တာခ်ီလိတ္ခရိုင္အတြင္း ၂၀၁၈ တကၠသိုလ္၀င္တန္းတြင္ ဂုဏ္ထူးရေက်ာင္းသား/သူမ်ားအနက္ ျမန္မာစာဂုဏ္ထူးရရွိသည့္ ေက်ာင္းသူ(၂)ဦး ႏွင့္ ျမန္မာစာသင္ ဆရာမ(၂)ဦး တိ႔ုအား ဂုဏ္ျပဳခ်ီးျမႇင့္

တာခ်ီလိတ္ခရိုင္အတြင္း ၂၀၁၈ တကၠသိုလ္၀င္တန္းတြင္ ဂုဏ္ထူးရေက်ာင္းသား/သူမ်ားအနက္ ျမန္မာစာဂုဏ္ထူးရရွိသည့္ ေက်ာင္းသူ(၂)ဦး ႏွင့္ ျမန္မာစာသင္ ဆရာမ(၂)ဦး တိ႔ုအား ဂုဏ္ျပဳခ်ီးျမႇင့္
ဇွန် 23, 2018
By Tachileik News Agency

၂၀၁၇ -၂၀၁၈ တကၠသုိလ္၀င္တန္းစာေမးပဲြတြင္ တာခ်ီလိတ္ခရုိင္အတြင္း ျမန္မာစာဂုဏ္ထူးရွင္ ေက်ာင္းသူ ႏွစ္ဦး ထြက္ေပၚခဲ့သည့္ အတြက္ တာခ်ီလိတ္ၿမဳိ႕နယ္စာေရးဆရာအသင္းမွ ႀကီးမွဴးကာ  အလွဴရွင္မ်ားျဖင့္ စုေပါင္း၍ ဂုဏ္ျပဳခ်ီးျမႇင့္ပြဲကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၃)ရက္ေန႔ နံနက္က တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ၾကသည္။

အဆိုပါ အခမ္းအနားအား က်င္းပျပဳလုပ္ျခင္း ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က "ခရုိင္အတြင္း ယခုႏွစ္တကၠသုိလ္၀င္တန္းစာေမးပဲြ၌    ေအာင္ျမင္သူ စုစုေပါင္း(၂၄၅)ဦး ရွိပါေၾကာင္း၊ ဘာသာရပ္ အလုိက္ ဂုဏ္ထူးျဖင့္ ေအာင္ျမင္သူ (၃၈)ဦးရွိရာ  ျမန္မာစာဂုဏ္ထူးျဖင့္ ေအာင္ျမင္သူမွာ ႏွစ္ဦးသာရွိေၾကာင္း၊ ျမန္မာစာဘာသာရပ္ကုိ ဂုဏ္ထူးျဖင့္ ေအာင္ျမင္မႈမွာ ႏွစ္စဥ္ နည္းပါးမႈရွိေၾကာင္း၊ ထုိ႔အတြက္ အနာဂတ္ မ်ဳိးဆက္သစ္ ေက်ာင္းသားလူငယ္မ်ား ျမန္မာစာေပကုိ ျမတ္ႏုိးေလးစား တန္ဖုိးထားၿပီး၊ ျမန္မာစာေပ ယဥ္ေက်းမႈ အဆင့္အတန္း ျမင့္မား တုိးတက္ေစေရးႏွင့္ စနစ္တက် ေရရွည္ ထိန္းသိမ္းေစာင့္ေရွာက္ႏုိင္ရန္ က်င္းပျခင္းျဖစ္ပါေၾကာင္း အခမ္းအနား၏ အဖြင့္အမွာစကားတြင္ ထည့္သြင္းေျပာၾကားသြားသည္။

၂၀၁၇ -၂၀၁၈ တကၠသုိလ္၀င္တန္းစာေမးပဲြတြင္ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)မွ ေျဖဆိုခဲ့သည့္ မစုရီထြန္းက ျမန္မာစာ၊ သခ်ၤာ၊ ဓာတုေဗဒ၊ ဇီ၀ေဗဒ ျဖင့္ လည္းေကာင္း၊ အေျခခံပညာ အထက္တန္းေက်ာင္း(မုိင္းျဖတ္)မွ ေျဖဆိုခဲ့သည့္ မၿဖိဳးသီရိေက်ာ္က ျမန္မာစာ၊ ေဘာဂေဗဒျဖင့္ လည္းေကာင္း ဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ ေက်ာင္းသူႏွစ္ဦးျဖစ္သည့္ မစုရီထြန္း ႏွင့္ မၿဖဳိးသီရိေက်ာ္တို႔ ႏွစ္ဦးအား စစ္ဗ်ဴဟာမွဴးႏွင့္ ဌာနဆုိင္ရာအႀကီးအကဲမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား စုစုေပါင္း (၁၄)ဦး အပါအ၀င္ အသင္းအဖြဲ႔မ်ားျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕နယ္စာေရးဆရာအသင္း၊ ရွမ္းျပည္နယ္ေရွ႕ေနမ်ားအသင္း(တာခ်ီလိတ္)၊ သံလြင္သစၥာဥပေဒအေထာက္အကူျပဳအဖြ႔ဲတို႔မွ စုေပါင္း ဂုဏ္ျပဳေငြမ်ားခ်ီးျမႇင့္ရာ တစ္ဦးလွ်င္ က်ပ္(၁၂)သိန္းေက်ာ္စီ ရရွိသြားေၾကာင္း သိရသည္။

