ဖူးလ်ဘရိုက်ပညာသင်ဆု အစီအစဉ်၏ အမေရိကန် - အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆု အောက်တိုဘာလ ၁၉ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ဖူးလ်ဘရိုက်ပညာသင်ဆု အစီအစဉ်၏ အမေရိကန် - အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆု အောက်တိုဘာလ ၁၉ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်
စကျတငျဘာ 22, 2018
By Tachileik News Agency



အဆိုပါ အစီအစဉ်သည် နယ်ပယ်ကဏ္ဍပေါင်းစုံမှ ဘာသာရပ် ဆိုင်ရာပညာရှင်များ သို့မဟုတ် သက်မွေးဝမ်းကြောင်း ဆိုင်ရာ ကျွမ်းကျင်သူများအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် သုတေသန ပြုလုပ်နိုင်စေမည့် အခွင့်အလမ်းတစ်ခုဖြစ်သည့်အပြင် အမေရိကန် - အာဆီယံ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိစေသော အရေးကြီးသည့်အကြောင်းအရာများနှင့်ပတ်သက်သည့် အာဆီယံ အမြင်ရှုထောင့်တစ်ခုကို မိမိတို့နှင့်ပညာရပ်နယ်ပယ်တူသော အမေရိကန်ပညာရှင်များနှင့် ကျွမ်းကျင်သူများကို ပို့ချချက်များ၊ နှီးနှောဖလှယ်ပွဲများနှင့် ဆွေးနွေးပွဲများမှတစ်ဆင့် မျှဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။


Tachileik News Agency
Photo: U.S.-ASEAN


~~~~~~~~⊰❂ unicode ~~~~~~~~



နယ်ပယ်ကဏ္ဍပေါင်းစုံမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ သို့မဟုတ် သက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ အမေရိကန်ပြည်ထောင်စုတွင် သုတေသနပြုလုပ်နိုင်မည့် အမေရိကန်-အာဆီယံ ဧည့်ပညာရှင် ပညာသင်ဆု အစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဖူးလ်ဘရိုက်ပညာသင်ဆု အစီအစဉ်၏ အမေရိကန်-အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆု အစီအစဉ် (Fulbright U.S.-ASEAN Visiting Scholar Program) အကြောင်းနှင့် လျှောက်လွှာတင်ရန် ညွှန်ကြားချက်များကို https://mm.usembassy.gov/education/scholarship-programs/ တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါ အစီအစဉ်သည် နယ်ပယ်ကဏ္ဍပေါင်းစုံမှ ဘာသာရပ် ဆိုင်ရာပညာရှင်များ သို့မဟုတ် သက်မွေးဝမ်းကြောင်း ဆိုင်ရာ ကျွမ်းကျင်သူများအနဖြေင့် အမေရိကန်ပြည်ထောင်စုတွင် သုတေသန ပြုလုပ်နိုင်စေမည့် အခွင့်အလမ်းတစ်ခုဖြစ်သည့်အပြင် အမေရိကန် - အာဆီယံ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိစေသော အရေးကြီးသည့်အကြောင်းအရာများနှင့်ပတ်သက်သည့် အာဆီယံ အမြင်ရှုထောင့်တစ်ခုကို မိမိတို့နှင့်ပညာရပ်နယ်ပယ်တူသော အမေရိကန်ပညာရှင်များနှင့် ကျွမ်းကျင်သူများကို ပို့ချချက်များ၊ နှီးနှောဖလှယ်ပွဲများနှင့် ဆွေးနွေးပွဲများမှတစ်ဆင့် မျှဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုအား တက္ကသိုလ်ဆရာ၊ ဆရာမများ၊ အစိုးရဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍ သို့မဟုတ် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကျွမ်းကျင်သူပညာရှင်များအားလုံး လျှောက်ထားနိုင်ကြောင်း သိရသည်။

Tachileik News Agency
Photo: U.S.-ASEAN

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~