဆိုပါ အစီအစဥ္ကို ၂၀၁၉ ခုႏွစ္၊ မတ္လမွ စတင္ေနျခင္းျဖစ္ၿပီး ပထမ (၃) လပတ္တြင္ အမိႈက္စနစ္တက်စြန္႔ပစ္ျခင္းဆုိင္ရာ အသိပညာေပးႏွင့္ စည္းကမ္းမဲ့စြန္႔ပစ္ထားသည့္ အမိႈက္ေကာက္ျခင္းမ်ား ေဆာင္ရြက္မည္ျဖစ္ကာ သန္႔ရွင္းေသာရပ္ကြက္မ်ားကို ေရြးခ်ယ္ၿပီး ဆုေပး၊ဒဏ္ေပးစနစ္ကို က်င့္သံုးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အပတ္စဥ္စေနေန႔တိုင္း အမိႈက္ေကာက္အစီအစဥ္ျဖင့္ ရပ္ကြက္မ်ားအတြင္း အမိႈက္ရွင္းလင္းျခင္းကို မတ္လ (၉) ရက္ေန႔က ၀မ္ေကာင္းရပ္ကြက္၊ မတ္လ (၁၆) ရက္ေန႔က မကာအိုခမ္းရပ္ကြက္၊ မတ္လ (၂၃) ရက္ေန႔တြင္ ရန္ေအာင္ေျမရပ္ကြက္ႏွင့္ မတ္လ (၃၀)ရက္ေန႔တြင္ ေဆခမ္းရပ္ကြက္တို႔တြင္ စုေပါင္းအမိႈက္ေကာက္ခဲ့ျခင္း ျဖစ္သည္။

စုေပါင္းအမိႈက္ေကာက္ျခင္းကို ဧၿပီလ (၆) ရက္ေန႔တြင္ ပုန္းထြန္ရပ္ကြက္၊ ဧၿပီလ (၁၃) ရက္ေန႔တြင္ ၀ိန္းေက်ာက္ရပ္ကြက္၊ ဧၿပီလ (၂၀) ရက္ေန႔တြင္ တာေလာ့ရပ္ကြက္၊ ဧၿပီလ (၂၇) ရက္ေန႔တြင္ မယ္ေခါင္ရပ္ကြက္၊ ေမလ (၄) ရက္ေန႔တြင္ ပါဆတ္ရပ္ကြက္၊ ေမလ (၁၁) ရက္ေန႔တြင္ ဆန္ဆိုင္း(က) ရပ္ကြက္၊ ေမလ (၁၈) ရက္ေန႔တြင္ ပုန္းထြန္ရပ္ကြက္၊ ေမလ (၂၅) ရက္ေန႔တြင္ ဆန္ဆိုင္း(ခ) ရပ္ကြက္တို႔တြင္ အမိႈက္ေကာက္မည္ျဖစ္ရာ အဆိုပါအစီအစဥ္တြင္ ပါဝင္လိုသူမ်ား ပူးေပါင္းပါဝင္ႏုိင္ေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ ရပ္ကြက္မ်ားအတြင္း စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္မႈမ်ားရိွေနၿပီး ေရေျမာင္းမ်ား၊ ေခ်ာင္းမ်ားတြင္ အမိႈက္မ်ားပိတ္ဆို႔သျဖင့္ မိုးရာသီအတြင္း ေရႀကီးေရလွ်ံမႈမ်ားကိုလည္း ႏွစ္စဥ္ႀကံဳေတြ႔ေနရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်များ ရှင်းလင်းရေးနှင့် စနစ်တကျအမှိုက်စွန့်ပစ်ရေးလှုပ်ရှားမှုအဖြစ် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များနှင့် လူထုပူးပေါင်းပါဝင်သည့် အပတ်စဉ် စနေနေ့တိုင်းအမှိုက်ကောက်အစီအစဉ် စတုတ္ထပတ်အဖြစ် ၂၀၁၉ခုနှစ် မတ်လ (၃၀) ရက်နေ့ နံနက်က ဆေခမ်းရပ်ကွက်တွင် ဆောင်ရွက်ကြသည်။

အဆိုပါ အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ မတ်လမှ စတင်နခြေင်းဖြစ်ပြီး ပထမ (၃) လပတ်တွင် အမှိုက်စနစ်တကျစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးနှင့် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကာ သန့်ရှင်းသောရပ်ကွက်များကို ရွေးချယ်ပြီး ဆုပေး၊ဒဏ်ပေးစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

အပတ်စဉ်စနေနေ့တိုင်း အမှိုက်ကောက်အစီအစဉ်ဖြင့် ရပ်ကွက်များအတွင်း အမှိုက်ရှင်းလင်းခြင်းကို မတ်လ (၉) ရက်နေ့က ဝမ်ကောင်းရပ်ကွက်၊ မတ်လ (၁၆) ရက်နေ့က မကာအိုခမ်းရပ်ကွက်၊ မတ်လ (၂၃) ရက်နေ့တွင် ရန်အောင်မြေရပ်ကွက်နှင့် မတ်လ (၃၀)ရက်နေ့တွင် ဆေခမ်းရပ်ကွက်တို့တွင် စုပေါင်းအမှိုက်ကောက်ခဲ့ခြင်း ဖြစ်သည်။

စုပေါင်းအမှိုက်ကောက်ခြင်းကို ဧပြီလ (၆) ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်၊ ဧပြီလ (၁၃) ရက်နေ့တွင် ဝိန်းကျောက်ရပ်ကွက်၊ ဧပြီလ (၂၀) ရက်နေ့တွင် တာလော့ရပ်ကွက်၊ ဧပြီလ (၂၇) ရက်နေ့တွင် မယ်ခေါင်ရပ်ကွက်၊ မေလ (၄) ရက်နေ့တွင် ပါဆတ်ရပ်ကွက်၊ မေလ (၁၁) ရက်နေ့တွင် ဆန်ဆိုင်း(က) ရပ်ကွက်၊ မေလ (၁၈) ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်၊ မေလ (၂၅) ရက်နေ့တွင် ဆန်ဆိုင်း(ခ) ရပ်ကွက်တို့တွင် အမှိုက်ကောက်မည်ဖြစ်ရာ အဆိုပါအစီအစဉ်တွင် ပါဝင်လိုသူများ ပူးပေါင်းပါဝင်နိုင်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ရပ်ကွက်များအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများရှိနပြေီး ရေမြောင်းများ၊ ချောင်းများတွင် အမှိုက်များပိတ်ဆို့သဖြင့် မိုးရာသီအတွင်း ရကြေီးရေလျှံမှုများကိုလည်း နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net