ဆက္လက္၍ ျမန္မာစာဘာသာရပ္တြင္ ဂုဏ္ထူးရရွိေအာင္ သင္ၾကားေပးခဲ့သည့္ အထက(တာခ်ီလိတ္)မွ ဆရာမေဒၚသူဇာတင္ ႏွင့္ အထက(မိုင္းျဖတ္)မွ ဆရာမေဒၚရီရီေဌးတို႔ ႏွစ္ဦးအား ၿမဳိ႕မၿမဳိ႕ဖမ်ားျဖစ္သည့္  ဦးျမင့္ဦး(မုတ္ဆိတ္) ႏွင့္ ဦးထြန္းေနဦးတုိ႔က  တစ္ဦးလွ်င္ ေငြက်ပ္ ႏွစ္သိန္းစီဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဂုဏ္ျပဳပြဲအခမ္းအနားသို႔  စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္မွ  စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ခရုိင္စီမံခန္႔ခဲြမႈေကာ္မတီ ဥကၠ႒၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္ႏွင့္ ခရိုင္အဆင့္ဌာန ဆိုင္ရာမ်ား၊ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ တာခ်ီလိတ္ၿမဳိ႕နယ္စာေရးဆရာအသင္းမွ အလုပ္အမႈေဆာင္ အဖြဲ႔၀င္မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္လုပ္ငန္းရွင္ အလွဴရွင္မ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ေ၀ယံလင္း
ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္



~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ -၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တာချီလိတ်ခရိုင်အတွင်း မြန်မာစာဂုဏ်ထူးရှင် ကျောင်းသူ နှစ်ဦး ထွက်ပေါ်ခဲ့သည့် အတွက် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူးကာ အလှူရှင်များဖြင့် စုပေါင်း၍ ဂုဏ်ပြုချီးမြှင့်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့ နံနက်က တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားအား ကျင်းပပြုလုပ်ခြင်း နှင့် ပတ်သက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က "ခရိုင်အတွင်း ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အောင်မြင်သူ စုစုပေါင်း(၂၄၅)ဦး ရှိပါကြောင်း၊ ဘာသာရပ် အလိုက် ဂုဏ်ထူးဖြင့် အောင်မြင်သူ (၃၈)ဦးရှိရာ မြန်မာစာဂုဏ်ထူးဖြင့် အောင်မြင်သူမှာ နှစ်ဦးသာရှိကြောင်း၊ မြန်မာစာဘာသာရပ်ကို ဂုဏ်ထူးဖြင့် အောင်မြင်မှုမှာ နှစ်စဉ် နည်းပါးမှုရှိကြောင်း၊ ထို့အတွက် အနာဂတ် မျိုးဆက်သစ် ကျောင်းသားလူငယ်များ မြန်မာစာပေကို မြတ်နိုးလေးစား တန်ဖိုးထားပြီး၊ မြန်မာစာပေ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မား တိုးတက်စေရေးနှင့် စနစ်တကျ ရေရှည် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကျင်းပခြင်းဖြစ်ပါကြောင်း အခမ်းအနား၏ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။

၂၀၁၇ -၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ဖြေဆိုခဲ့သည့် မစုရီထွန်းက မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဖြင့် လည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(မိုင်းဖြတ်)မှ ဖြေဆိုခဲ့သည့် မဖြိုးသီရိကျော်က မြန်မာစာ၊ ဘောဂဗေဒဖြင့် လည်းကောင်း ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသူနှစ်ဦးဖြစ်သည့် မစုရီထွန်း နှင့် မဖြိုးသီရိကျော်တို့ နှစ်ဦးအား စစ်ဗျူဟာမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၄)ဦး အပါအဝင် အသင်းအဖွဲ့များဖြစ်သည့် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၊ ရှမ်းပြည်နယ်ရှေ့နေများအသင်း(တာချီလိတ်)၊ သံလွင်သစ္စာဥပဒေအထောက်အကူပြုအဖွဲ့တို့မှ စုပေါင်း ဂုဏ်ပြုငွေများချီးမြှင့်ရာ တစ်ဦးလျှင် ကျပ်(၁၂)သိန်းကျော်စီ ရရှိသွားကြောင်း သိရသည်။

ဆက်လက်၍ မြန်မာစာဘာသာရပ်တွင် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် အထက(တာချီလိတ်)မှ ဆရာမဒေါ်သူဇာတင် နှင့် အထက(မိုင်းဖြတ်)မှ ဆရာမဒေါ်ရီရီဌေးတို့ နှစ်ဦးအား မြို့မမြို့ဖများဖြစ်သည့် ဦးမြင့်ဦး(မုတ်ဆိတ်) နှင့် ဦးထွန်းနေဦးတို့က တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းစီဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်လုပ်ငန်းရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~